ကြက်ခြေနီမှ 2019-nCoV Acute Respiratory Disease ရောဂါကာကွယ်နှိမ်နင်းရေးသင်တန်းကို ပြည်သူ့ကျန်းမာရေးဉီးစီးဌာနနှင့် ပူးပေါင်း ပြုလုပ်

  14/ Feb/ 2020

မန္တလေး၊ ဖေဖော်ဝါရီ ၁၄

မြန်မာနိုင်ငံကြက်ခြေနီအသင်း မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ကြီးမှူးပြုလုပ်သော 2019-nCoV Acute Respiratory Disease ရောဂါကာကွယ်နှမ်နင်းရေးသင်တန်း (Infection control) ကို မန္တလေးတိုင်းကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ ၁၄ရက်နေ့ မနက်၁၀နာရီကကျင်းပခဲ့သည်။
အဆိုပါသင်တန်းကို မန္တလေးတိုင်းကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာသန်းသန်းမြင့်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မန္တလေးတိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဦးစီးမှူးဉီးသန်းထွန်း၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များတက်ရောက်ခဲ့ကြပြီး မန္တလေးတိုင်းကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာသန်းသန်းမြင့်မှ
အဖွင့်အမှာစကားပြောကြား၍ တိုင်းရောဂါနှိမ်နင်းရေးအဖွဲ့မှ ကူးစက်ရောဂါအကြောင်းသင်တန်းပို့ချပေးခဲ့ပါသည်။