25/ Nov/ 2020

ပင်စင်လာရောက်ထုတ်ယူကြသော အဖိုးအဖွားများအား ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီစောင့်ရှောက်

မော်လမြိုင်မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၃) ဦးက မော်လမြိုင်မြို့၊ မြန်မာ့စီးပွားရေးဘဏ်မှာ ပိုက်ဆံလာရောက်ထုတ်ယူနေတဲ့ သက်ကြီးအဖိုးအဖွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာကို ယခုလိုပဲတွေ့ရပါတယ်။

Read More

  24/ Nov/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့် တနင်္သာရီတိုင်းဒေသကြီးရှိ တိုင်းဒေသကြီး/ခရိုင် နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲများရှိ ဦးဆောင်အုပ်ချုပ်သူများအတွက် ကြက်ခြေနီလုပ်ငန်းများမိတ်ဆက်ခြင်းအစီအစဉ်ဖွင့်ပွဲအခမ်းအနား တက်ရောက်

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ပူးပေါင်း ဖွင့်လှစ်သော တနင်္သာရီတိုင်းဒေသကြီးရှိ တိုင်းဒေသကြီး/ခရိုင် နှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲများရှိ ဦးဆောင် အုပ်ချုပ်သူများအတွက် ကြက်ခြေနီလုပ်ငန်းများ မိတ်ဆက်ခြင်းအစီအစဉ် ဖွင့်ပွဲအခမ်းအနားကို အွန်လိုင်းမှ ယနေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ရာ အသင်း ဥက္ကဌ ဒေါက်တောမောင်မောင်မြင့် တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။
အသင်းဥက္ကဌမှ အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်တဲ့ အစီအစဉ်ကတော့ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ တိုင်းအဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ အဆင့်ဆင့်တို့က ကြက်ခြေနီ လုပ်ငန်းတွေကို ဦးဆောင် အုပ်ချုပ်နေသူများအတွက် ကြက်ခြေနီလုပ်ငန်းများ မိတ်ဆက်ခြင်း အစီအစဉ်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအနေနဲ့လည်း ယခုကာလတွေမှာ ကိုဗစ်ရောဂါ ကာကွယ် တားဆီးရေး လုပ်ငန်းတွေကို တက်တက်ကြွကြွ ပါဝင်ဆောင်ရွက် ပေးနေကြတာကို တွေ့မြင်နေ ရတဲ့အတွက် ဝမ်းသာအားရ မိပါကြောင်း၊ တိုင်းဒေသကြီးအနေနဲ့လည်း ဌာနချုပ်ရဲ့ အကူအညီ လိုအပ်ချက်များရှိပါက အချိန်မရွေး ဆက်သွယ်နိုင်ပါကြောင်း၊ ဌာနချုပ်ဘက်မှလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးဖို့ အသင့်ရှိနေသလို တိုင်းဒေသကြီးဘက်ကလည်း အသင်း ပုံရိပ်ကို ဆက်လက်ထိန်းသိမ်းပေးကြဖို့ ဒီနေရာက တိုက်တွန်းချင်ပါကြောင်း၊ အထူးသဖြင့် အုပ်ချုပ်မှုအပိုင်းကို တာဝန်ယူဆောင်ရွက်နေကြတဲ့ ကြက်ခြေနီကြီးကြပ်မှု ကော်မတီဝင်များ၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင် အဖွဲ့ဝင်များ အနေနဲ့ မိမိတို့ဒေသမှာ ကြက်ခြေနီနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် သိရှိပြီး လုပ်ငန်းအဆင်ပြေ ချောမွေ့စေဖို့အတွက် ကြက်ခြေနီ ဗဟုသုတနဲ့ အခြေခံ သတင်းအချက်အလက်တွေကို သိရှိထားဖို့အတွက် ယခုလို ပြုလုပ် ရခြင်း ဖြစ်ပါကြောင်း၊ အဓိက ကတော့ ဦးဆောင် အုပ်ချုပ်သူများအနေဖြင့် ကြက်ခြေနီလှုပ်ရှားမှု၏ အခန်း ကဏ္ဍ၊ အခြေခံမူများနှင့် လုပ်ငန်းတာဝန်များကို သိရှိ နားလည် လိုက် နာဆောင်ရွက်နိုင်ရန်၊ ဦးဆောင်အုပ်ချုပ်သူများ၏ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများကို သိရှိ ဆောင်ရွက်နိုင်ရန်၊ အသင်းက ရေးဆွဲချမှတ်ထားသည့် မဟာဗျူဟာစီမံကိန်းများ၊ အမျိုး သားအသင်း၏ အရန်အင်အား အခန်းကဏ္ဍကို သိရှိပြီး ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုများတွင် ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက်ပဲ ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အားဖြင့် အသင်းရဲ့ ရည်မှန်းချက်နဲ့ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ရာမှာ ဦးဆောင်သူများ အနေနဲ့ မိမိတို့ အရပ်ဒေသအလိုက် ကြက်ခြေနီလုပ်ငန်းတွေကို ယခုထက် တိုးတက်ဖွံ့ဖြိုးလာအောင် လမ်းညွှန် ထိန်းကြောင်း ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်း မှာကြားခဲ့ပါသည်။
