03/ Jun/ 2022

ကရင်ပြည်နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များ ဆောင်ရွက်လျှက်ရှိသော လူမှုကရုဏာအကူညီများ

ကရင်၊ ဇွန်လ ၃ ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ (၂) ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော လူနာတစ်ဦးသည် အောက်ဆီဂျင်အရေးပေါ်လိုအပ်လျှက်ရှိရာ မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက အောက်ဆီဂျင် (၄၀) လီတာ တစ်အိုးကို ကူညီရှာဖွေကာ သွားရောက်ထောက်ပံ့ပေးခဲ့ကြပါသည်။
ထို့အပြင် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကလေးများအား COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

Read More

  03/ Jun/ 2022

ယာဉ်မတော်တဆမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ကြက်ခြေနီက ကူညီ

နေပြည်တော်၊ ဇွန်လ (၃)ရက်။
၂၀၂၂ခုနှစ်၊ ဇွန်လ (၂)ရက်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မိုး‌ေစွ- အောင်သပြေ ရွာဆက်လမ်းပေါ်တွင် ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော အမျိုးသားတစ်ဦးအား ဥတ္တရသီရိမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးက ရှေးဦးပြုစု၍ နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ပါသည်။

Read More

  03/ Jun/ 2022

Medical Doctor

Read More

  03/ Jun/ 2022

Nurse

Read More

  03/ Jun/ 2022

Project Officer

Read More

  03/ Jun/ 2022

Referral Officer

Read More

  03/ Jun/ 2022

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်လုပ်ငန်းများ နေရာအနှံ့ ကြက်ခြေနီဆောင်ရွက်

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ သက်ဆိုင်ရာဒေသအလိုက် ကာကွယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။
၂၀၂၂ခုနှစ်၊ မေလ (၃၀)ရက်နေ့ က ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့ ၊ အမှတ်(၂)ရပ်ကွက် နဲ့ (၃)ရပ်ကွက်များမှာ သွေးလွန်တုပ်ကွေးကာကွယ်ရေးအတွက် အသိပညာပေးခြင်းနဲ့ ရပ်ကွက်များအတွင်းရှိ ရေတွင်း၊ရေကန်များ အဘိတ်ဆေးခပ်ခြင်းကို သံတောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲ မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက လုပ်ဆောင်ခဲ့ကြပါတယ်။
မေလ (၂၈)ရက်နေ့ကလည်း တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်း ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် အသိပညာပေးခြင်းများ၊ ဖုံး/သွန်/လဲ/စစ် လုပ်ငန်းများ၊ အဘိတ်ဆေးခပ်ခြင်းနဲ့ ခြင်ဆေးဖြန်းခြင်းများကို ထားဝယ်မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်ခဲ့ပါတယ်။

Read More

  02/ Jun/ 2022

အရေးပေါ်သွေးလိုအပ်နေသည့် လူနာများအတွက် ဝါးခယ်မမြို့နယ် ကြက်ခြေနီက သွေးလှူဒါန်း

၂၀၂၂ခုနှစ်၊ ဇွန်လ (၂)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် လူနာတစ်ဦးအတွက် အရေးပေါ်လိုအပ်သော ‘B’ သွေးတစ်လုံးကို ဝါးခယ်မမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်တစ်ဦးက လှူဒါန်းပေးခဲ့ပါသည်။
ကြက်ခြေနီစေတနာလုပ်အားရှင်များအနေဖြင့် အရေးပေါ်သွေးလိုအပ်သော လူနာများအတွက် ကိုယ်တိုင်သွေးလှူဒါန်းခြင်းများ အပြင် လိုအပ်သော သွေးအတွက် သွေးလှူရှင်များ ရှာဖွေပေးခြင်းကို လုပ်ဆောင်လျက်ရှိပါသည်။

Read More