06/ Jul/ 2021

#COVID19 #Staysafe

ကိုဗစ်-၁၉ ကပ်ရောဂါဘေးကင်းဝေးဖို့ ဘဝနေထိုင်မှုပုံစံအသစ်မှာ တနေ့တာလုပ်ငန်းဆောင်တာတွေကို ကျန်းမာရေးနဲ့လျော်ညီစွာ နေထိုင်ဆောင်ရွက်ကြရမယ်။ ရုံး၊ ကုမ္ပဏီ၊ ဈေး၊ အရောင်းဆိုင်များနှင့် ကျောင်းများမှာ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက်များကို မပေါ့ဆဘဲ စနစ်တကျလိုက်နာပြီး မိမိကစကာကွယ်ရအောင်နော်။ #COVID19 #staysafe

Read More

  05/ Jul/ 2021

ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်လျော့ပါးရေး (နည်းပြ)သင်တန်းဖွင့်လှစ်

ရန်ကုန်၊ ဇူလိုင်လ (၅) ရက်နေ့
မြန်မာနိုင်ငံကြက်ခြေနီအသင်း မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာနမှပြုလုပ်‌သော ရပ်ရွာ လူထု အခြေပြုဘေးအန္တရာယ်လျော့ပါးရေး(နည်းပြ)သင်တန်းဖွင့်ပွဲကို ၂၀၂၁ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့ နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင်ပြုလုပ်ခဲ့ရာ အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်၊ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်နှင့် အချိန်ပြည့်အလုပ်အမှုဆောင်များ၊ ဝန်ထမ်းများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားအဖွင့်အမှာစကားကို အသင်းဥက္ကဌမှ ပြောကြားခဲ့ပြီး အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်မြသူက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ ရပ်ရွာဒေသနှင့် လိုက်လျော ညီထွေရှိသောအစီအစဉ်များရေးဆွဲခြင်းဖြင့် ပိုမိုလုံခြုံ စိတ်ချရပြီး ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းရှိသော ရပ်ရွာလူထုများဖြစ်လာစေရေး အတွက် ရည်ရွယ်ကာ သင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ပါသည်။
အဆိုပါသင်တန်းကို UNHCR ၏ပံ့ပိုးမှုဖြင့် ဇူလိုင်လ (၅)ရက်နေ့မှ ဇူလိုင်လ(၉)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ စီမံချက်ညှိနှိုင်းရေးမှူးများ၊ ကွင်းဆင်းအရာရှိများနှင့် ကြီးကြပ်ရေးမှူးများ စုစုပေါင်း(၂၁)ဦးတက်ရောက်ကြမည်ဖြစ်ပါသည်။

Read More

  05/ Jul/ 2021

သင်တို့ ကူညီပေးလိုက်တဲ့သူတွေက သင်တို့ကို အမြဲအမှတ်ရ ကျေးဇူးတင်နေမှာပါ။

သင်တို့ ကူညီပေးလိုက်တဲ့သူတွေက
သင်တို့ကို အမြဲအမှတ်ရ ကျေးဇူးတင်နေမှာပါ။

Read More

  02/ Jul/ 2021

မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကူညီဆောင်ရွက်

၂၀၂၁ခုနှစ်၊ ဇူလိုင်လ (၂) ရက်
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုက နေ့စဉ်နဲ့အမျှမြင့်တက်လျက်ရှိပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရောဂါကာကွယ်ရေးနှင့် အသိပညာပေးလုပ်ငန်းများဖြစ်သည့် နှာခေါင်းစည်းဖြန့်ဝေခြင်း၊ အသိပညာပေး ပိုစတာများကပ်ခြင်းနှင့် ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များကို အသိပညာပေးလျက်ရှိပါတယ်။
မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မြို့နယ်ပြည်သူ့ဆေးရုံရှေ့နှင့် ရပ်ကွက် (၄) ခုတွင် နှာခေါင်းစည်းများပေးဝေခြင်း၊ ပိုစတာများကပ်ပေးခြင်းနှင့် ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များကို လက်ကိုင်စကားပြောစက်ဖြင့် အသိပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ဆေးကုသမှုခံယူပြီးသော ကိုဗစ်-၁၉ လူနာများအား ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် မြို့နယ်ပြည်သူ့ဆေးရုံမှ နေအိမ်များသို့ ကူညီပို့ဆောင်ပေးခြင်းနှင့် မိုးကုတ်ဝိပဿနာကျောင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာများထားရှိမည့် နေရာများတွင် နေရာထိုင်ခင်းများခင်းကျင်းရာတွင်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။

