ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ထိခိုက်ခံစားရသည့် ရခိုင်ပြည်နယ်ကျောက်တော်တွင်ကြက်ခြေနီက သောက်သုံးရေစတင်ဖြန့်ဝေ

  12/ Jun/ 2023

ကျောက်တော်၊ ၂၀၂၃ခုနှစ်၊ ဇွန်လ(၁၂)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် ထိခိုက်ခံစားရသည့် ရခိုင်ပြည်နယ်အတွင်း သောက်သုံးရေဖြန့်ဝေခြင်းကို ဝန်ထမ်းများနှင့်ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆောင်ရွက်လျက်ရှိပါသည်။
ကျောက်တော်မြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် သောက်သုံးရေအခက်အခဲဖြင့်ကြုံတွေ့နေ ရသည့် မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများသို့ လိုအပ်သောသောက်သုံး‌ရေများဖြန့်ဝေပေးနိုင်ရန် ရေသန့် စက်တပ်ဆင်ခြင်းလုပ်ငန်းကို ဇွန်လ(၁)ရက်နေ့က ဆောင်ရွက်ခဲ့ရာ ဇွန်လ(၁၁)ရက်နေ့တွင် စတင်ဖြန့်ဝေနိုင်ခဲ့ပါသည်။
သောက်သုံးရေဖြန့်ဝေရာတွင် မြို့ပေါ်ရပ်ကွက်များမှ အိမ်ထောင်စု(၇၁)စုအတွက် ရေလီတာ(၁၄၂၀)အား ကနဦး ပေးဝေနိုင်ခဲ့ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အကူအညီလိုအပ်နေသည့် ယာယီခိုလှုံရာစခန်းများနှင့် ကျေးရွာ များမှ ပြည်သူများ‌အတွက် စားနပ်ရိက္ခာများ၊ ရေနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ အမိုးအကာများ ထောက်ပံ့နိုင်ရေး၊ အရေးပေါ်ငွေသားထောက်ပံ့နိုင်ပေးနိုင်ရေးတို့ကိုလည်း ဆက်လက် ထောက်ပံ့ကူညီနိုင်ရန် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။