ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် The Royal Thai Embassy, The Thai Business Association of Myanmar (TBAM) and AST Express (Thailand) မှ အခြေခံစားသောက် ကုန်များနှင့် အလှူငွေလှူ‌ဒါန်း

  19/ May/ 2023

ရန်ကုန်၊ ၂၀၂၃ခုနှစ်၊ မေလ(၁၉)ရက်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် The Royal Thai Embassy, The Thai Business Association of Myanmar (TBAM) and AST Express (Thailand) မှ အခြေခစားသောက်ကုန်နှင့် အလှူငွေတို့ကို လာရောက်လှူဒါန်းရာ လှူဒါန်းပွဲအခမ်းအနားကို မေလ(၁၉)ရက်နေ့ နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ကျင်းပခဲ့ပါသည်။
လှူဒါန်းပွဲအခမ်းအနားတွင် အသင်း၏ အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်မြသူက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး The Royal Thai Embassy မှ Minister Counsellor Mr. Yordying Supasri နှင့် TBAM မှ President Mr. Nuttaphong တို့က လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ဆန်အိတ် (၂၄)ပြည်ဝင် (၂၀) အိတ်၊ ခေါက်ဆွဲခြောက်ထုပ် (၁,၆၀၀)ထုပ်၊ ခေါက်ဆွဲခြောက်ဘူး (၁၀၀)ဘူး၊ Sanitary Pad (၇၁၀)ထုပ်၊ ငါးသေတ္တာ (၅၀၀) ဘူး၊ CP ကြက်အူချောင်း (၂,၀၀၀)ထုပ်၊ CP ကြက်ဥ (၁၀,၀၅၀) လုံး၊ ရေသန့် (၀.၃၃လီတာ)(၃၀၀) ဘူး တို့အပြင် ငွေသား 3,000 USD နှင့် ၂,၀၀၀,၀၀၀ ကျပ်တို့ကို လှူဒါန်းရာ အသင်းအချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်မြသူက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
အဆိုပါ လှူဒါန်းပွဲ အခမ်းအနားသို့ အသင်းအချိန်ပြည့်အလုပ်အမှုဆောင်များဖြစ်ကြ‌သော ပါမောက္ခဒေါက်တာဒေါ်မြသူနှင့် ပါမောက္ခဒေါက်တာဒေါ်ရီရီတင်၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာထင်ဇော်စိုး၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ The Royal Thai Embassy နှင့် TBAM တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုး ကူညီပေးကြသော အလှူရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အထူးပင်ကျေးဇူးတင်ရှိပါသည်။