သတိလစ်လဲကျသည့် အမျိုးသားတစ်ဦးကို ကြက်ခြေနီက ရှေးဦးပြုစုပြီး ဆေးရုံသို့ ပို့ပေး

  10/ May/ 2021

၂၀၂၁ခုနှစ်၊ မေလ(၁၀)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက် စျေးရှေ့၌ နှာခေါင်းသွေးယိုစီးပြီးသတိလစ်လဲကျသွားသည့် အမျိုးသားတစ်ဦးကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရှေးဦးပြုစုပေးပြီး ကြက်ခြေနီလူနာတင်ယာဥ်ဖြင့် ဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့ပါတယ်။