11/ Jul/ 2021

လားရှိုးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကြောင့် အသွားအလာကန့်သတ်ထားသော အိမ်ထောင်စုများတို့အတွက် စားသောက်ကုန်များနှင့်သောက်သုံးရေသန့်များ ကြက်ခြေနီကူညီထောက်ပံ့

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက လားရှိုးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကြောင့် အသွားအလာကန့်သတ်ထားသော အမှတ်(၉)ရပ်ကွက်ရှိ အိမ်ထောင်စု(၃၀) စုတို့အတွက် အလှူရှင်များမှ လှူဒါန်းထားသည့် အခြေခံစားသောက်ကုန်များနှင့် အမှတ် (၄) ရပ်ကွက်ရှိ အိမ်ထောင်စု (၈၀) စုတို့အတွက် သောက်သုံးရေသန့်များအား ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့က ၎င်းတို့နေထိုင်ရာနေရာများသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
ထို့အပြင် အမှတ် (၉) ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအတွက် မွေးဖွားသန့်စင်သုံးပစ္စည်းအိတ် (၁) အိတ်ကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

Read More

  11/ Jul/ 2021

သင်သိပါသလား။

ကမ္ဘာပေါ်မှာ ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းတွေကို အတူတကွပူးပေါင်းလုပ်ဆောင်နေတဲ့ မိသားစုအဖွဲ့ဝင် (၃) ခု ရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (အိုင်စီအာစီ)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း(ဖက်ဒရေးရှင်း)နဲ့ အမျိုးသားကြက်ခြေနီ၊လခြမ်းနီအသင်းတို့ပဲဖြစ်ပါတယ်။
၁၈၆၃ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့သည့် ဂျီနီဗာလူကြီးလူ​ကောင်းများအဖွဲ့ကို ၁၈၇၅ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာကြက်​ခြေနီ​ကော်မတီ(အိုင်စီအာစီ) ဟု ​ပြောင်းလဲ​ခေါ်​ဝေါ်ခဲ့ပါတယ်။ ဖက်ဒရေးရှင်းကို ၁၉၁၉ ခုနှစ်မှာ ကြက်ခြေနီအသင်းများအဖွဲ့ချုပ်အမည်နဲ့ စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၁ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းလို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါတယ်။ အမျိုးသားကြက်ခြေနီ၊လခြမ်းနီအသင်းတစ်သင်းဖြစ်တဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းကတော့ ၁၉၂ဝ ပြည့်နှစ်မှာ အိန္ဒိယနိုင်ငံ ကြက်ခြေနီအသင်း၏ အသင်းခွဲအဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၃၇ ခုနှစ်မှာ မြန်မာနိုင်ငံကြက်ခြေနီအသင်းအဖြစ် သီးခြားရပ်တည်ခဲ့ပါတယ်။
ဒီအဖွဲ့ ဝင် (၃)ခုလုံးဟာ ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လူမှုကရုဏာအကူအညီများပေးတဲ့အခါ မတူညီတဲ့ အခန်းကဏ္ဍ လုပ်ငန်းတာဝန်တွေ ကိုယ်စီရှိကြပါတယ်။ အမျိုးသားကြက်ခြေနီ၊ လခြမ်းနီအသင်းတွေဟာ သဘာဝဘေးအန္တရာယ်ကျရောက်သူများကို အကူအညီပေးတဲ့အခါ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ပဋိပက္ခဆိုင်ရာဘေးအန္တရာယ်ကျရောက်သူများကို အကာအကွယ်နှင့်အထောက်အပံ့ပေးတဲ့အခါ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီအဖွဲ့အစည်း(၃) ခုက လူမှုကရုဏာအကူအညီတွေပေးခဲ့တာ နှစ်ပေါင်း ၈၀ ကျော် ရှိခဲ့ပါပြီ။

Read More

  10/ Jul/ 2021

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ကြက်ခြေနီ ကူညီဆောင်ရွက်

၂၀၂၁ ခုနှစ်၊ ဇူလိုင် (၁၀) ရက်
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် မိုင်းယောင်းမြို့နယ်အတွင်း နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း၊ ရောဂါကာကွယ်ရေးကျန်းမာရေးအသိပညာပေးခြင်း၊ ကျန်းမာရေးပိုစတာများကပ်ခြင်းနှင့် မိုင်းယောင်းမြို့အဝင်တံတား၌ ကိုဗစ်-၁၉ စစ်ဆေးရာတွင် ကူညီဆောင်ရွက်ခြင်း၊ မြို့အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများအား ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် သက်ဆိုင်ရာဆေးကုသရာနေရာသို့ ကူညီပို့ဆောင်ပေးခြင်းတို့ကို မိုင်းယောင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆောင်ရွက်ခဲ့ပါသည်။
ထို့အတူ တာချီလိတ်မြို့နယ်မှ ကိုဗစ်-၁၉ ပိုးတွေ့လူနာများသွားလာခဲ့သော နေရာများနှင့်လူနာတင်ယာဉ်များအား ပိုးသတ်ဆေးဖြန်းပေးခြင်းနှင့် ခရိုင်အားကစားခန်းမတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသော လူနာများထားရှိရန် ပြင်ဆင်မှုများတွင်လည်း တာချီလိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်ခဲ့ကြသည်။
ကျိုင်းတုံမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း ကျိုင်းတုံမြို့ စျေးများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် နှာခေါင်းစည်းများအခမဲ့ပေးဝေခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပါသည်။