Read More

  01/ Jul/ 2021

မရပ်မနားရှေ့ဆက်သွားကြက်ခြေနီရဲ့စုပေါင်းအား

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်မှ ကိုဗစ်-၁၉ ရောဂါကြောင့် အသွားအလာကန့်သတ်ထားသော အိမ်ထောင်စု (၁၂၀) အတွက် ကြက်သား (၄၂၀) ပိဿာအား လားရှိုးမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက စုပေါင်းလှူဒါန်းပေးခဲ့ပါတယ်။
ပြီးခဲတဲ့လကလည်း အသွားအလာကန့်သတ်ထားသော အိမ်ထောင်စုများအား ရေသန့်နှင့် ဟင်းသီးဟင်းရွက်များ လှူဒါန်းပေးခဲ့သလို အသွားအလာကန့်သတ်ထားသောသူများ၏ လိုအပ်ချက်ကြောင့် ဖုန်းဆက်အကူညီတောင်းလာသည့်အခါတွင်လည်း အကူအညီများ ပေးခဲ့ပါတယ်။
လားရှိုးမြို့နယ်အတွင်း လူမှုကရုဏာအကူအညီများနှင့် ထောက်ပံ့မှုများကိုလည်း ဆက်လက်လုပ်ဆောင်ပေးနိုင်ရန် စီစဉ်လျှက်ရှိပါတယ်။

Read More

  15/ Jun/ 2021

စင်ကာပူနိုင်ငံကြက်ခြေနီအသင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ ထမ်းစင်နှင့် ရှုးဖိနပ်များလှူဒါန်း

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ နိုင်ငံတစ်ဝန်း ဆောင်ရွက်လျက်ရှိသည့် လူမှုကရုဏာလုပ်ငန်းများတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များ အသုံးပြုရန်အတွက် စင်ကာပူနိုင်ငံကြက်ခြေနီအသင်းမှ လှူဒါန်းလာသည့် စင်ကပူဒေါ်လာ ၆၀,၄၅၅ နှင့်ညီမျှသော ထမ်းစင် (၅၀)လက်နှင့် ရှုးဖိနပ်(၂,၀၀၀)ရံ တို့ကို ဇွန်လ (၁၄) ရက်နေ့က အသင်း (ရန်ကုန်ရုံးခွဲ) တွင် မြန်မာနိုင်ငံဆိုင်ရာစင်ကာပူသံအမတ်ကြီး Ms. Vanessa Elisabeth CHAN Yuen Ying နှင့် တာဝန်ရှိသူများက လာရောက် လှူဒါန်းခဲ့ရာ အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်က လက်ခံခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

Read More

  15/ Jun/ 2021

ကြက်ခြေနီက မုတ်သုံကာလဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းအစည်းအဝေးပြုလုပ်

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊ အမေရိကန်ကြက်ခြေနီအသင်းနှင့် ဂျာမန်ကြက်ခြေနီအသင်းတို့ ပူးပေါင်းပြီး မုတ်သုံကာလဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းအစည်းအဝေး (Pre-Disaster Meeting) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့က ရန်ကုန်မြို့ Park Royal Hotel တွင်ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားအဖွင့်မိန့်ခွန်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်က Pre-Disaster Meeting သည် နှစ်စဉ်ဆောင်ရွက်နေကျအစည်းအဝေးဖြစ်ကြောင်း၊ အလားတူမုတ်သုံကာလဝင်ရောက်လာပြီဖြစ်သောကြောင့် COVID-19 ရောဂါကာကွယ်ရေးတုံ့ပြန်ဆောင်ရွက်ရင်း ဖြစ်ပွားလာနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် ပြည်သူလူထုထု၏ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းကို ဦးတည်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အသင်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေသည့်အဖွဲ့အစည်းဖြစ်သောကြောင့် ယခုအစည်းအဝေးတွင် မိမိတို့၏ တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆွေးနွေးတင်ပြမှုများ၊ သတင်းအချက်အလက်မျှဝေမှုများဖြင့် ပူးပေါင်းပါဝင်ကြရန်မှာကြားလိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း မြန်မာနိုင်ငံကြက်ခြေနီအသင်းဥပဒေ/နည်းဥပဒေများနဲ့အညီ လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ အသင်းဌာနချုပ်အနေဖြင့် မြေပြင်တွင် ဆောင်ရွက်နေကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် လိုအပ်သည့် ထောက်ပံ့မှုများရရှိနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
အခမ်းအနားသို့ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်၊ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အချိန်ပိုင်းအလုပ်အမှုဆောင်များ၊ အထွေထွေအတွင်းရေးမှူး၊ ဒုတိယအထွထွေအတွင်းရေးမှူးများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများနှင့် ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ ညွှန်ကြားရေးမှူးများနှင့် ဌာနမှူးများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှတာဝန်ရှိသူများ၊ မိတ်ဖက်အမျိုးသားအသင်းများမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ ၁၅ မှ ၁၆ ရက်နေ့ထိ (၂) ရက်တာ ပြုလုပ်မည် ဖြစ်ပါသည်။

Read More

  14/ Jun/ 2021

လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာ ကြက်ခြေနီ

အများပြည်သူရဲ့ လိုအပ်ချက်နဲ့ သင်တို့ရဲ့ အကူအညီတွေ တသားတည်း ကျခဲ့ပါတယ်။

Read More

  13/ Jun/ 2021

သွေး လှူဒါန်းပြီး စေတနာအလျောက် သွေးလှူဒါန်းသူအဖြစ် ဂုဏ်ယူလိုက်ပါ

သွေး လှူဒါန်းပြီး စေတနာအလျောက် သွေးလှူဒါန်းသူအဖြစ် ဂုဏ်ယူလိုက်ပါ။ #WorldBloodDonorDay2021

Read More