06/ Apr/ 2021
၂၀၂၁ခုနှစ်၊ ဧပြီလ(၁)ရက်နေ့က မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၊ နံ့သာရပ်ကွက်၌ မီးလောင်ကျွမ်းခဲ့ရာ ယာယီဖွင့်လှစ်ထားသော မီးဘေးကယ်ဆယ်ရေးစခန်းတွင်ထိခိုက်ဒဏ်ရာရရှိခဲ့ကြသော ပြည်သူများအားရှေးဦးပြုစုနည်းဖြင့် အနာဆေးခြင်း၊ ဆေးထည့်ပတ္တီးစည်းပေးခြင်းနှင့် မီးဘေးကယ်ဆယ်ရေးစခန်းအတွင်း ခြင်ဆေးဖျန်းခြင်းတို့ကို ပြည်ကြီးတံခွန်မြို့နယ်နှင့် အမရပူရမြို့နယ်တို့မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဧပြီလ(၅)ရက်နေ့က ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။
06/ Apr/ 2021
05/ Apr/ 2021
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ဆပ်လဲကျေးရွာမှ အိမ်ထောင်စု (၅၁) စု သည် လတ်တလောဖြစ်ပေါ်နေသည့်အခြေအနေများကြောင့် ပဲခူးမြို့သို့ အရေးပေါ်ရွေ့ပြောင်းခဲ့ရကြောင်း သတင်းရရှိသဖြင့် ၂၀၂၁ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့က နေရပ်စွန့်ခွာ ပြည်သူများ လိုအပ်သည့် ခြင်ထောင် (၅၁) ထည်၊ စောင်(၅၁)ထည် နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၅၁) ထုတ်တို့ကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
05/ Apr/ 2021

04/ Apr/ 2021
03/ Apr/ 2021

02/ Apr/ 2021
"လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေပေါ်မှာ ကျွန်တော်တို့ တာမွေမြို့နယ်ကြက်ခြေနီအသင်းခွဲ အနေနဲ့ ကြက်ခြေနီစေတနာလုပ်အားရှင် ၂၅ ဦးက ဖေဖော်ဝါရီလ (၄) ရက်နေ့ကနေ ယနေ့အချိန်ထိ နေ့ညမပြတ် ပြည်သူများအတွက် လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှု အကူအညီများကို ကူညီပေးလျှက်ရှိပြီး အမြဲ အသင့်အနေအထား ရှိနေပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို ရှေးဦးပြုစုပေးတယ်၊ လိုအပ်ပါက ကြက်ခြေနီလူနာတင်ယာဉ်နဲ့ ဆေးရုံဆေးခန်းတွေကို ပို့ဆောင်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ ကြက်ခြေနီစေတနာလုပ်အားရှင်များအနေနဲ့ လုပ်ဆောင်မှုတိုင်းမှာ ကြက်ခြေနီအခြေခံမူ (၇) ချက်နဲ့အညီ လိုက်နာဆောင်ရွက် ပါတယ်။ ဖေဖော်ဝါရီလနဲ့ မတ်လတွေ အတွင်းမှာ ကျွန်တော်တို့ မြို့နယ်ကြက်ခြေနီအသင်းခွဲ အနေနဲ့ ထိခိုက်ဒဏ်ရာရသူပေါင်း (၂၄၀) ကျော်ကို လိုအပ်တဲ့ အကူအညီများ ပေးနိုင်ခဲ့ပါတယ်... "
02/ Apr/ 2021

01/ Apr/ 2021
