အရိုးကျိုးသည့် အဖွားအိုအား ကြက်ခြေနီက ဆေးရုံသို့ ကူညီပို့ဆောင်

  12/ May/ 2021

၂၀၂၁ခုနှစ်၊ မေလ(၁၂)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်မှ အရိုးကျိုးသည့် အဖွားအို တစ်ဦးအား ဆေးရုံသို့ သွားရန်အကူအညီ တောင်းလာသဖြင့် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များ သွားရောက်ခဲ့ပြီး အသင်းခွဲမှ ကြက်ခြေနီလူနာတင်ယာဥ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ကူညီ ပေးခဲ့ပါတယ်။