မွန်ပြည်နယ်တွင် မြို့နယ်များ၌ ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် လူနာများကို ကူညီပြီး ဆေးရုံပို့ဆောင်‌ပေးလျက်ရှိ

  11/ May/ 2021

၂၀၂၁ခုနှစ်၊ မေလ (၁၁)ရက်နေ့ ညပိုင်းက မွန်ပြည်နယ် ကျိုက်မ‌‌ေရာမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၃)ဦးသည် သွေးလွန်တုပ်ကွေးရောဂါဖြစ်သော ကလေးငယ်တစ်ဦးကို မော်လမြိုင်ဆေးရုံသို့ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ လူနာတင်ယာဉ်ဖြင့် ကူညီပြီး ပို့ပေးခဲ့ပါတယ်။
ထို့အတူ မေလ(၁၂)ရက်နေ့ နံနက်အ‌ေစာပိုင်းတွင်လည်း ကျိုက္ခမီကြက်ခြေနီအသင်းခွဲငယ်မှကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးသည် အူကျလူနာတစ်ဦးကို ဆေးရုံသို့ပို့ပေးခဲ့ပါတယ်။
ထို့နောက်သတိလစ်မေ့မြောနေသောအမျိုးသမီးလူနာတစ်ဦးကို ရှေးဦးပြုစုပေးပြီး ကျိုက္ခမီဆေးရုံ မှ သံဖြူဇရပ်ဆေးရုံသို့ ကြက်ခြေနီလူနာတင်ယာဉ်နဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။