ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် တင်ကျန်သော နူံးမြေများကို ကြက်ခြေနီများ စုပေါင်းသန့်ရှင်းရေးပြုလုပ်

  20/ May/ 2023

ဆင်ဖြူကျွန်း၊ ၂၀၂၃ခုနှစ်၊ မေလ (၂၀)ရက်။
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၂၃)ဦးတို့သည် ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုနှင့်အတူ ချောင်းရေများ ဝင်ရောက်မှု‌ကြောင့် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ ကညှပ်ကျေးရွာ ရွာဦးစေတီ ဘုရားဝန်းအတွင်း တင်ကျန်ရစ်သော နူံးမြေများကို မေလ(၂၀)ရက်နေ့တွင် စုပေါင်း သန်ရှင်းရေးပြုလုပ်ပြီး ကူညီခဲ့ကြပါသည်။