ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ရခိုင်ပြည်နယ်ရှိ ထိခိုက်ခံစားရသူများအား ကြက်ခြေနီက သောက်သုံးရေများဆက်လက်ဖြန့်ဝေ

  12/ Jun/ 2023

စစ်တွေ၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၁၂)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ဆိုင်ကလုန်းမုန်တိုင်းမိုခါတိုက်ခတ်မှုကြောင့် ထိခိုက်ခံစားရသည့် ရခိုင်ပြည်နယ်အတွင်း သောက်သုံးရေများဖြန့်ဝေခြင်းကို ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။
သောက်သုံးရေဖြန့်ဝေပေးရာတွင် စစ်တွေမြို့နယ်၊ ကျေးတောပိုက်ဆိပ်/ရွာမကျေးရွာသို့ ရေလီတာ(၄,၅၀၀)၊ ပြည်နယ်ကြက်ခြေနီသိုလှောင်ရုံရှေ့ ရေပေးဝေရာတွင် ရေလီတာ(၃,၅၀၀)ဖြင့် စုစုပေါင်းသောက်သုံးရေ လီတာ(၈,၀၀၀)ကို ဖြန့်ဝေပေးခဲ့ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အကူအညီလိုအပ်နေသည့် ယာယီခိုလှုံရာစခန်းများနှင့် ကျေးရွာများမှ ပြည်သူများ‌အတွက် စားနပ်ရိက္ခာများ၊ ရေနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ အမိုးအကာများ ထောက်ပံ့နိုင်ရေးနှင့် အရေးပေါ်ငွေသားထောက်ပံ့နိုင်ပေးနိုင်ရေးတို့ကိုလည်း ဆက်လက်ထောက်ပံ့ကူညီနိုင်ရန် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။