08/ May/ 2020

ဘိုကလေးမြို့တွင် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် COVID-19ရောဂါကာကွယ်ရေး ဆောင်ရွက်

ဘိုကလေးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ၂၀၂၀ပြည့်နှစ် မေလ ၈ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ကြက်ခြေနီနေ့ကို ဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်အတွင်းရှိ လူအများဖြတ်သန်းသွားလာနိုင်သောနေရာများတွင် COVID-19 ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအားအသံချဲ့စက်ဖြင့်နှိုးဆော်ခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး ရှေးဟောင်းသမိုင်းဝင် ရန်ပြေမာန်ပြေ အောင်စကြာစေတီတော်ကြီးပရဝုဏ်အတွင်း သန့်ရှင်းရေးပြုလုပ်ခြင်းတို့အား မေလ ၈ရက်နေ့တွင် ဆောင်ရွက်ခဲ့ကြသည်။

Read More

  06/ May/ 2020

နေပြည်တော်၌ ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ဘုရားဖူးပြည်သူများအား COVID-19 ရောဂါကာကွယ်ရေးကြက်ခြေနီမှ ပူးပေါင်းဆောင်ရွက်

နေပြည်တော်၊ မေ ၆

၂၀၂၀ပြည့်နှစ်၊ မေလ ၆ ရက်နေ့က ပြည်ထောင်စုနယ်မြေ၊နေပြည်တော် ဒက္ခိဏခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်ခင်မိုးမိုးဦးဆောင်သော ဇမ္ဗူသီရိမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဇမ္ဗူသီရိမြို့နယ်၊ ဓာတုဇယ ဓာတ်ပေါင်းစုစေတီတော် ဗောဓိညောင်ပင်တွင် ကဆုန်လပြည့်ဗုဒ္ဓနေ့ ညောင်ရေသွန်းကုသိုလ်ပြု ဘုရားဖူးလာကြသူများအား
COVID-19 ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများဖြန့်ဝေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ စနစ်တကျလက်ဆေးခြင်းအသိပညာပေး
ခြင်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း
များ ၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

Read More

  06/ May/ 2020

သပိတ်ကျင်းတွင် ကြက်ခြေနီမှ COVID-19ရောဂါကာကွယ်ရေးဆောာင်ရွက်

မန္တလေး၊ မေ ၆

၂၀၂၀ပြည့်နှစ်၊‌ မေလ ၆ ရက်နေ့ကမန္တလေးတိုင်းဒေသကြီး၊သပိတ်ကျင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဒေါ်ဝါဝါထွန်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် လေးမိုင်အခြေခံပညာအထက်တန်းကျောင်းတွင်ဖွင့်ထားသော အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင်နယ်စပ်ဒေသမှပြန်လည်ဝင်ရောက်လာသူများအား COVID-19ရောဂါကာကွယ်ရေးအတွက်ကိုယ်အပူချိန်တိုင်းတာခြင်းကို ဆောင်ရွက်ပေးခဲ့ကြပါသည်။

Read More

  01/ May/ 2020

ဖားကန့်နှင့် မိုးကောင်းမြို့နယ်တွင် ကြက်ခြေနီက COVID-19 ကာကွယ်ရေးပူးပေါင်းလုပ်ဆောင်

ဖားကန့်၊မိုးကောင်း၊ မေ ၁ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် နိုင်ငံတဝန်းတွင် COVID-19 ရောဂါကာကွယ်ရေးကို ပါဝင်ဆောင်ရွက်လျက်ရှိပြီး ကချင် ပြည်နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည်လည်း ပြည်နယ်အတွင်းရှိမြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများမကျန် သွားရောက်ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၀ပြည့်နှစ်၊ မေလ ၁ ရက်နေ့က ဖားကန့်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးရဲအောင်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၈ ဦးသည် ဖားကန့်မြို့နယ်အတွင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများမှ ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်ခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာအားပေးကူညီခြင်းများကို ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ အလားတူမိုးကောင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးမျိုးအောင် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၂ဦးသည် နမ္မတီးမြို့လမ်းဆုံ၊လမ်းခွ၊ RC ယာယီခိုလှုံရာစခန်း၊ မြို့ဦး ယာယီခိုလှုံရာစခန်းများတွင် စခန်းတာဝန်ခံများနှင့်တွေ့ဆုံကာ COVID-19 ရောဂါအသိပညာပေးခြင်း၊ နေရပ်စွန့်ခွာပြည်သူများအား ကိုယ်ပူချိန်တိုင်းပေးခြင်းတို့ကိုပြုလုပ်ခဲ့သည်။ ဆက်လက်ပြီး မိုးကောင်းမြိုနယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီတပ်ကြပ်ကြီးဦးဇင်ဝင်းထွဋ်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်၂ဦးက လွဲလောကျေးရွာတွင် လက်ကမ်းစာစောင်မျှဝေခြင်း၊ အခြေခံပညာအထက် တန်းကျောင်းအမှတ်-၂ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် တစ်နေ့တာ စောင့်ကြည့်မှုကို သက်ဆိုင်ရာ အဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း၊ ကြက်ခြေနီတပ်စုမှူးဒေါ်နွေဦးမမ နှင့် အဖွဲ့သည် ကဝါးယံ၊ လဘန်ကထောင်၊ စေတုန်ကျေးရွာများတွင် COVID-19 ရောဂါအသိပညာပေးပိုစတာကပ်ခြင်း၊ အသိပညာပေးခြင်းတို့ကိုဆောင်ရွက်ခြင်း၊ ကြက်ခြေနီတပ်ကြပ်ကြီးဦးသိန်းဌေးဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၄ဦးသည် ဆားမှော်ကျေးရွာရှိအသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် တစ်ရက်တာ စောင့်ကြည့်မှုကို သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း၊ ကြက်ခြေနီတပ်ခွဲမှူးဒေါ်နီနီအောင်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၉ဦးသည် မြို့နယ်အတွင်းရှိအသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင်တစ်ရက်တာစောင့်ကြည့်မှုကို သက်ဆိုင်ရာအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်ခြင်း၊ COVID-19 ရောဂါအသိပညာပေးပိုစတာကပ်ခြင်း၊ သက်ကြီးရွယ်အိုအဘိုးအဘွားများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ မြို့နယ်ဘူတာရုံတွင် ခရီးသွားပြည်သူများအား စာရင်းကောင်းယူခြင်းတို့ကို သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

