07/ Oct/ 2020

မြိတ်တွင် COVID-19ရောဂါကာကွယ်ရေး ကြက်ခြေနီ ဆက်လက်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် မြိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဒုတိယမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်သင်းသင်းအေးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၇ ဦးတို့သည် မြိတ်မြို့ ရာပြည့်ရပ်ကွက်တွင်လည်းကောင်း၊ အောက်တိုဘာလ ၈ ရက်နေ့တွင် ဒုတိယကြက်ခြေနီတပ်ခွဲမှူး ဦးဇေယျာမိုးနှင့် ကြက်ခြေနီစေတနာ လုပ်အားရှင် ၆ ဦးတို့သည် မြို့သစ် ၁ ရပ်ကွက်နှင့် ကန်ဘောင်ရိုးရပ်ကွက် တို့တွင်လည်းကောင်း၊ အောက်တိုဘာလ ၉ ရက်နေ့တွင် ဒုတိယမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်သင်းသင်းအေးနှင့် ကြက်ခြေနီ စေတနာလုပ်အားရှင် ၅ဦးတို့သည် ဇေယျာသီရိ ၂ ရပ်ကွက်တွင်လည်းကောင်း COVID 19 အသိပညာပေး ဆော်ဩခြင်း၊ အသိပညာပေး ပိုစတာများ ကပ်ခြင်းတို့ကို ဆက်လက် ဆောင်ရွက်ခဲ့ကြသည်။

Read More

  06/ Oct/ 2020

ဓါတ်ခွဲနမူနာများအား မြစ်ကြီးနားမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီးရှိ အမျိုးသားဓါတ်ခွဲဌာနသို့ ပို့ဆောင်ရာတွင် ကြက်ခြေနီက ကူညီဆောင်ရွက်

၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ၆ရက်နေ့က ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ တတိယတန်းဦးစီးမှူး ဦးမောင်ချိုနှင့် မြစ်ကြီးနားမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးအောင်မြတ်သူ တို့သည် ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးတစ်ဦးနှင့်အတူ မြစ်ကြီးနားမြို့နယ်မှ ဓါတ်ခွဲနမူနာများအား ရန်ကုန်တိုင်းဒေသကြီးရှိ အမျိုးသားဓါတ်ခွဲဌာနသို့ ပို့ဆောင်ကူညီပေးခဲ့ကြသည်။  

Read More

  06/ Oct/ 2020

COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီ ပူးပေါင်းဆောင်ရွက်ထား

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၆ ရက်နေ့က ချောင်းဆုံမြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌဦးတင်လှိုင်ဦး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၅) ဦးတို့သည် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကွမ်သဲကျေးရွာရှိ CBFQ စခန်းမှ အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူမည့်သူများအား COVID-19 ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့် နေရာချထားခြင်းတို့ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိကြသည်။

Read More

  06/ Oct/ 2020

ပေါက်တောတွင် ကြက်ခြေနီက ကိုဗစ်၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

၂၀၂၀ပြည့်နှစ် အောက်တိုဘာလ၆ရက်နေ့က ပေါက်တောမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်ဝင်းစိုးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်ထားသော အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် အစားအသောက်စီစဉ်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြပြီး ပေါက်တောမြို့ရှိ ရပ်ကွက်များအတွင်း ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအားနှိုးဆော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

Read More

  05/ Oct/ 2020

ရေဖြူမြို့နယ် ကလိန်အောင်မြို့တွင် COVID-19 ကာကွယ်ရေး ကြက်ခြေနီက ပူးပေါင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အတွင်းCOVID-19ရောဂါကာကွယ်နိုင်ရန်အတွက် ဌာနဆိုင်ရာရုံးများ၊ လူသွားလူလာများသော စျေးဆိုင်များ၊ စားသောက်ဆိုင်များ၊ကလိန်အောင်မြို့ဆံတော်ရှင်ဂေါပကစျေးနှင့် ဆံတော်ရှင်စေတီမြတ်ရင်ပြင် တို့တွင် ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၅ ရက်နေ့က ရေဖြူမြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်‌‌ခြေနီတပ်ဖွဲ့မှူး ဒေါ်သီတာတင်နှင့် မြို့နယ်ကြက်‌ခြေနီတပ်စုမှူး ဦးအောင်ဖြိုးခိုင် တို့ဦးဆောင်‌သော ကြက်ခြေနီစေတနာလုပ်အားရှင်(၄)ဦးတို့သည် ဖြူစင်မေတ္တာ အရေးပေါ် ကယ်ဆယ်ရေးအသင်း(ကလိန်အောင်မြို့) ၊ ရွက်နုဝေ အရေးပေါ်ကယ်ဆယ်ရေးအသင်း(နှမ်းကျဲကျေးရွာ)၊ မြတ်ရတနာ အရေးပေါ်ကယ် ဆယ်ရေးအသင်း(ရေပုံးကျေးရွာ)တို့နှင့် ပူးပေါင်းကာ ရောဂါကာကွယ်ရေးအတွက် အသိပညာပေးခြင်း၊ ဆေးဖြန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။  

