ကလေးမွေးဖွားမည့်သူအား ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ကူညီပို့ဆောင်

  11/ May/ 2021

၂၀၂၁ ခုနှစ်၊ မေလ ၁၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်မှ ကလေးမီးဖွားမည့်အမျိုးသမီး (၁) ဦးအား ဆေးကုသမှုခံယူရန်အတွက် ကြက်ခြေနီစေတနာလုပ်အားရှင် (၃) ဦးက ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါတယ်။
ထို့အတူ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော လှည်းကူးမြို့နယ်မှ အမျိုးသမီး ၁ဦးအား ကြက်ခြေနီ‌စေတနာလုပ်အားရှင် (၂) ဦးက ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။