ဝက်လက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီအဆက်မပြတ်ဆောင်ရွက်

  30/ Dec/ 2020

ဝက်လက်၊ ဒီဇင်ဘာ ၃၀

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ စည်ပင်သာယာဈေးတွင် နှာခေါင်းစည်းများအခမဲ့ပေးဝေခြင်း၊ ဝက်လက်မြို့အဝင်အထွက်ဂိတ်များတွင် နှာခေါင်းစည်းများ၊ ရေမလိုလက်သန့်ဆေးရည်များ၊ ရေနှင့်အစားအသောက်များ ပေးလှူခြင်း၊ ဝက်လက်မြို့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကူးဆက်ခံထားရသူများအား ထောက်ပံ့ပစ္စည်းများပေးလှူခြင်းတို့ကို ဝက်လက်မြို့နယ်မှ ကြက်‌ခြေနီစေတနာလုပ်အားရှင်များက ဒီဇင်ဘာလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြပါသည်။