14/ May/ 2021

မရပ်မနားရှေ့ဆက်သွားကြက်ခြေနီရဲ့စုပေါင်းအား

ခက်ခဲကြမ်းတမ်းတဲ့နေ့တွေမှာတောင် မရပ်မနားဘဲ အကူအညီတွေပေးခဲ့ကြတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေကို ကျေးဇူးတင်ပါတယ်။

Read More

  13/ May/ 2021

မရပ်မနားရှေ့ဆက်သွားကြက်ခြေနီရဲ့စုပေါင်းအား

၂၀၂၁ ခုနှစ်၊ မေလ ၁၃ ရက်နေ့က ဘားအံမြို့နယ်၊ သီရိစျေးရှေ့တွင် ပြုလုပ်သော Mask Campaign တွင် ဘားအံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယတပ်ခွဲမှူး ဒေါ်မိထွန်းလဝန်းနွယ်နှင့် တပ်စုမှူး ဒေါ်နန်းလှလှမိုးတို့က နှာခေါင်းစည်းများ အခမဲ့ပေးဝေခဲ့ကြပါတယ်။

Read More

  13/ May/ 2021

ဝမ်းပျက်ဝမ်းလျောလူနာတစ်ဦးကို ကြက်ခြေနီက ဆေးရုံသို့ ကူညီပို့ဆောင်

၂၀၂၁ခုနှစ်၊မေလ(၁၃)ရက်နေ့ နေ့လည်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်မှ ဝမ်းပျက်ဝမ်းလျော အမျိုးသမီး လူနာတစ်ဦးအား ဆေးရုံသို့ ပို့ဆောင်ရန် အကူအညီ တောင်းခံသဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန်းအောင်မိုးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၃)ဦး သွားရောက်ပြီး ကြက်ခြေနီလူနာတင်ယာဥ်ဖြင့် ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါတယ်။  

Read More

  02/ Sep/ 2020

ဒိုက်ဦးတွင် ကြက်ခြေနီက COVID-19ရောဂါကာကွယ်ရေး အသိပညာပေးဆောင်ရွက်

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၂ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ လူအများသွားလာနိုင်သော နေရာများ၊ ဈေးများ၊ ကားဂိတ်များတွင် COVID-19ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအား နှိုးဆော်ခြင်း၊ နှာခေါင်းစည်းများဖြန့်ဝေပေးခြင်းတို့ကို ဒိုက်ဦးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

Read More