အသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့် နီပေါနိုင်ငံတွင် ကျင်းပသည့် Dialogue Platform on Anticipatory Humanitarian Action အစည်းအဝေးသို့ တက်ရောက်

  16/ Jun/ 2023

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်သည် အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာ ဒေါ်ရီရီတင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသီတာဝင်းနှင့် အဖွဲ့ဝင်(၂)ဦး တို့နှင့်အတူ  နီပေါနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၁၃)ရက်နေ့မှ ဇွန်လ(၁၅)ရက်နေ့အထိ ကျင်းပခဲ့သော Dialogue  Platform on Anticipatory Humanitarian Action အစည်းအဝေးသို့တက်ရောက်ခဲ့ပါသည်။

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ဒုတိယညွှန်ကြားရေးမှူးက “Anticipation for heatwaves in urban areas”ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး အစည်းအဝေး၏ Side Meeting တွင် အသင်းဥက္ကဌနှင့် အချိန်ပြည့်အလုပ်အမှုဆောင်တို့သည် IFRC မှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်နေသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ တုန့်ပြန်ဆောင်ရွက်ရေးလုပ်ငန်းများကိုတက်ကြွစွာဆွေးနွေးခဲ့ပါသည်။

အဆိုပါ Side Meeting သို့ အသင်းဥက္ကဌ ၊ အချိန်ပိုင်း အလုပ်အမှုဆောင်နှင့်အတူ  နီပေါနိုင်ငံ Head of IFRC country office ဖြစ်သူ Mr. Azmat Ulla ၊ External Relations and Liaison Manager (Country Delegation Nepal) ဖြစ်သူ Mr. Krishna Kumar K.C ၊ Country coordinator (Swiss Red Cross, Nepal)ဖြစ်သူ Mr. Kamal Baral ၊ Health Program Manager (Canadian Red Cross, Nepal) ဖြစ်သူ Mr.Ramesh Neupane တို့လည်း တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးကာလအတွင်း အသင်းဥက္ကဌနှင့် အဖွဲ့သည် Nepal Red Cross အတွင်းရှိ Nepal Blood Bankကိုလည်းကြည့်ရှုလေ့လာခဲ့ပါသည်။