ဆက်လက်ပြီး လုပ်ငန်းများမိတ်ဆက်ခြင်း ပထမနေ့ အစီအစဉ်အဖြစ် အမျိုးသားအသင်း၏ အရန်အင်အားအခန်းကဏ္ဌ (NS Auxiliary Role) နှင့် ဒေသအာဏာရှိသူများနှင့် ပူးပေါင်းဆက်သွယ်မှု (Relationship with Authority) ကို အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာ ထင်ဇော်စိုးမှ လည်းကောင်း၊ ကြက်ခြေနီသမိုင်းကြောင်း၊ အခန်းကဏ္ဌနှင့် လှုပ်ရှားမှုအဖွဲ့ဝင်များ အကြောင်း မိတ်ဆက်ခြင်း (RC History & Movement) နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းအကြောင်း (MRCS)နှင့် ကြက်ခြေနီအခြေခံမူ (၇) ချက်နှင့် ကြက်ခြေနီအမှတ်အသား အကြောင်း (7 Fundamental Principle & Emblem) ကို လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးဌာန ညွှန်ကြားရေးမှူး ဒေါ်ရွှေစင်ကျော်စိုးမှ လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အကြောင်းကို ICRC မှ ဦးအောင်မိုးကျော်မှ လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) အကြောင်းကို IFRC မှ ဦးကျော်ဦးခိုင်မှ လည်းကောင်း၊ အသင်း၏ မဟာဗျူဟာ ၂၀၂၁ - ၂၀၂၅ (Strategic Plan 2021 – 2025) အကြောင်းကို အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်လင်းလင်းသက်မှ လည်းကောင်း၊ အသင်းခွဲခေါင်းဆောင်များ၏ လုပ်ငန်းတာဝန်များ (Roles and Responsibility of RC leaders) တိုင်း/ ပြည်နယ်/ ခရိုင်ကြီးကြပ် ကော်မတီများ၏ လုပ်ငန်းတာဝန်များနှင့် မြို့နယ်အသင်းခွဲ အမှုဆောင်များ၏ လုပ်ငန်း တာဝန်မျာအကြောင်းကို အကြောင်းကို အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်နှင်းဖြူဖြူမြင့်မှလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ပါသည်။
နိုဝင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်အထိ နှစ်ရက်တာပြုလုပ်မည့် အဆိုပါ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို အသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့်၊ ဒုတိယဥက္ကဌဒေါက်တာ ဒေါ်အမယာမော်နိုင်၊ အထွေထွေ အတွင်းရေးမှူး ပါမောက္ခဒေါက်တာ ထင်ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာ ဒေါ်ညိုညိုဝင့်၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှတာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများဖက်ဒရေးရှင်းမှ တာဝန်ရှိသူများ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဝန်ထမ်းများနှင့် တနင်္သာရီတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များ၊ ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင်ကြက်ခြေနီကော်မတီဝင်များ၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ တနင်္သာရီ၊ ရေဖြူ၊ သရက်ချောင်း၊ ပုလော၊ ဘုတ်ပြင်း၊ ကျွန်းစု၊ လောင်းလုံမြို့နယ်များမှ မြို့နယ်ကြက်ခြေနီအသင်းခွဲ အမှုဆောင်အဖွဲ့ဝင် ၄၂ ဦး စုစုပေါင်း ၅၉ ဦး တက်ရောက်ခဲ့ပါသည်။

Read More

  20/ Nov/ 2020

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဥ်းမနားမြို့တွင် COVID- 19ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နေကြပါတယ်။

