တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကြက်ခြေနီများ၏ ကူညီဆောင်ရွက်ပေးမှုများ

  01/ Apr/ 2022

မတ်လအတွင်းမှာ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှာ ကြက်ခြေနီတွေဟာ ရပ်ရွာလူထုအတွက် လူမှုကရုဏာအကူအညီတွေ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိနေပါတယ်။ ဆေးရုံဆေးခန်းတွေမှာ အရေးပေါ်ဆေးကုသမှုခံယူဖို့ လိုအပ်နေသူတွေကို အသင်းပိုင်လူနာတင်ယာဉ်တွေနဲ့ အချိန်မီပို့ဆောင်ကူညီပေးနိုင်ခဲ့ကြပါတယ်။
မတ်လ(၃၀)ရက်နေ့က ထားဝယ်မြို့နယ် ဇလွန်းကျေးရွာမှ ဆေးရုံဆင်းလူနာတစ်ဦးအား မယ်ဒီလန်းဆေးရုံမှ နေအိမ်သို့လည်းကောင်း၊ ရေဖြူမြို့နယ် ပုဂေါဇွန်းကျေးရွာမှ CT screen ရိုက်မည့်လူနာတစ်ဦးအား ထားဝယ်ဆေးရုံကြီးမှ မယ်ဒီလန်းဆေးရုံသို့လည်းကောင်း၊ သရက်ချောင်းမြို့နယ် ဂုံညင်းဆိပ်ကျေးရွာမှ အူအတက်ပေါက်လူနာတစ်ဦးအား နေအိမ်မှ မယ်ဒီလန်းဆေးရုံသို့လည်းကောင်း၊ မတ်လ(၃၁)ရက်နေ့က ရေဖြူမြို့နယ် လဲရှောင်ကျေးရွာမှ COVID ရောဂါပိုးတွေ့လူနာတစ်ဦးအား ထားဝယ်ဆေးရုံကြီး ဖျားနာကုသဆောင်မှ COVID ကုသဆောင်သို့လည်းကောင်း၊ လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာမှ ဆေးရုံဆင်းလူနာတစ်ဦးအား ထားဝယ်ဆေးရုံကြီးမှ နေအိမ်သို့လည်းကောင်း၊ ထားဝယ်မြို့နယ် တလိုင်းမရပ် မှ သတိလစ်လူနာတစ်ဦးအား ရှေးဦးပြုစုပေးပြိး ထားဝယ်ဆေးရုံကြီးသို့လည်းကောင်း၊ လောင်းလုံးမြို့နယ် မင်းရပ်ကျေးရွာမှ သွေးအန်လူနာတစ်ဦးအား နေအိမ်မှ မယ်ဒီလန်းဆေးရုံသို့လည်းကောင်း အသီးသီးပို့ဆောင်ကူညီပေးခဲ့ကြပါတယ်။