01/ Apr/ 2021

လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ

မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကြောင်းအမျိုးမျိုးကြောင့် ဘေးဒုက္ခခံစားနေရသူများ၊ အကူအညီလိုအပ်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက တတ်စွမ်းသမျှ အကူညီပေးလျှက်ရှိပါတယ်။ အခက်အခဲ အကြပ်အတည်းများကြားတွင် အကူအညီလိုအပ်နေသူများကို အကူအညီများ ပေးအပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြသည့် ကြက်ခြေနီ စေနာလုပ်အားရှင်များကို ကျေးဇူးတင်ပါသည်။

Read More

  01/ Apr/ 2021

ဆိုင်ကယ်မတော်တဆဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူအား ကြက်ခြေနီက အရေးပေါ်ရှေးဦးပြုစုပေး

၂၀၂၁ခုနှစ်၊ ဧပြီလ ၁ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် ဆိုင်ကယ်မတော်တဆဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးအား ကြက်ခြေနီက အရေးပေါ်ရှေးဦးပြုစုပေးခဲ့ကြပြီး ဆေးရုံသို့ညွှန်းပို့ပေးခဲ့ပါသည်။

Read More

  01/ Apr/ 2021

မီးလောင်မှုဖြစ်ပွားရာ၌ ထိခိုက်ဒဏ်ရာရသူများအား ကြက်ခြေနီကရှေးဦးပြုစုပေး

၂၀၂၁ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ နံနက်ပိုင်းကမန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရသောပြည်သူများ၊ မီးသတ်တပ်ဖွဲ့ဝင်များကို ပြည်ကြီးတံခွန်မြို့နယ်နှင့် အမရပူရမြို့နယ်တို့မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရှေးဦးပြုစုစောင့်ရှောက်မှုများ ပေးခဲ့ကြပါသည်။
ထို့အတူ အဆိုပါနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်တွင်မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးငြိမ်းသတ်စဉ်ထိခိုက်ဒဏ်ရာရသည့် မီးသတ်တပ်ဖွဲ့ဝင်များအား လှိုင်မြို့နယ်ကြက်‌ေခြနီတပ်ဖွဲ့မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရှေးဦးပြုစုစောင့်ရှောက်မှုများ ပေးခဲ့ကြပါသည်။

Read More

  31/ Mar/ 2021

မိုင်းခတ်မြို့နယ်မှမီးဘေးသင့် အိမ်ထောင်စု ၂၀ ကို ကြက်ခြေနီက ကူညီထောက်ပံ့

၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ မွန်းလွဲပိုင်း က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၊ အားခေဝမ်တိုင်ရွာတွင် မီးလောင်မှုဖြစ်ပွါးခဲ့ရာ ထိခိုက်ခံစားရသည့် အိမ်ထောင်စု (၂၀) စု၊ လူဦးရေ (၉၇) ဦးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့သည့် ပစ္စည်းများကို ဧပြီလ (၁) ရက်နေ့က သွားရောက် ပေးအပ်ခဲ့ပါသည်။
ထိုသို့ထောက်ပံ့ရာတွင် ကျိုင်းတုံခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးမြင့်နိုင်၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်အားလင်းလျှဲန်၊ ကျိုင်းတုံမြို့နယ်နှင့် မိုင်းခတ်မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ပစ္စည်းအမျိုးအစား (၁၄) မျိုးပါဝင်သော မိသားစုသုံးပစ္စည်း (၂၀) ပုံး၊ အမျိုးအစား (၁၁) မျိုးပါဝင်သော အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်း (၃၅) အိတ်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၂၀) ပုံး တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

Read More

  29/ Mar/ 2021

လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ

၂၀၂၁ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ် (၅၅) ရပ်ကွက်တွင် ထိခိုက်ဒဏ်ရာရရှိသူ (၃)ဦးအား မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက အရေးပေါ် ရှေးဦးပြုစုပေးခဲ့ပြီး ဆေးရုံသို့ ပို့‌ဆောင်ပေးခဲ့ပါသည်။
အဆိုပါ‌ မတ်လ(၂၉)ရက်‌နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင် ဦးရန်အောင်မျိုးနှင့် အရှေ့ပိုင်းခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးခင်သန်းတို့က အသင်းမှ ပံ့ပိုးသည့် ရှေးဦးပြုစုပေးရာတွင် လိုအပ်မည့် ဆေးပစ္စည်းများကို ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် သဃင်္န်းကျွန်းမြို့နယ်တို့မှ ကြက်‌ခြေနီစေတနာလုပ်အားရှင် တပ်ဖွဲ့ဝင်များအား အရေးပေါ်အခြေအနေများတွင် ထိခိုက်ဒဏ်ရာရသူများအား အချိန်နှင့် တပြေးညီ ကူညီစောင့်ရှောက်ပေးနိုင်ရန် ထောက်ပံ့ပေးခဲ့ကြသည်။

Read More

  26/ Mar/ 2021

နှလုံးရောဂါ ဝေဒနာရှင်တစ်ဦးကို ကြက်ခြေနီက လူနာတင်ယာဉ်ဖြင့် ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေး

