ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် Myanma International Radio နှင့် JPR Family International Co., Ltd တို့က ခေါင်းအုံးနှင့် အလှူငွေများ လှူဒါန်း

  05/ Jun/ 2023

ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၅)ရက်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် Myanmar International Radio နှင့် JPR Family International Co., Ltd တို့က ခေါင်းအုံးနှင့် အလှူငွေများ လာရောက် လှူဒါန်းရာ လှူဒါန်းပွဲ အခမ်းအနားကို ဇွန်လ(၅)ရက်နေ့ နေ့လယ်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး MyanmarInternational Radio မှ ဒေါ်ယဉ်မျိုးအေး က လှူဒါန်းရခြင်း အကြောင်းကို ပြောကြားကာ ငွေသား ကျပ် ၄၈၀,၀၀၀ိ/နှင့် ကျပ် ၅၂၀,၀၀ဝိ/ တန်ဖိုးရှိ ခေါင်းအုံး(၁၀၀)လုံးတို့ကို လှူဒါန်းရာ အသင်းဥက္ကဌက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ထို့အတူ JPR Family International Co., Ltdမှဦးဇော်လတ်မြင့်က အလှူငွေ လှူဒါန်းရခြင်းကို ရှင်းလင်း
ပြောကြားခဲ့ပြီး အလှူငွေ ကျပ်၂,၀၀၀,၀၀ဝိ/ကို လှူဒါန်းရာ အသင်းဥက္ကဌက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အသင်းအချိန်ပြည့်အလုပ်အမှုဆောင်များဖြစ်ကြသော ပါမောက္ခဒေါက်တာဒေါ်မြသူ
နှင့် ပါမောက္ခဒေါက်တာဒေါ်ရီရီတင်၊ အရင်အမြစ်များစုစည်းအသုံးချရေးဌာန ဌာနမှူး ဒေါ်မေစန္ဒာမျိုး၊ MyanmarInternational Radio တာဝန်ရှိသူများနှင့် JPR Family International Co., Ltdမှ ဦးဇော်လတ်မြင့်၏ မိသားစု တက်ရောက်ခဲ့ကြပါသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) တိုက်ခတ်ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုး ကူညီပေးကြသော အလှူရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အထူးပင် ကျေးဇူးတင်ရှိပါသည်။