အသင်းဥက္ကဋ္ဌပါမောက္ခဒေါက်တာမျိုးညွန့် ဧရာဝတီတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် ပြုလုပ်သည့် လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးသင်တန်းဖွင့်ပွဲသို့ တက်ရောက်

  16/ Jan/ 2024

ရန်ကုန်၊ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၁၆)ရက်။
 
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်သော ဧရာဝတီတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် ပြုလုပ်သည့် လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးသင်တန်းဖွင့်ပွဲကို ဇန်နဝါရီလ(၁၆)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့် တက်ရောက်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲတွင် အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်က အမှာစကားပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ Head of Delegation Ms. Nadia Khoury က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲသို့ အသင်းဥက္ကဌနှင့်အတူ အချိန်ပြည့်အလုပ်အမှုဆောင်များဖြစ်ကြသော ပါမောက္ခဒေါက်တာဒေါ်မြသူနှင့် ပါမောက္ခဒေါက်တာဒေါ်ရီရီတင်၊ အချိန်ပိုင်းအလုပ်အမှုဆောင် ဦးကျော်မိုးကြည်၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာထင်ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့်၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနှင့် နော်ဝေနိုင်ငံကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများ၊ အသင်းဌာနချုပ်မှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဌာနမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ပါသည်။
ဇန်နဝါရီလ(၁၆)ရက်နေ့မှ ဇန်နဝါရီလ(၁၈)ရက်နေ့အထိ (၃)ရက်တာ ပြုလုပ်လျက်ရှိသော အဆိုပါသင်တန်းသို့ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂၀)ဦး တက်ရောက်လျက်ရှိပါသည်။
ပြောင်းလဲလာသည့် ခေတ်စနစ်နဲ့အညီ အသင်း၏ ပြန်ကြားဆက်သွယ်ရေး အခန်း ကဏ္ဍနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ အရည်အသွေး မြှင့်တင်စေရန်၊ နိုင်ငံတစ်ဝန်း ဆောင်ရွက်လျက်ရှိသည့် လူမှုကရုဏာလုပ်ငန်းများကို အပြုသဘော ဆောင်သော ပြန်ကြားဆက်သွယ်ရေး အခန်းကဏ္ဍ တိုးမြှင့်စေရန်၊ ကြက်ခြေနီပုံရိပ်ကောင်းများရရှိစေရန်အတွက်အသင်းဌာနချုပ်နှင့် မြို့နယ်အဆင့်၊ ခရိုင်အဆင့်နှင့် ပြည်နယ်/တိုင်းဒေသကြီး အဆင့်များအကြား အချင်းချင်း ချိတ်ဆက်ကာ ပြန်ကြားဆက်သွယ်ရေး လုပ်ငန်းများကို ပီပြင်စွာ ဆောင်ရွက်နိုင်စေရန်၊အပြုသဘောဆောင်သည့် သတင်းအချက်အလက်များကို ပြန်ကြားဆက်သွယ်ခြင်းဖြင့် အလှူရှင်များ၊ အသင်းဝင်များ တိုးပွားလာစေရန်နှင့် ပူးပေါင်း ပါဝင်လာစေရန် ပြန်ကြားဆက်သွယ်ရေးနည်းလမ်းများမှတဆင့် တစ်ဖက် တစ်လမ်းမှပံ့ပိုးကူညီနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါသည်။
လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးသင်တန်းကိုမွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် ဖွင့်လှစ်ခဲ့ပြီး ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက်လည်း ဆက်လက် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။