ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA)တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် အားဖြည့် ဆန်ပြုတ်ထုပ်များနှင့် T Shirt များ လှူဒါန်း

  25/ May/ 2023

ရန်ကုန်၊ ၂၀၂၃ခုနှစ်၊ မေလ(၂၅)ရက်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA)တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် Gold Power Co.,Ltd က အားဖြည့် ဆန်ပြုတ်ထုပ်များနှင့် T Shirt များကို လာရောက်လှူဒါန်းရာ လှူဒါန်းပွဲကို မေလ(၂၅)ရက်နေ့ နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ကျင်းပခဲ့ရာ အသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့် က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။
ထို့နောက် Gold Power Co.,Ltd မှ မန်နေဂျာဖြစ်သူ ဒေါ်ချစ်ချစ်ဝေက လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး ကျပ် ၇၀၀,၀၀ဝိ/တန်ဖိုးရှိ Gold Power အားဖြည့် ဆန်ပြုတ်ထုပ် ၁,၆၀၀ ထုပ်နှင့် T Shirt ၅၀ ထည်တို့ကို လှူဒါန်းရာ အသင်းဥက္ကဌက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) တိုက်ခတ်ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုး ကူညီပေးကြသော အလှူရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အထူးပင် ကျေးဇူးတင်ရှိပါသည်။