တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးအသိပညာပေးဆောင်ရွက်

  15/ Jun/ 2023

စစ်တွေ၊ ၂၀၂၃ခုနှစ်၊ ဇွန်လ(၁၄)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ရခိုင်ပြည်နယ်အတွင်း သောက်သုံးရေဖြန့်ဝေပေးခြင်း၊ ပြည်သူလူထု ပဏာမကျန်းမာရေးစောင့်ရှောက်မှုအဖြစ်ရွေ့လျားဆေးခန်းဖြင့်ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
စစ်တွေမြို့နယ်၊ ရွှေပြည်သာရပ်ကွက်တွင် ဇွန်လ(၁၃) ရက်နေ့ ညနေပိုင်းက သောက်သုံးရေဖြန့်ဝေခဲ့ရာ အဆိုပါနေရာသို့ သောက်သုံးရေလာရောက်ယူဆောင်သည့် ရပ်ကွက်နေပြည်သူများအား အသင်းဝန်ထမ်းများနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး သိကောင်းစရာများ အသိပညာပေး ဆောင်ရွက်ခဲ့ကြပါသည်။