လှိုင်သာယာမြို့နယ်မှ အရေးပေါ်နှလုံးရောဂါ ဝေဒနာရှင်တစ်ဦးကို လှိုင်သာယာမြို့နယ် ကြက်ခြေနီအသင်းခွဲက အသင်းပိုင်လူနာတင်ယာဉ်ဖြင့် မတ်လ (၂၆) ရက်နေ့ နံနက်ပိုင်းက လှိုင်သာယာမြို့နယ် ကုတင် (၅၀၀) ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြသည်။

Read More

  26/ Mar/ 2021

မွန်ပြည်နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက လိုအပ်သည့်နေရာများအလိုက် ရှေးဦးပြုစုခြင်းများနှင့် ဆေးရုံဆေးခန်းပို့ဆောင်ပေးခြင်းများ ဆောင်ရွက်ပေးလျှက်ရှိ

မွန်ပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များက ထိခိုက်အနာတရဖြစ်သူများ၊ အရေးပေါ်ကုသမှုခံယူရန်လိုအပ်သူများအတွက် ရွေ့လျားရှေးဦးပြုစုခြင်းစခန်းငယ်များဖွင့်လှစ်ကာ အရေးပေါ်ရှေးဦးပြုခြင်းများ၊ ဆေးရုံဆေးခန်းသို့ ပေးဆောင်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထူးခြားဖြစ်စဉ်အနေနှင့် မတ်လ၂၁ရက်နေ့က ကျိုက်ခမီမြို့ ပင်လယ်ကမ်းခြေအနီးတွင် သွေးအန်၍အသက်ရှုခက်ခဲနေသည့် လူနာတစ်ဦးအား အရေးပေါ်ရှေးဦးပြုစုပေးခဲ့ကြပြီး မော်လမြိုင်မြို့နယ်ရှိ အမှတ်(၅) ကုတင်၃၀၀ဆေးရုံသို့ ညွှန်းပို့ပေးခဲ့ကြောင်းသိရသည်။
မတ်လ၂၄ရက်နေ့ကလည်း သံဖြူဇရပ်ဆေးရုံမှ အရေးပေါ်ဆေးကုသမှုခံယူရန်လိုအပ်သည့် လူနာတစ်ဦးအား မော်လမြိုင်မြို့နယ်ရှိ အမှတ်(၅) ကုတင်၃၀၀ဆေးရုံသို့ ညွှန်းပို့ပေးခဲ့ကြသည်။

Read More

  26/ Mar/ 2021

ရှေးဦးပြုစုခြင်းဖြင့် အသက်ကယ်တင်နိုင်ခဲ့

ဆို့နင့်ကာ နှလုံးခုန်နှုန်းမမှန်တော့သည့် အသက် (၉) နှစ်အရွယ် ကလေးငယ်အား ကြက်ခြေနီက ရှေးဦးပြုစုခြင်းနည်းစနစ်ဖြင့် အသက်ကယ်နိုင်ခဲ့ကြောင်း သိရပါသည်။ ဖြစ်စဉ်မှာ ယ‌နေ့ မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းအချိန်က မြစ်ကြီးနားမြို့ရှိ (၉) နှစ် အရွယ် ကလေးငယ်တစ်ဦးသည် ဆို့နင့်ကာ အသက်ရှူရပ်၍ နှလုံးခုန် မမှန်ခြင်းနှင့် သတိလစ်ခြင်းတို့ ဖြစ်ပွားခဲ့သဖြင့် ကချင်ပြည်နယ်၊ ပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး ဦးအောင်ကျော်လင်းနှင့် တပ်ဖွဲ့မှူး ဦးတန်ရှန်တို့က ကလေးငယ်အား နှလုံးနှိုးဆွခြင်း (CPR) ကို မိနစ်ပိုင်းအကြာပြုလုပ်ခဲ့ရာ က‌လေးငယ်မှာ သတိပြန်လည်လာပြီး စိတ်ချရသည့်အနေအထားထိ ရှေးဦးပြုစုပေးခဲ့ကြပြီးမြစ်ကြီးနားမြို့ မလိဇွပ်ဆေးရုံသို့ ကြက်ခြေနီသူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ပါသည်။ နိုင်ငံတစ်ဝှမ်းရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရှေးဦးပြုစုခြင်း နည်းပညာဖြင့် ပြည်သူများ၏အသက်နှင့် ကျန်းမာရေးကို အခြေခံမူများနှင့်အညီ ကူညီစောင့်ရှောက်ပေးလျက်ရှိနေပါသည်။

Read More

  20/ Mar/ 2021

လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ

ကြက်ခြေနီ စေတနာလုပ်အားရှင်များဟာ လူသားချင်းစာနာထောက်ထားသောစိတ်ဓါတ်အရင်းခံကာ အကူအညီလိုအပ်သူ မည်သူကိုမဆို တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်ပြီး လူမှုကရုဏာ အကူအညီများ ဆောင်ရွက်ပေးနေတဲ့အတွက် ကျေးဇူးတင်ဂုဏ်ယူပါတယ်။

Read More