ညောင်လေးပင်မြို့နယ်နှင့်ဇီးကုန်းမြို့နယ်များတွင် ကြက်ခြေနီက ကိုဗစ် ၁၉ရောဂါကာကွယ်ရေး ပါဝင်ဆောင်ရွက်လျက်ရှိ

  17/ Nov/ 2020

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၁၇ရက်နေ့က ညောင်လေးပင်မြို့၊ကားဂိတ်နှင့်စျေးရှေ့မှ ဖြတ်သန်းသွားလာကြသူများအား ညောင်လေးပင်မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကိုဗစ်၁၉ရောဂါကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကြည်နေထိုင်ရမည့်အချက်များ၊ ဗဟုသုတမျှဝေပေးခဲ့ပြီး နှာခေါင်းစည်း၊ လက်သန့်စင်ဆေးရည်များမျှဝေပေးခြင်းတို့ကို ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့ပြင် ဇီးကုန်းမြို့နယ်မှကြက်ခြေနီစေတနာလုပ်အားရှင်များသည် နိုဝင်ဘာလ ၁၇ ရက်နေ့က တိုက်ကြီးမြို့နယ်နှင့် သာယာဝတီမြို့နယ် မီးနင်းချောင်းဂိတ်မှ ပိုးတွေ့လူနာ၂ဦးအား မေတ္တာရှင်နာရေး ကူညီမှု အသင်းမှလာရောက်ပို့ဆောင်ခဲ့ရာ ဇီးကုန်းမြို့အဝင်ဂိတ်မှတစ်ဆင့် ဇီးကုန်းမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြသည်။