15/ Apr/ 2021
၂၀၂၁ခုနှစ်၊ ဧပြီလ ၁၅ရက် နံနက်၁၀နာရီခွဲခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင်နေထိုင်သူ အဖိုးတစ်ဦး သတိလစ်မေ့မျောသွားသဖြင့် လှိုင်မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက အချိန်မီသွားရောက်ကာ အရေးပေါ်ရှေးဦးပြုစုပေးခဲ့ပြီး လူနာတင်ယာဥ်ဖြင့် အင်းစိန်မြို့နယ်ရှိကွယ်ကဘောဆေးရုံသို့လည်းကောင်း၊ ထိုမှတစ်ဆင့် သက်ဆိုင်ရာလွှဲပြောင်းမှုများဖြင့်ဝိတိုရိယဆေးရုံသို့လည်းကောင်း၊ ပန်းလှိုင်ဆေးရုံသို့လည်းကောင်း အဆင့်ဆင့်ပို့ဆောင်ပေးခဲ့ကြပြီး လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ကြသည်။
15/ Apr/ 2021
၂၀၂၁ခုနှစ်၊ ဧပြီလ(၁၅)ရက်နေ့ နံနက်အစောပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးလမ်း၊ ကြည့်မြင်တိုင်လေဟာပြင်ညဈေးရှိ စိန်ရတနာရုပ်ရှင်ရုံ မီးလောင်မှုဖြစ်ပွားခဲ့ရာ ကြည့်မြင်တိုင် ၊ စမ်းချောင်း၊ လမ်းမတော်၊ အလုံ၊ မရမ်းကုန်း၊ လှိုင်မြို့နယ်များမှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဝင် စေတနာလုပ်အားရှင်များ သည်အကူအညီေပးနိုင်ရန်သွားေရာက်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာရသူများကို ရှေးဦးပြုစုစောင့်ရှောက်မှုပေးခဲ့ကြသည်။
14/ Apr/ 2021

14/ Apr/ 2021
၂၀၂၁ခုနှစ်၊ ဧပြီလ(၁၄)ရက်နေ့က ပြည်ထောင်စုနယ်မြေနေပြည်တော်မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၅)ဦးသည် Mobile First Aid ဆောင်ရွက်နေစဉ် လှေခွင်းတောင်နှင့် ပေါင်းလောင်းဆည်သွားသည့်လမ်း၌ ဆိုင်ကယ်မတော်တဆဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ(၂)ဦးကို တွေ့ရှိရာ ရှေးဦးပြုစုနည်းဖြင့် ပြုစုစောင့်ရှောက်ပေးခဲ့ကြသည်။
14/ Apr/ 2021
၂၀၂၁ခုနှစ်၊ ဧပြီလ(၁၄)ရက်နေ့ ညနေပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အဝေးပြေးလမ်းမ၌ ယာဉ်မေတာ်တဆဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူအား ဒုတိယပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်ကျော်လင်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၅)ဦး တို့သည် ရှေးဦးပြုစုပေးပြီး ဆေးရုံ သို့ အချိန်မီပို့ဆောင်ကူညီပေးခဲ့ကြပါသည်။
14/ Apr/ 2021
14/ Apr/ 2021
13/ Apr/ 2021
၂၀၂၁ခုနှစ် ဧပြီလ(၁၃)ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ် မြောက်နွားခြံကုန်းတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် အိမ်ထောင်စု(၄၀)စု ထိခိုက်ပျက်စီးခဲ့ရသဖြင့် ယနေ့ ဧပြီလ (၁၄)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်ဦးယုတင်၊ အောင်မြေသာစံမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးသောင်းဌေး၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူးဦးတင်မိုးအောင်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ထိခိုက်ခံစားရသော အိမ်ထောင်စုတစ်စုလျှင် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ၊ မီးဖိုချောင်သုံးပစ္စည်း(၁)စုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ၊ စောင်(၁)ထည်၊ ခြင်ထောင်(၁)လုံးစီ တို့ကို အိမ်ထောင်စု (၄၀)စု အတွက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး မီးဘေးသင့်မှုကြောင့် စိတ်ထိခိုက် ခံစားရသည့် ပြည်သူများအားစိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေးကူညီခြင်းများ ပြုလုပ်ပေးခဲ့ကြပါသည်။
13/ Apr/ 2021