Read More

  29/ Apr/ 2020

နေပြည်တော်ကောင်စီနယ်မြေတွင် ကြက်ခြေနီမှ COVID 19 ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းပူးပေါင်းဆောင်ရွက်

နေပြည်တော်၊ ဧပြီ ၂၉

၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၂၉ ရက်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော်‌‌အတွင်း COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်‌ပေးလျက်ရှိကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ ဘေးကင်းလုံခြုံရေးအတွက် နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့သို့ PPE ဝတ်စုံ ၂၅ စုံ၊ ဥတ္တရခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ခရိုင်အုပ်ချုပ်ရေးအဖွဲ့သို့ PPE ဝတ်စုံ ၂၅ စုံ စုစုပေါင်း အစုံ၅၀ အား ရန်ကုန်တိုင်းဒေသကြီး ၊မင်္ဂလာဒုံမြို့နယ်နေ ဦးဘုန်းမြင့်ဇော် +ဒေါ်ဌေးဌေးနိုင် သမီးမအေးချမ်းဘုန်းမြင့်{ဘုန်းမြင့်ဇော်အဆင့်မြင့်အဝေးပြေးခရီးသည်တင် ယာဉ်လိုင်းပိုင်ရှင်} မိသားစုမှ ပေးပို့လှူဒါန်းပြီး အလှူရှင်များကိုယ်စား ခရိုင်ဥက္ကဌ ဒေါ်မေကလျာဝင်းက ပေးအပ်ရာ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဌဒေါ်ဖြူဖြူမြင့်၊ အတွင်းရေးမှူးဦးမိုးကျော်နှင့်ခရိုင်တပ်ဖွဲ့မှူးဦးနိုင်ဝင်းစိုးတို့ကအသီးသီးလက်ခံရယူခဲ့ကာ ဒုတိယဥက္ကဌနှင့်ခရိုင်တပ်ဖွဲ့မှူးတို့မှ
ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

COVID-19ရောဂါကာကွယ်ရေးလုပ်ငန်းများ ထမ်းဆောင်လျက်ရှိသောကြက်ခြေနီစေတနာလုပ်အားရှင် တပ်ဖွဲ့ဝင်များအတွက် ယခုကဲ့သို့ လှူဒါန်းပေးပါသော အလှူရှင်မိသားစုအား ကျေးဇူးတင်ဂုဏ်ပြုပါသည်။

 

 

Read More

  28/ Apr/ 2020

မန္တလေးတိုင်းဒေသကြီးရှိမြို့နယ်များ၌ COVID-19ရောဂါကာကွယ်ရေးဆောင်ရွက်ရာတွင် ကြက်ခြေနီမှကူညီ

မန္တလေး၊ ဧပြီ ၂၈

၂၀၂၀ပြည့်နှစ်၊ဧပြီလ ၂၈ရက်နေ့ကအောင်မြေသာစံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးတင်မိုးအောင် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၇ ဦးတို့သည်နန်းတော်ရှေ့အစိုးရစက်မှုသင်တန်းကျောင်း အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုရေးစခန်း၌ နယ်စပ်ဒေသမှဝင်ရောက်လာသူများအား ကြိုဆိုနေရာချထားပေးပြီး COVID-19ရောဂါကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာခြင်းကို ဌာနဆိုင်ရာများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့အတူ ညောင်ဦးမြို့နယ်ကြက်ခြေနီအသင်းခွဲမှဦးတင့်နိုင်ဝင်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်၅ ဦးတို့သည် မြို့အဝင်ဂိတ်များတွင် မြို့အတွင်းဝင်ရောက်လာသူများအား ကိုယ်အပူချိန်တိုင်းတာခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။
ပုသိမ်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၇ ဦးတို့သည်လည်းမြို့အဝင်ရွှေကျင်ဂိတ်တွင် ကိုယ်အပူချိန်တိုင်းတာခြင်းကိုဝိုင်းဝန်းကူညီဆောင်ရွက်ကြရာ ပုသိမ်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌဦးစိုးမင်းအောင်နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးအောင်သန်းတို့မှ ကြည့်ရှုအားပေးခဲ့ကြပါသည်။

Read More

  28/ Apr/ 2020

13th Information Sharing on COVID-19 (MM version)

Read More

  26/ Apr/ 2020

အောင်လံမြို့ ယာယီစျေးတွင် COVID-19 ရောဂါအသိပညာပေးခြင်း ကြက်ခြေနီမှဆောင်ရွက်

မကွေး၊ ဧပြီ ၂၆ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၁၂ ဦးတို့သည် အထက(၂)ဘောလုံးကွင်းအတွင်း ဖွင့်လှစ်ထားသောယာယီစျေးတွင် ၂၀၂၀ပြည့်နှစ်၊ဧပြီလ ၂၅ ရက်နေ့က အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

Read More