လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ

  29/ Mar/ 2021

၂၀၂၁ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ် (၅၅) ရပ်ကွက်တွင် ထိခိုက်ဒဏ်ရာရရှိသူ (၃)ဦးအား မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက အရေးပေါ် ရှေးဦးပြုစုပေးခဲ့ပြီး ဆေးရုံသို့ ပို့‌ဆောင်ပေးခဲ့ပါသည်။
အဆိုပါ‌ မတ်လ(၂၉)ရက်‌နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင် ဦးရန်အောင်မျိုးနှင့် အရှေ့ပိုင်းခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးခင်သန်းတို့က အသင်းမှ ပံ့ပိုးသည့် ရှေးဦးပြုစုပေးရာတွင် လိုအပ်မည့် ဆေးပစ္စည်းများကို ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် သဃင်္န်းကျွန်းမြို့နယ်တို့မှ ကြက်‌ခြေနီစေတနာလုပ်အားရှင် တပ်ဖွဲ့ဝင်များအား အရေးပေါ်အခြေအနေများတွင် ထိခိုက်ဒဏ်ရာရသူများအား အချိန်နှင့် တပြေးညီ ကူညီစောင့်ရှောက်ပေးနိုင်ရန် ထောက်ပံ့ပေးခဲ့ကြသည်။