ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA)တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် မိသားစုတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများနှင့် ခေါက်ဆွဲခြောက်များလှူဒါန်း

  22/ May/ 2023

ရန်ကုန်၊ ၂၀၂၃ခုနှစ်၊ မေလ(၂၂)ရက်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA)တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် မိသားစုတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများနှင့် ခေါက်ဆွဲခြောက်များ လှူဒါန်းပွဲအခမ်းအနားကို မေလ(၂၂)ရက်နေ့ နေ့လည်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် အသင်းဥက္ကဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။
ထို့နောက် Singapore Association of Myanmar မှ President ဖြစ်သူ Mr. Freddy Oh က လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပြီး ကျပ် ၁၀,၀၀၀,၀၀၀ိ/ တန်ဖိုးရှိ မိသားစုတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ (တစ်လစာ) (၂၀၀)စုံ ကို လှူဒါန်းရာ အသင်းဥက္ကဌက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ထို့အတူ Yathar Cho Industry Ltd မှ ကျပ် ၅,၇၉၀,၀၀ဝိ/တန်ဖိုးရှိ Yum Yum ခေါက်ဆွဲခြောက်ထုပ်(၁၈,၀၀၀)ထုပ်ကို Marketing Manager ဦးအောင်မြတ်သူ က လာရောက်လှူဒါန်းရာ အသင်းဥက္ကဌက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ အသင်းအချိန်ပြည့်အလုပ်အမှုဆောင်များ ဖြစ်ကြသော ပါမောက္ခဒေါက်တာဒေါ်မြသူနှင့် ပါမောက္ခ ဒေါက်တာဒေါ်ရီရီတင်၊ အရင်းအမြစ်များ စုစည်းအသုံးချရေးဌာန ဌာနမှူး ဒေါ်မေစန္ဒာမျိုးနှင့် တာဝန်ရှိသူများ၊ Singapore Association of Myanmar မှ တာဝန်ရှိသူများ၊ Yathar Cho Industry Ltdမှ ဦးအောင်မြတ်သူ တို့ တက်ရောက်ခဲ့ကြပါသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုး ကူညီပေးကြသော အလှူရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အထူးပင် ကျေးဇူးတင်ရှိပါသည်။