Read More

  09/ Jul/ 2021

ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်လျော့ပါးရေး (နည်းပြ)သင်တန်းဆင်းပွဲပြုလုပ်

ရန်ကုန်၊ ဇူလိုင်လ (၉) ရက်
မြန်မာနိုင်ငံကြက်ခြေနီအသင်း မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာနမှပြုလုပ်‌သော ရပ်ရွာ လူထုအခြေပြုဘေးအန္တရာယ်လျော့ပါးရေး(နည်းပြ)သင်တန်းဆင်းပွဲကို ၂၀၂၁ခုနှစ်၊ ဇူလိုင်လ (၉)ရက်နေ့ နေ့လည်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင်ပြုလုပ်ခဲ့ရာ အချိန်ပြည့်အလုပ်
အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်မြသူက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းဆင်းလက်မှတ်များကို အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာ ဒေါ်မြသူ၊ ဒုတိအထွေထွေအတွင်းရေးမှူးဒေါက်တာတင်ထွန်းအောင်နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ဒုတိယညွှန်ကြားရေးမှူးဒေါ်မိုးသီတာဝင်းတို့က သင်တန်းသား/သူများအား ပေးအပ်ခဲ့ပြီး သင်တန်းသား(၂)ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

Read More

  09/ Jul/ 2021

မင်းတပ်မြို့နယ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်

မင်းတပ်၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၉) ရက်။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ရပ်ရွာလူထုများအတွက် ကနဦးအရေးပေါ် အထောက်အပံ့များအဖြစ် ဆန်အပါအဝင် အစားအစာများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း၊ စောင်၊ ဆေးစိမ်ခြင်ထောင်၊ မိသားစုသုံးပစ္စည်း၊ လက်ဆွဲရေပုံး၊ ပလပ်စတစ်ဖျာ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း၊ မိသားစုသုံးရေစစ်၊ နေရောင်ခြည်စွမ်းအင်သုံးမီးအိမ်၊ တာပေါ်လင်၊ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် လက်သန့်ဆေးရည်နှင့် နှာခေါင်းစည်းများ အပါအဝင် ပစ္စည်းစုစုပေါင်း (၁၇) မျိုးနှင့် ဆေးပစ္စည်းများကို အိမ်ထောင်စု (၄၈၂) စု၊ လူဦးရေ (၁,၉၉၀) ဦးတို့အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်မှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်း ဦးဆောင်သော ဝန်ထမ်းများနှင့် မကွေးတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်များ စုစုပေါင်း (၁၄) ဦးတို့သည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့မှ (၈) ရက်နေ့အထိ သွားရောက်ဖြန့်ဝေကူညီထောက်ပံ့ခဲ့ပါသည်။
ထို့ပြင် မင်းတပ်မြို့နယ် ကိုဗစ်ကာကွယ်တားဆီးရေးကော်မတီသို့လည်း လက်သန့်ဆေးရည်များ နှင့် Surgical Mask များ ပေးအပ်ခဲ့ပါသည်။ မြန်မာနိုင်ငံကြက်ခြေနီ အသင်းအနေဖြင့် ထိခိုက်ခံစားရသော ရပ်ရွာလူထုများအတွက် လိုအပ်သည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ဆက်လက်ပေးနိုင်ရန် ကြိုတင်ပြင်ဆင်မှုများနှင့် ညှိနှိုင်းမှုများကို ဆောင်ရွက်လျက်ရှိပါသည်။