မြို့တွင်း နေရာ ၄ နေရာမှာ နှာခေါင်းစည်းတပ်ဆင်ထားခြင်းမရှိတဲ့ ခရီးသွားပြည်သူ‌ေတွကိုအသိပညာ‌ေပးခဲ့ကြပြီး နှာခေါင်းစည်း‌ေတွ အခမဲ့‌ေပးဝေခဲ့ကြပါတယ်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှဝန်ထမ်းများနဲ့အတူ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးအောင်ချို၊ ပျဥ်းမနားမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးအောင်နိုင်ဦး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန်းနိုင်၊ ကြက်ခြေနီစေတနာလုပ်အားရှင် ၁၈ဦးတို့က ကူညီဆောင်ရွက်ခဲ့ကြတယ်။  

Read More

  20/ Nov/ 2020

ယခုအခါ COVID-19‌ကာကွယ်ရန်အတွက် နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ရေး လှုပ်ရှားမှုများ နေရာအနှံ့ ပြုလုပ်နေကြတာကို တွေ့နေရပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ မအူပင်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးဆောင်မှုနဲ့ ဌာနပေါင်းစုံပါဝင်ကာ တိုးရွှေဝါခန်းမရှေ့၊နာရီစင်အရှေ့၊အခွန်လွတ်စျေးရှေ့များမှာ ပြည်သူ‌ေတွကို နှာခေါင်းစည်း အခုရေ(၄၈၀၀)ပေးဝေရာမှာ မအူပင်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းရွှေ နဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်(၁၂)ဦးတို့ကလည်း ပါဝင်ကူညီခဲ့ကြတယ်လို့သိရပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Read More

  20/ Nov/ 2020

အသွားအလာကန့်သတ်စောင့်ကြပ်ရေးစင်တာမှာ ညဘက်တွေ ကူညီလုပ်ကိုင်နေရတဲ့အချိန် အတူကူညီလုပ်ကိုင်နေတဲ့ လုပ်ဖော်ကိုင်ဖက် ကြက်ခြေနီစေတနာလုပ်အားရှင် က လာရောက်အားပေးတဲ့အချိန်ဆို ပျော်ရွှင်အားတက်မိပါတယ်။ ရောဂါကာကွယ်ရေးအတွက် ရှေ့တန်းကနေဆောင်ရွက်နေချိန်မှာ တစ်ယောက်ကိုတစ်ယောက် ညစဉ်ညတိုင်း အချင်းချင်းကူညီစောင့်ရှောက်နေကြတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်များ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Read More

  19/ Nov/ 2020

နိုဝင်ဘာလ ၁၉ရက်နေ့က မိုင်းတုံမြို့နယ်က ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ မိုင်းတုံမြို့နယ်မှာရှိတဲ့ လူအများဖြတ်သန်းသွားလာလေ့ရှိတဲ့ နေရာတွေမှာ ကိုဗစ်၁၉ရောဂါကာကွယ်ရေးအသိပညာပေးဖို့ ဆောင်ရွက်ခဲ့ကြပါတယ်။ အဲ့ဒီလိုဆောင်ရွက်ရာမှာ နှာခေါင်းစည်းမဝတ်ဆင်ထားသူတွေကို နှာခေါင်းစည်းတွေအခမဲ့ပေးဝေခဲ့ပြီး အပြင်ထွက်တိုင်းဝတ်ဆင်အသုံးပြုဖို့ တိုက်တွန်းနှိုးဆော်တာတွေနဲ့ လိုက်နာဆောင်ရွက်ရမယ့်အချက်တွေ ရှောင်ကြဉ်ရမယ့်အချက်တွေကို ဗဟုသုတမျှဝေပေးခဲ့ကြပါတယ်။ အလားတူ မိုင်းပျဉ်းမြို့နယ်က ကြက်ခြေနီစေတနာလုပ်အားရှင်တွေကလည်း မိုင်းပျဉ်းမြို့အဝင်ဂိတ်ကနေ ဖြတ်သန်းသွားလာသူတွေကို ခရီးသွားမှတ်တမ်းတွေကောက်ယူခဲ့ကြပြီး ကိုယ်အပူချိန်တိုင်းပေးကာ လက်သန့်စင်ဆေးရည်များအသုံးပြုကြဖို့နဲ့ မကြာခဏလက်ကို စင်ကြယ်စွာဆေးကြောဖို့ တိုက်တွန်းခဲ့ကြကြောင်းကို ရှမ်းပြည်နယ်အရှေ့ပိုင်း အထောက်အကူပြုအရာရှိ ဒေါ်သန္တာအောင်ရဲ့ သတင်းပေးပို့မှုအရသိရှိရပါတယ်။

