ရေလွှမ်းခံရသောအိမ်ထောင်စုများသို့ အစားအစာနှင့် ရေသန့်များထောက်ပံ့ကူညီ

  19/ May/ 2023

ဆင်ဖြူကျွန်း၊ ၂၀၂၃ ခုနှစ်၊ မေလ (၁၉) ရက်။
ဆင်ဖြူကျွန်းမြို့ကြက်ခြေနီအသင်းခွဲငယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက မေလ (၁၇) ရက်နေ့က မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်းမြို့မှ ပန်းတောကြီး၊ ပန်းတောလေး၊ ရှာတော၊ ညောင်ကုန်းကျေးရွာများသို့ အလှူရှင်များလှူဒါန်းသော ရေသန့်ဘူးကြီး (၁၀၀) ဘူးကို သွားရောက် ကူညီပေးဝေခဲ့ပါသည်။ ထို့အပြင် ကျေးရွာအတွင်း မတော်တဆထိခိုက်ဒါဏ်ရာရသူများအား ရှေးဦးပြုစုပေးခဲ့သည်။
အလားတူ မေလ (၁၈) ရက်နေ့ကလည်း ဆင်ဖြူကျွန်းမြို့၊ စလင်းချောင်းဘေးရှိ ရေလွှမ်းခံရသောနေအိမ်များအား တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများနှင့် အလှူရှင်များပေးဝေသော ထမင်းထုပ်များကို သွားရောက်ကူညီပေးဝေခဲ့ပါသည်။