13/ Nov/ 2020
ရှမ်းပြည်နယ် (တောင်ပိုင်း)က ဒုတိယပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်ကျော်မျိုးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ တောင်ကြီးမြို့၊ မိုးကုတ်ဝိပဿနာကျောင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းမှာ နေရပ်ပြန်ပြည်သူ ၂၄ ဦးအတွက် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ ထောက်ပံ့ပေးသော အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများကို ပေးအပ်ခဲ့ကြတယ်။
13/ Nov/ 2020
ရန်ကုန်တိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် သွားရောက်ကူညီဆောင်ရွက်ကြမည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကြက်ခြေနီစေတနာလုပ်အားရှင်များအား ဂုဏ်ပြုသောအားဖြင့် အလှူရှင်များက အလှူငွေများ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီသို့ လာရောက်လှူဒါန်းခဲ့ကြပါတယ်။
🙏🙏🙏 နိုင်ဝင်ဘာလ ၁၃ ရက်နေ့က လှူဒါန်းခဲ့ကြသော ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ် (၂၅) သိန်း၊ သီဟသုဓမ္မမဏိဇောတဓရ ဦးကျော်စွာထွဋ် Shining Myanmar ကုမ္ပဏီမှ ငွေကျပ် (၁၂)သိန်း (၅)သောင်း၊ ဦးလှထွန်း(မိသားစု) အောင်မြေသံလွင်ကုမ္ပဏီမှ ငွေကျပ် (၅)သိန်း၊ ဦးထွန်းမြင့်(မိသားစု) ရှင်းယွင်မုန့်တိုက်မှ ငွေကျပ် (၅)သိန်း၊ ဦးဆန်းဝင်း(မိသားစု) ဇွဲထက်စိန်ရွှေရတနာဆိုင်မှ ငွေကျပ် (၃)သိန်း၊ ဦးကျော်ခင်(မိသားစု) လပ်ကီးစိန်ရွှေရတနာဆိုင်မှ ငွေကျပ် (၃)သိန်း၊ ဦးသောင်းဟန်(မိသားစု) ဆင်နှစ်ကောင်ဟိုတယ်မှ ငွေကျပ် (၁)သိန်းနှင့် ဦးညီထွေး (မိသားစု) စန်းသိင်္ဂီရွှေဆိုင်မှ ငွေကျပ် (၁)သိန်း၊ စုစုပေါင်း လှူဒါန်းငွေကျပ် (၅၅)သိန်း (၅)သောင်း တို့ကို ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများက လက်ခံခဲ့ကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြပါတယ်။
13/ Nov/ 2020
💐💐 လှိုင်းဘွဲ့မြို့နယ်က ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းဇော်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်တွေက ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့ဝင်ဂိတ်မှာ ခရီးသည်များ ကိုဗစ်-၁၉ ရောဂါကာကွယ်စေရေးအတွက် ကိုယ်အပူချိန်တိုင်းပေးတယ်၊ အမည်စာရင်းများမှတ်သားပေးတယ်၊ နှာခေါင်းစည်းများအခမဲ့ပေးဝေတယ်၊ လက်သန့်ဆေးရည်များဖြန့်ဝေတယ်၊ ကျန်းမာရေးအသိပညာပေးခဲ့ကြပါတယ်။ ထို့အတူပဲ ဦးစောဆန်းဝင်းတို့ကြက်ခြေနီစေတနာလုပ်အားရှင် တွေကလည်း ဆင်ကူးကျေးရွာက မဲရုံများအဖြစ်ပြုလုပ်ခဲ့တဲ့ စာသင်ကျောင်းများကို ဆေးဖျန်းပေးခဲ့ကြပါတယ်။
13/ Nov/ 2020
နိုဝင်ဘာလ ၁၃ရက်နေ့က ထိုင်းနိုင်ငံ အမှတ်(၂)ချစ်ကြည်ရေးတံတားကနေ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ကို နေရပ်ပြန်ပြည်သူ ကျား(၁၁၄)ဦး၊ မ(၂၆)ဦးတို့ ပြန်လည်ရောက်ရှိလာကြပါတယ်။ အဲ့ဒီလိုရောက်ရှိလာကြတဲ့ နေရပ်ပြန်ပြည်သူတွေအတွက် တာချီလိတ်ခရိုင်/မြို့နယ်က ကြက်ခြေနီစေတနာလုပ်အားရှင်တွေက အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွေမှာ နေရာထိုင်ခင်းစီစဉ်ပေးခြင်းနဲ့ နေရပ်အသီးသီးက မိသားစုများနှင့်ပြန်လည်ဆက်သွယ်နိုင်ဖို့အတွက် အချက်အလက်ရယူတာတွေနဲ့ လိုအပ်တဲ့အကူအညီတွေပေးဖို့ ဆောင်ရွက်ပေးခဲ့ကြတဲ့အပြင် ကိုဗစ်၁၉ရောဂါကူးစက်မှုမဖြစ်ပွားစေဖို့ လိုက်နာဆောင်ရွက်ရမယ့်အချက်တွေနဲ့ ရှောင်ကြဉ်ရမယ့်အရာတွေကိုလည်း သေချာသဘောပေါက်နားလည်အောင် အသိပညာဗဟုသုတအနေနဲ့ မျှဝေပေးခဲ့ကြပါတယ်။
