ကြင်နာစိတ်ထားကြက်ခြေနီများလူတိုင်းအပေါ်ကူညီသွား

  19/ May/ 2022

ကြက်ခြေနီစေတနာလုပ်အားရှင်များဟာဆိုရင် ရပ်ရွာလူထုအား အန္တရာယ်ကင်းရှင်းရေးအတွက် လိုအပ်သော အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း များကို ဆောင်ရွက်လျက်ရှိပါတယ်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ ၂၀၂၂ခုနှစ်၊ မေလ(၁၅)ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့ ပေါ့ထော်ကျေးရွာ သို့ ရောက်ရှိခဲ့ကြပြီး ကြက်ခြေနီလှုပ်ရှားမှုအကြောင်း အသိပညာပေးဆွေးနွေးပြောကြားခြင်း၊ ခန္ဓာဗေဒအကြောင်းအား ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ကြပါတယ်။ အဲ့ဒီနောက် ကျေးရွာအတွင်း မိုးရာသီမှာ အဖြစ်များပြီး လိုအပ်လျက်ရှိတဲ့ မြွေကိုက်ဒဏ်ရာပြုစုနည်း၊ အခြေခံအသက်ကယ်အထောက်အကူ ပြုစုနည်းများကို ရှင်းလင်းသရုပ်ပြခြင်းတို့ကို ဘားအံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက သွားရောက်ဆွေးနွေး ကူညီဆောင်ရွက်ခဲ့ပါတယ်။