ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့်ရေအခဲအခက်ရှိသည့်နေရာများအား ကြက်ခြေနီကကူညီ

  06/ Jun/ 2023

ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်ပြီးနောက် သန့်စင်တဲ့သောက်သုံးရေရရှိဖို့က အရမ်းကိုအရေးကြီးလှပါတယ်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းကြောင့် ရေအခက်အခဲရှိတဲ့နေရာတွေကို လက်လှမ်းမီသလောက်သွားရောက်ကာ နေ့စဉ်ရေပေးဝေလျက်ရှိသလို၊ ကောင်းမွန်တဲ့ရေအရင်းမြစ်ရရှိအောင် ကူညီပေးနိုင်ဖို့ အတွက်လည်း ကြိုးစားဆောင်ရွက်လျက်ရှိတယ်။
ကျောက်တော်မြို့နယ်အတွင်း သောက်သုံးရေအခက်အခဲရှိသော မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများအတွက်သန့်စင်သောသောက်သုံးရေပေးဝေနိုင်ဖို့ အသင်းဝန်ထမ်းများနှင့်ကြက်ခြေနီစေတနာလုပ်အားရှင်များက ဇွန်လမှစတင်၍ ကွင်းဆင်းလေ့လာခြင်းများ၊ ရေသန့်စက်တပ်ဆင်လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်နေကြတာပဲဖြစ်ပါတယ်။