Read More

  05/ Oct/ 2020

မြိတ်တွင် COVID-19 ရောဂါကာကွယ်ရေး ကြက်ခြေနီ ဆက်လက်ဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၅ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့ ဒုတိယတိုင်းကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်အေးအေးသန်း၊ မြိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဒုတိယမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်သင်းသင်းအေးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၈ ဦးတို့သည် မြိတ်မြို့ မြစ်ငယ်ရပ်ကွက်နှင့် ပလောက်စုရပ်ကွက် တို့တွင်လည်းကောင်း၊ အောက်တိုဘာလ ၄ ရက်နေ့က ပန်စရာရပ်ကွက်နှင့် ဘုရားကိုင်ရပ်ကွက်တို့တွင်လည်းကောင်း COVID- 19 ရောဂါကာကွယ်ရေး အသိပညာပေး ဆော်ဩခြင်း၊ အသိပညာပေး ပိုစတာများ ကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

Read More

  05/ Oct/ 2020

COVID-19 ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကြက်ခြေနီ ဆောင်ရွက်ထား

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၅ ရက်နေ့က တောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ခွဲမှူး ဒေါ်နန်းလှိုင်လှိုင်ထွေး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၄ ဦးတို့က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ နောင်ကားကျေးရွာဈေးတွင် COVID-19 ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေခဲ့ကြပါသည်။

Read More

  04/ Oct/ 2020

မိုးကုတ်တွင် လူငယ်ကြက်‌ခြေနီကော်မတီက COVID-19ကာကွယ်ရေး ဆောင်ရွက်

COVID-19ရောဂါကာကွယ်ရေးအတွက် နိုင်ငံအနှံ့ နေရာတိုင်းမှာ အရင်ကထက် အရှိန်အဟုန်မြှင့်ပြီးလုပ်ဆောင်နေရာ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် လူငယ်ကြက်‌ခြေနီကော်မတီက ဦးဆောင်ပြီး ၂၀၂၀ပြည့်နှစ်အောက်တိုဘာလ ၄ ရက်နေ့က မိုးကုတ်အရှေ့ပိုင်းနဲ့ အနောက်ပိုင်းတို့မှာ နှာခေါင်းစည်း ၃၀၀၀ ကို ပေးဝေခဲ့ကြပါတယ်။ လူငယ်ကြက်‌ခြေနီကော်မတီဝင်များ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ စုစုပေါင်း ၂၇ဦး တို့ပါဝင်လှုပ်ရှားခဲ့ပြီး လူငယ်ကြက်‌ခြေနီကော်မတီခေါင်းဆောင် မဖြူစင်မေနှင့် ဒုတိယခေါင်းဆောင် ကိုဟိန်းထက်ဇော်တို့က ဦးဆောင်ခဲ့ ပါတယ်။ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးဝင်းတင့်မှနေ့လည်စာ ထမင်းဘူးနဲ့ ဖျော်ရည်၊ ဦးအောင်မြင့်အေး+ဒေါ်သဲဆုထွေးမိသားစုတို့က ခေါက်ဆွဲကျွေးခဲ့ပြီး ကျပ်ပြင်မှ ဆရာမဒေါ်လှလှဝင်းမိသားစု (ဝင်းကျောက်မျက်ရတနာ)က Pocari Sweat ၂ ကတ်နဲ့ နှာခေါင်းစည်း ၃ဘူး လှူဒါန်းခဲ့ကြသည်။

Read More

  04/ Oct/ 2020

မွန်ပြည်နယ်တွင် ကြက်ခြေနီစေတနာလုပ်အားရှင်များအား ချီးကျူးဂုဏ်ပြု

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၄ ရက်နေ့က မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးချိုမင်းလင်းနှင့် ပြည်နယ်တပ်ဖွဲ့မှူး ဦးကျော်မြင့်တို့က မွန်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်မှ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသော ကြက်ခြေနီစေတနာလုပ်အားရှင်များအား အခြေခံစားသုံးကုန်များ (ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ အာလူး)၊ အသင်းအမှတ်တံဆိပ်ပါ အင်္ကျီနှင့် ဦးထုပ်၊ လက်သန့်ဆေးရည်နှင့် နှာခေါင်းစည်းများကို ထောက်ပံ့ပေးခဲ့ပါသည်။ ထို့နောက် ကြက်ခြေနီစေတနာလုပ်အားရှင်များကို ချီးကျူးဂုဏ်ပြုစကား ပြောကြားပြီး လိုအပ်ချက်များအား လမ်းညွှန်ပြောကြားခဲ့ကြသည်။

Read More