🎀🎀 ကိုဗစ်-၁၉ တိုက်ပွဲဝင်ဖို့ သူတို့လာကြပြီ 🎀🎀

  17/ Nov/ 2020

🌺🌺 ရှမ်းပြည်နယ် (တောင်ပိုင်း) မှ ကြက်ခြေနီစေတနာလုပ်အားရှင် ၃၅ ဦးတို့ဟာ ရန်ကုန်မြို့ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့က တောင်ကြီးမြို့နယ်မှ ထွက်ခွာလာခဲ့ကြပါတယ်။

🌺🌺 တောင်ကြီးမြို့နယ်မှထွက်ခွာလာခဲ့ကြတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာတင်ထွန်းအောင်၊ အသင်းခွဲဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါ်လင်းလင်းသက်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းမော်၊ ရန်ကုန်းတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌဦးကျော်မိုးကြည်နှင့် ရန်ကုန်တိုင်းအနောက်ပိုင်းခရိုင်၊ အရှေ့ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်တို့မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက နွေးထွေးစွာကြိုဆိုခဲ့ပြီး နေရာချထားခြင်းတို့ကို စီစဉ်ပေးခဲ့ကြပါတယ်။

🌺🌺 အခုလို မိမိတို့နေရပ်နှင့် အလှမ်းဝေးလှတဲ့နေရာမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းတွေကို လာရောက်ကူညီဆောင်ရွက်ပေးကြတဲ့ ကျွန်ုပ်တို့ရဲ့သူရဲကောင်းကြက်ခြေနီစေတနာလုပ်အားရှင်တွေကို ဂုဏ်ယူစွာဖြင့် လက်ခုပ်တီးပြီးအားပေးလိုက်ကြရအောင်။