Read More

  09/ Jul/ 2021

မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်

၂၀၂၁ ခုနှစ်၊ ဇူလိုင် ၉ ရက်
မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပညာပေးခြင်း၊ နှာခေါင်းစည်းများဖြန့်ဝေခြင်းနှင့် အသိပညာပေး ပိုစတာကပ်ပေးခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပြီး မြို့နယ်အတွင်း ရောဂါသံသယရှိသူများအား ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် သက်ဆိုင်ရာဆေးကုသရာနေရာသို့ ပို့ဆောင်ပေးခြင်း၊ နေအိမ်များအား ပိုးသတ်ဆေးဖြန်းပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးလျှက်ရှိပါသည်။
ထို့အတူ ကျိုက်မရောမြို့နယ် ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာတွင် လူနာများလိုအပ်သော အကူအညီများကို ကျိုက်မရောမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၁၀) ဦးက ကူညီပေးလျှက်ရှိပါသည်။
သံဖြူဇရပ်မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း အများပြည်သူအား နှာခေါင်းစည်းများပေးဝေခြင်း၊ အသိပညာပေးပိုစတာများကပ်ခြင်း၊ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များ အသိပညာပေးခြင်းနှင့် ကြက်ခြေနီလူနာတင်ယာဉ်အသုံးပြု၍ လူနာများကို ဆေးရုံ၊ ဆေးခန်းများသို့ ကူညီပို့ဆောင်ပေးနေကြပါသည်။
စစ်တောင်းတံတား၊ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်တွင်လည်း ခရီးသည်များအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ရောဂါပိုးစစ်ဆေးခြင်း၊ ထပ်မံဖွင့်လှစ်မည့် ရောဂါကုသရေးစင်တာ ပြင်ဆင်ခြင်းတို့တွင် ကျိုက်ထိုမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်ပေးနေကြပါသည်။
မော်လမြိုင်မြို့တွင်လည်း ကိုဗစ်-၁၉ ရောဂါသံသယလူနာများအား ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် သက်ဆိုင်ရာဆေးကုသရာနေရာသို့ပို့ဆောင်ပေးခြင်းနှင့် ပိုးသတ်ဆေးဖြန်းပေးခြင်းတို့ကို မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီပေးလျှက်ရှိပါသည်။

Read More

  09/ Jul/ 2021

အသင်းတွင် စတင်တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းသစ်များကို လုပ်ငန်းခွင်ဝင်မိတ်ဆက်သင်တန်းပေး

မြစ်ကြီးနား (ဇူလိုင်လ ၉ ရက်၊ ၂၀၂၁ ခုနှစ်)
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန၊ ကချင်ပြည်နယ် စီမံချက်များစီမံခန့်ခွဲမှုယူနစ်နှင့် လူသားအရင်းအမြစ်ဌာနမှ စီစဉ်သော လုပ်ငန်းခွင်ဝင် မိတ်ဆက်သင်တန်း(၃/၂၀၂၁)ဖွင့်ပွဲကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့ နံနက်ပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းတွင် စတင်တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းသစ်များကို အသင်း၏မူဝါဒများ၊ အခြေခံမူများ၊ မဟာဗျူဟာပန်းတိုင်များ၊ ရုံးလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဝန်ထမ်းများ လိုက်နာရမည့် လမ်းညွှန်ချက်များနှင့်ပတ်သက်ပြီး သိရှိနားလည်လိုက်နာစေရန်နှင့် ဝန်ထမ်းများ လုပ်ငန်းလုပ်ဆောင်ရာတွင် အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ယခုသင်တန်းကို ပြုလုပ်ရခြင်းဖြစ်ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်တီ ဥက္ကဌ ဦးဘရန်ဒီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ လူသားအရင်းအမြစ်ဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ချမ်းမင်းဦးမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ အခမ်းအနားကို ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ၊ အသင်းဌာနချုပ်မှ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ အပါအဝင် စုစုပေါင်း(၁၇)ဦးတို့ တက်‌ရောက်ခဲ့ပါသည်။ အဆိုပါ သင်တန်းကို ဇူလိုင်လ (၈) ရက်နေ့မှ (၁၀)ရက်ထိ (၃)ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကချင်ပြည်နယ်တွင် Enhance resilience and protection of conflict affected populations in Kachin state, Myanmar DRC(HUM) နှင့် Humanitarian Assistance to conflict affected communities and IDPs in Kachin State(GRC) စီမံချက်များအပြင် မြို့နယ်အသီးသီးရှိ ကြက်ခြေနီ စေတနာလုပ်အားရှင်များမှ ဒေသဆိုင်ရာ လိုအပ်ချက်များအလိုက် လူမှုကရုဏာအကူအညီများ လုပ်ကိုင် ဆောင်ရွက်လျှက်ရှိပါသည်။

Read More

  09/ Jul/ 2021

#COVID19 #staysafe #mentalhealth

ကိုဗစ်-၁၉ ကာလတွေမှာ အပြုသဘောဆောင်တဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာတစ်ခုခုကို လုပ်ဆောင်နေခြင်းဖြင့် စိတ်သက်သာရာ
ရစေပါတယ်။

Read More

  08/ Jul/ 2021

ဧရာဝတီတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီကူညီဆောင်ရွက်

COVID-19‌‌ ရောဂါကူးစက်မှုမြင့်မားလာခြင်းနှင့်အတူ နိုင်ငံတဝန်းမှ ကြက်ခြေနီများက ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များက ပုသိမ်မြို့ပေါ်ရှိ အောင်ဧရာစျေး၊ အောင်သီရိစျေး၊ ဧရာမင်းစျေးနှင့် ရာမညစျေးတို့တွင် အသိပညာပေး ပိုစတာများကပ်ခြင်းတို့ကို ၂၀၂၁ခုနှစ်၊ ဇူလိုင်လ (၈)ရက်နေ့က ဆောင်ရွက်ခဲ့ကြပါတယ်။

Read More