နေရပ်ပြန်ပြည်သူများအား ကြက်ခြေနီမှ ကူညီ

  10/ May/ 2021

၂၀၂၁ ခုနှစ်၊ မေလ ၁၀ ရက်နေ့က မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ပြန်လည်ဝင်ရောက်လာသော နေရပ်ပြန်ပြည်သူများအား Covid – 19 ရောဂါကာကွယ်ရေးလုပ်ငန်းများ‌ဆောင်ရွက်‌ပေးခြင်း၊ စိတ်ပိုင်း/လူမှုပိုင်းဆိုင်ရာအားပေးကူညီခြင်း၊ အစားအစာများဝေငှခြင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာနမှပံ့ပိုးပေးသည့် အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်းများအားထောက်ပံ့ပေးခြင်းနှင့် သက်ဆိုင်ရာနေရပ်အသီးသီးသို့ပြန်လည်ထွက်ခွာလိုသူများအား ခရီးလမ်းညွှန်ပေးခြင်းတို့ကို တာချီလိတ်မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်ခဲ့ကြပါသည်။