နေပြည်တော်တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲ ကျင်းပ

  07/ Apr/ 2022

နေပြည်တော်၊ မတ်လ (၁၁)ရက်။
၂၀၂၂ခုနှစ်၊ မတ်လ (၁၁)ရက်နေ့က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ် ခေါမရွာတွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲအခမ်းအနားကို လူမှုကရုဏာရှင်ပရဟိတအသင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။
အခမ်းအနားသို့ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးအောင်ချို၊ ဒုတိယဥက္ကဌ ဒေါ်ဖြူဖြူမြင့်နှင့် တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီမှတာဝန်ရှိသူများ၊ ဥတ္တရခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါ်ယမင်းအေးနှင့် ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှတာဝန်ရှိသူများ၊ ဇေယျာသီရိမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဌေးလှိုင်နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးအောင်ချိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ထူးချွန်စွာအောင်မြင်ခဲ့ကြသော သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပါသည်။
အဆိုပါ သင်တန်းကို မတ်လ(၈)ရက်နေ့မှ (၁၀)ရက်နေ့အထိ (၃)ရက်တာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သူ (၃၀)ဦးတက်ရောက်ခဲ့ကြပါသည်။