Read More

  19/ Nov/ 2020

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်မှာ COVID-19 ရောဂါကာကွယ်ရေးအတွက် မြို့ပေါ်ရှိ ဈေးများမှာ နှာခေါင်းစည်း(၄၆၀၀)ခု၊ မျက်နှာကာ (၄၀၀)ခု တို့ကို အခမဲ့ပေးဝေခြင်းကို နိုဝင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ခရိုင်ပြည်သူ့ကျန်းမာ‌‌ဦးစီးဌာနမှူးက ဦးဆောင်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက အဖွဲ့(၃)ဖွဲ့ခွဲပြီးတော့ ဆောင်ရွက်ရာမှာ ဒုတိယမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်ဝင်းနိုင် ဦးဆောင်တဲ့ ကြက်ခြေနီစေတနာလုပ်အားရှင် ၁၇ ဦး တို့ကလည်းပါဝင် ကူညီခဲ့ကြပြီး အသိပညာပေးသရုပ်ဖော်ခြင်းကိုလည်း ပြုလုပ်ခဲ့ကြတယ်။

Read More

  18/ Nov/ 2020

👉👉 ဘားအံမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ နေရာအနှံ့ဆောင်ရွက်နေမှုများအား နိုဝင်ဘာလ ၁၇ ရက်နေ့နှင့် ၁၈ရက်နေ့များတွင် ယခုလိုပဲတွေ့ခဲ့ရသည်။

⭐️⭐️ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ မြို့ဝင်ဒုံသမိစစ်ဆေးရေးဂိတ်၊ အမှတ်(၂) ရပ်ကွက် မြို့မဈေး၊ ဈေးတန်းလမ်းရှေ့နှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့တို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်း၊ ပိုးသတ်ဆေးဖြန်းပေးခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း၊ ရေမလိုလက်သန့်ဆေးရည်များ ဖြန့်ဝေပြီး စနစ်တကျလက်ဆေးစေခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ကျွန်ုပ်တို့ရဲ့ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆောင်ရွက်ပေးခဲ့ကြကြောင်း ဒေါ်နန်းလှသန်းထံမှသိရပါသည်။

Read More

  18/ Nov/ 2020

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၁၈ရက်နေ့က ရခိုင်ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ထွေးနဲ့ စစ်တွေမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်နိုင်ဦး ဦးဆောင်တဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ စစ်တွေမြို့နယ်မှာရှိတဲ့ သာယာကုန်း(ကမန်းတိုင်းရင်းသား)ကျေးရွာမှာနေထိုင်ကြတဲ့ ကျေးလက်နေပြည်သူတွေကို ကိုဗစ်၁၉ရောဂါကာကွယ်ရေးအသိပညာပေးခြင်းနဲ့ ဗဟုသုတမျှဝေခြင်းတို့ကိုဆောင်ရွက်ဖို့အတွက် သွားရောက်ခဲ့ကြပါတယ်။ အဲ့ဒီလိုအသိပညာပေးဆောင်ရွက်ရာမှာ ရောဂါမဖြစ်ပွားဖို့အတွက် လိုက်နာဆောင်ရွက်ရမယ့်အချက်တွေကို စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြခဲ့ကြပြီး မကြာခဏလက်ဆေးဖို့၊ မလိုအပ်ဘဲအပြင်မထွက်ဖို့၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ နေထိုင်ကြဖို့နဲ့ အပြင်သွားတိုင်းနှာခေါင်းစည်းဝတ်ဆင်အသုံးပြုကြဖို့ တိုက်တွန်းခဲ့ကြပြီး ကြက်ခြေနီစေတနာလုပ်အားရှင်တွေကိုယ်တိုင်ချုပ်လုပ်ထားတဲ့ အဝတ်နှာခေါင်းစည်းတွေနဲ့ လက်သန့်စင်ဆေးရည်တွေကို မျှဝေပေးခဲ့ကြပါတယ်။ 💚 စစ်တွေမြို့နယ်က ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ ရောဂါကာကွယ်ရေးဆောင်ရွက်ရာမှာ ကျရာနေရာက မညည်းမညူပါဝင်ဆောင်ရွက်နေကြတာဖြစ်ပြီး စစ်တွေမြို့နယ်က အသင်းရုံးခွဲမှာလည်း အဝတ်နှာခေါင်းစည်းတွေ ကိုယ်တိုင်ချုပ်လုပ်ကာ ရပ်ရွာလူထုကို ဝေမျှနေကြတာပဲဖြစ်ပါတယ်။

Read More