မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် အရင်းအမြစ်စုစည်းအသုံးချရေး နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲတက်ရောက်

  11/ Feb/ 2022

ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာနမှ ပြုလုပ်သော အရင်းအမြစ်စုစည်းအသုံးချရေး နှစ်ပတ်လည်သုံးသပ်ခြင်းအစည်းအဝေးဖွင့်ပွဲကို ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့က Online ဖြင့် ပြုလုပ်ခဲ့ရာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် အသင်းဥက္ကဌက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အစည်းအဝေးကို ဆက်လက်ပြုလုပ်ခဲ့ရာ အရင်းအမြစ်စုစည်းအသုံးချရေးဌာန၏ လုပ်ငန်းပြီးမြောက်မှုနှင့် စိန်ခေါ်မှုများအား ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ပြီး ဌာနအသီးသီးနှင့် ပူးပေါင်း၍ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာများအား ရေးဆွဲခဲ့ကြပါသည်။
အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို အသင်းဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အလုပ်အမှုဆောင်များ၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ ညွှန်ကြားရေးမှူးများနှင့် ဌာနမှူးများ တက်ရောက်ခဲ့ပါသည်။