13/ Nov/ 2020
12/ Nov/ 2020
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ တော်ဝင်ဆိပ်ခံဘောတံတားနှင့် ဆိပ်ကပ်ထားသော သင်္ဘောများ၌ ကော့သောင်းမြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဒုတိယမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမျိုးမင်းသိမ်း ဦးဆောင်သော ကြက်ခြေနီစေတတနာလုပ်အားရှင် ၆ ဦးတို့သည် COVID-19ရောဂါကာကွယ်ရေး အတွက် ဆေးဖြန်းခြင်းကို ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့က ဆက်လက်ဆောင်ရွက်ခဲ့ကြပါသည်။
11/ Nov/ 2020
ကျွန်တော်တို့ကြက်ခြေနီစေတနာလုပ်အားရှင်တွေရဲ့ ဂရုဏာစွမ်းအားတွေနဲ့ အများပြည်သူအကျိုးအတွက် ကူညီဆောင်ရွက်ပေးနေတာ တောင်ပေါ်မြေပြန့်နေရာအနှံ့ပါပဲ။
🌼🌼 နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း မိုင်းရှူးမြို့နယ်က ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုင်းစိုးထွန်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့ဝင်ဂိတ်နှင့် မိုင်းစံမြို့ဝင်ဂိတ်တွေမှာ ခရီးသည်များ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရန် ကိုယ်အပူချိန်တိုင်းပေးခြင်း၊ စာရင်းမှတ်သားခြင်း စတာတွေကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြပါတယ်။
11/ Nov/ 2020
ဒီလိုဆောင်ရွက်ရာမှာ ရောဂါပိုးတွေ့ရှိသူများ၊ ရောဂါပိုးရှိကြောင်းသံသယရှိသူများ၊ ရောဂါပိုးရှိသူနှင့် ဆက်စပ်သူများအား ဆေးရုံများ၊ ကုသရေးစင်တာများ၊ အသွားအလာကန့်သတ်စခန်းများသို့ ပို့ဆောင်ကူညီပေးခြင်း၊ ရောဂါကင်းစင်ပြီး ဆေးရုံမှဆင်းသူများအားကူညီပို့ေဆာင်ေပးခြင်းများ ပါဝင်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်မှာတော့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ ရောဂါပိုးတွေ့ရှိသူ ၂ ဦးနဲ့ ရောဂါပိုးရှိသူနှင့်ဆက်စပ်သူ ၁ ဦးတို့ကို မြို့နယ်ကြက်ခြေနီအသင်းခွဲက လူနာတင်ယာဉ်နဲ့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
11/ Nov/ 2020
နိုဝင်ဘာလ ၉ရက်နေ့နဲ့ ၁၀ရက်နေ့များက ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ ရန်အောင်မြေ တိုက်ပွဲရှောင်စခန်း၊ မြောင်းနား တိုက်ပွဲရှောင်စခန်း၊ မြတောင် တိုက်ပွဲရှောင်စခန်းတွေမှာ ကြက်ခြေနီစေတနာလုပ်အားရှင်တွေက စနစ်တကျလက်ဆေးနည်းတွေကို သင်ကြားပေးခဲ့ပြီး ရောဂါကူးစက်မှုမဖြစ်ပွားဖို့ ဘယ်လိုနေထိုင်ဆောင်ရွက်ရမလဲဆိုတာတွေကိုပါ ဗဟုသုတမျှဝေပေးခဲ့ကြပါတယ်။
👏👏 အလားတူပဲ စစ်တွေမြို့ပေါ်မှာရှိတဲ့ ဗုဒ္ဓမော်ကျောင်းတိုက်(တိုက်ပွဲရှောင်စုရပ်)၊ ဘုရားများသိမ်တော်(တိုက်ပွဲရှောင်စုရပ်)တွေက တိုက်ပွဲရှောင်ပြည်သူတွေကို ရောဂါကာကွယ်ရေးအသုံးပြုရန်အတွက် လက်ဆေးဆပ်ပြာရည်တွေ၊ အဝတ်နှာခေါင်းစည်းတွေကို မျှဝေပေးခဲ့ကြပြီး ရောဂါမဖြစ်ပွားအောင် လိုက်နာနေထိုင်ဖို့လည်း အသိပညာပေးခဲ့ကြပါတယ်။