ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ပြည်နယ်တိုင်းဒေသကြီးအသီးသီးရှိ ထိခိုက်ခံစားရသူများကို ကြက်ခြေနီက အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ ဆက်လက်ဖြန့်ဝေ

  18/ May/ 2023

ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ မေလ (၁၈) ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် ထိခိုက်ခံစားရသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ ဖြစ်သည့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (တစ်လစာ/တစ်ပတ်စာ)၊ မိသားစုသုံးပစ္စည်း၊ အမျိုးသမီး တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်း နှင့် အိမ်ဆောက်အထောက် အကူပြု ပစ္စည်းနှင့် တာပေါ်လင်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
မေလ (၁၃) ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်ရှိ ပြည်သူများအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (တစ်လစာ) (၈) ပုံး၊ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်း (တစ်ပတ်စာ) (၁၀) အိတ် နှင့် တာပေါ်လင် (၂၈) ချပ်တို့ကို ထောက်ပံ့ပေး အပ်ခဲ့ပါသည်။
ထို့အပြင် မေလ (၁၄) ရက်နေ့နှင့် (၁၆) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးရှိ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ တိုက်ကြီး၊ ကျောက်တန်းနှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်များရှိ ပြည်သူများအတွက် တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်း (တစ်လစာ) (၆၉) ပုံး၊ မိသားစုသုံးပစ္စည်း (၆၉) ပုံး၊ အမျိုးသမီး တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်း (၆၉) အိတ် နှင့် အိမ်ဆောက် အထောက် အကူပြုပစ္စည်း (၂၁) စုံတို့ကိုလည်းကောင်း၊ အလားတူ မေလ (၁၄) ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ဓမင်းဆိပ်ကျေးရွာရှိ ပြည်သူများအတွက် တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်း (တစ်ပတ်စာ) (၁) အိတ် နှင့် တာပေါ်လင် (၂) ချပ် ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
အလားတူ မေလ (၁၇) ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွှေတောင်မြို့နှင့် ရွာသစ်ကြီးကျေးရွာရှိ ပြည်သူများအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (တစ်လစာ) (၄) ပုံး၊ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်း (တစ်ပတ်စာ) (၂၁) အိတ်၊ မိသားစုသုံးပစ္စည်း (၁) ပုံး၊ မီးဖိုချောင်သုံးပစ္စည်း (၁၃) စုံ နှင့် တာပေါ်လင် (၃၇) ချပ် တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
အလားတူ အကူအညီလိုအပ်နေသည့် ယာယီခိုလှုံရာစခန်းများနှင့် ကျေးရွာများမှ ပြည်သူများ‌အတွက် စားနပ်ရိက္ခာများ၊ ရေနှင့် သန့်ရှင်းရေးသုံးပစ္စည်းများ၊ အခြားလိုအပ်သည့်ပစ္စည်းများကို ဆက်လက် ထောက်ပံ့ကူညီနိုင်ရန်လည်း ချိတ်ဆက်ဆောင်ရွက်လျက် ရှိပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး အသင်းသည် အမှီအခိုကင်းစွာဖြင့် ဘက်မလိုက်ပဲ ကြားနေကာ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီများကို ထိခိုက်ခံစားရမှုအရှိဆုံးနှင့် လိုအပ်နေသူများထံ ရောက်ရှိစေရန် အတွက် တတ်စွမ်း သရွေ့ ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။