စလင်းချောင်းရေလျှံမှုကြောင့် ထိခိုက်ခံစားရသည့် ဆင်ဖြူကျွန်းမြို့နယ်ရှိ ဒေသခံပြည်သူများအား အခြေခံအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ကူညီ

  15/ Jun/ 2023

မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဘေးအန္တရာယ်ကျရောက်သူများအား အခြေခံလိုအပ်လျှက်ရှိသော ထောက်ပံ့ပစ္စည်းများကို ကူညီထောက်ပံ့ပေးလျှက်ရှိရာ မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်းမြို့နယ်မှ စလင်းချောင်းရေလျှံမှုကြောင့် ရေဘေးသင့်အိမ်ထောင်စု (၁၄၀) စုအား တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ တာပေါ်လင်စများ၊ စောင်များနှင့် သောက်ရေခွက်များကို မကွေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်ချောခင်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ဇွန်လ (၁၃) ရက်နေ့က သွားရောက်ပေးအပ်ခဲ့သည်။