06/ Jun/ 2023

ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့်ရေအခဲအခက်ရှိသည့်နေရာများအား ကြက်ခြေနီကကူညီ

ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်ပြီးနောက် သန့်စင်တဲ့သောက်သုံးရေရရှိဖို့က အရမ်းကိုအရေးကြီးလှပါတယ်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းကြောင့် ရေအခက်အခဲရှိတဲ့နေရာတွေကို လက်လှမ်းမီသလောက်သွားရောက်ကာ နေ့စဉ်ရေပေးဝေလျက်ရှိသလို၊ ကောင်းမွန်တဲ့ရေအရင်းမြစ်ရရှိအောင် ကူညီပေးနိုင်ဖို့ အတွက်လည်း ကြိုးစားဆောင်ရွက်လျက်ရှိတယ်။ ကျောက်တော်မြို့နယ်အတွင်း သောက်သုံးရေအခက်အခဲရှိသော မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများအတွက်သန့်စင်သောသောက်သုံးရေပေးဝေနိုင်ဖို့ အသင်းဝန်ထမ်းများနှင့်ကြက်ခြေနီစေတနာလုပ်အားရှင်များက ဇွန်လမှစတင်၍ ကွင်းဆင်းလေ့လာခြင်းများ၊ ရေသန့်စက်တပ်ဆင်လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်နေကြတာပဲဖြစ်ပါတယ်။ [gallery display="grid" targetsize="wcstandard" link="file" columns="2" size="wcstandard" ids="15455,15454,15453,15446,15447,15448,15449,15450,15445,15444"]

Read More

  08/ Jun/ 2022

ထိခိုက်ဒဏ်ရာရရှိသူများအား ကြက်ခြေနီအရေးပေါ်လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ပို့ဆောင်ပေး

လသာ၊ ဇွန်လ (၈)ရက်။
၂၀၂၂ခုနှစ်၊ ဇွန်လ (၇)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်မှ ပေါင်ရိုးကျိုးဝေဒနာရှင် လူနာအမျိုးသားတစ်ဦးအား လသာမြို့နယ်ကြက်‌ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက အသင်းခွဲပိုင် ကြက်ခြေနီအရေးပေါ်လူနာတင်ယာဉ်ဖြင့် အရိုးရောဂါအထူးကုဆေးရုံ (ကြည့်မြင်တိုင်) သို့ ရက်ချိန်းပြသရန်အတွက် ပို့ဆောင်ကူညီပေးခဲ့ပါသည်။

Read More

  30/ Jan/ 2022

ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူအား (၁၀၅)မိုင် ကြက်ခြေနီမှ ရှေးဦးပြုစုပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ မိုင်းယု(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ရှေ့ ပြည်ထောင်စုကားလမ်းမကြီးဘေးတွင် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့က ယာဉ်မတော်တဆဖြစ်ကာ အမျိုးသားတစ်ဦးသည် ဦးခေါင်းပိုင်းနှင့်ခါးအောက်ပိုင်းတွင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သဖြင့် မိုင်းယု(၁၀၅)မိုင် ကြက်ခြေနီအသင်းရုံးအား ဖုန်းဖြင့်ဆက်သွယ်အကူအညီတောင်းခံလာရာ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရှေးဦးပြုစုပေးပြီး အချိန်မီဆေးကုသနိုင်ရေးအတွက် မူဆယ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့သည်။

Read More

  23/ Jan/ 2022

လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ

ရပ်ရွာလူထု အကူအညီလိုအပ်တဲ့အခါတိုင်း နိုင်ငံတဝန်းက ကြက်ခြေနီစေတနာလုပ်အားရှင်တွေက လိုအပ်ချက်တွေဖြည့်ဆည်းပေးဖို့အသင့်ရှိနေကြမှာပါ။ မီးဘေး၊ရေဘေး စတဲ့ သဘာဝဘေးအန္တရာယ်အခြေအနေတွေကြောင့် အိုးအိမ်စည်းစိမ်ဆုံးရှုံးရချိန်တွေမှာလည်း အတတ်နိုင်ဆုံးဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးပမ်းအားထုတ်ကြပြီး ရောဂါကပ်ဆိုးတွေကြောင့် စောင့်ရှောက်ကူညီမှုလိုအပ်နေတဲ့အခါတွေမှာလည်း ကျွန်ုပ်တို့အမြဲအတူရှိနေကြမှာပါ။

Read More

  17/ May/ 2021

လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ

ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ် ကုန်ဈေးတန်းလမ်း (အလယ်ဘလောက်) မှာ ဒီကနေ့ မေလ ၁၆ ရက် မနက် ၁၁ နာရီ‌ ကျော်ခန့်က မီးလောင်မှုဖြစ်ပွါးခဲ့ရာ ကြက်ခြေနီစေတနာလုပ်အားရှင်များမှ ထိခိုက်ဒဏ်ရာရသူများကို ရှေးဦးပြစုခြင်းနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။  

Read More

  17/ May/ 2021

မရပ်မနားရှေ့ဆက်သွားကြက်ခြေနီရဲ့စုပေါင်းအား

လူမှုဒုက္ခများ လျော့ပါးသက်သာစေဖို့ ကြက်ခြေနီက သင်တို့နှင့်အတူ အမြဲရှိနေမှာပါ။ ခက်ခဲကြမ်းတမ်းတဲ့နေ့ရက်တွေမှာ အတူရှိနေပေးခဲ့တဲ့အတွက် ကြက်ခြေနီစေတနာလုပ်အားရှင်များကို ကျေးဇူးတင်ပါတယ်။

Read More

  16/ May/ 2021

မရပ်မနားရှေ့ဆက်သွားကြက်ခြေနီရဲ့စုပေါင်းအား

မနေ့က သံဖြူဇရပ်မြို့နယ်မှ အရေးပေါ်ဆေးကုသမှုခံယူမည့် အမျိုးသား (၁) ဦးအား မော်လမြိုင်မြို့ဆေးရုံသို့ သံဖြူဇရပ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၂) ဦးက ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ပါတယ်။  

Read More

  16/ May/ 2021

မရပ်မနားရှေ့ဆက်သွားကြက်ခြေနီရဲ့စုပေါင်းအား

မည်သို့သော အခက်အခဲအတားအဆီးတွေကမှ ကြက်ခြေနီတွေရဲ့ လူမှုကရုဏာလုပ်ငန်းတွေကို ရပ်တန့်ပစ်နိုင်မှာမဟုတ်ပါဘူး။ ခက်ခဲကြမ်းတမ်းတဲ့နေ့ရက်တွေမှာ အတူရှိနေပေးခဲ့တဲ့အတွက် ကြက်ခြေနီစေတနာလုပ်အားရှင်များကို ကျေးဇူးတင်ပါတယ်။

Read More

  15/ May/ 2021

ကြက်ခြေနီမှ ဖားကန့် မြေစာပုံပြိုကျမှုဖြစ်စဉ်တွင် ကူညီကယ်ဆယ်ရေးပြုလုပ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မော်ကျေးရွာ ဆန်းရွှင်ကုမ္ပဏီလုပ်ကွက်အတွင်း ၂၀၂၁ ခုနှစ် မေလ ၁၅ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်ခန့်က မြေစာပုံပြိုကျခဲ့ပြီး လက်ကျင်းတူးသူများထိခိုက်ဒဏ်ရာရ ပျောက်ဆုံးလျက်ရှိကြောင်း ကနဦးသိရသည်။
ထိုဖြစ်စဉ်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဖားကန့်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၁၅) ဦးတို့မှ ပရဟိတအသင်းများနှင့် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။

Read More