မင်းဘူးတွင် မီးလောင်မှုကြောင့် ထိခိုက်ခံစားရသောအိမ်ထောင်စုများအား ကြက်ခြေနီက ကူညီထောက်ပံ့

  15/ Mar/ 2022

ရပ်ရွာလူထုထိခိုက်ခံစားရတဲ့အချိန်တိုင်းမှာ ကြက်ခြေနီတွေက အကောင်းဆုံးဖြည့်ဆည်းကူညီပေးနေကြပါတယ်။ လူမှုကရုဏာလိုအပ်နေတဲ့ မည်သည့်နေရာကိုမဆို ကျွန်ုပ်တို့ရောက်အောင်သွားပြီးဖြည့်ဆည်းပံ့ပိုးပေးနေမှာပါ။
မတ်လ(၁၁)ရက်နေ့က မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကိုင်းမကြီးရွာမှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် အိမ်ထောင်စု(၇၂)စုမီးဘေးသင့်ခဲ့ရပြီး အိုးအိမ်ဆုံးရှုံးခဲ့ရပါသည်။ မတ်လ(၁၄)ရက်နေ့မှာတော့ မကွေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီက တာဝန်ရှိသူတွေနဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေသွားရောက်ကာ စိတ်ပိုင်းဆိုင်ရာအားပေးကူညီပေးခဲ့ကြပြီး အရေးပေါ်လိုအပ်တဲ့အသုံးအဆောင်တွေအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၇၂)စုံ၊ အိမ်ဆောက်အထောက်အကူပြုပစ္စည်း(၇၂)စုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁၀၂)စုံ၊ စောင်(၇၂)ထည်၊ တာပေါ်လင်(၇၂)စ၊ ခြင်ထောင်(၇၂)လုံး၊ ကြိုးခွေ(၇၂)ကြိုး၊ ခြင်ထောင် (၆၁)လုံး သွားရောက်ထောက်ပံ့ပေးခဲ့ကြပါတယ်။
ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းတွေဟာ အခြေခံမူ(၇)ချက်နဲ့အညီ ဆောင်ရွက်ရတာဖြစ်ပြီး ဆောင်ရွက်ပေးကြသူတွေရဲ့ အကျိုးအမြတ်ဆန္ဒအလျဉ်းမရှိတဲ့ စေတနာ့ဝန်ထမ်းလှုပ်ရှားမှုများလည်းဖြစ်ပါတယ်။