23/ Apr/ 2021

ထားဝယ်တွင် လူနာများကို ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ဆေးရုံပို့ပေး

၂၀၂၁ခုနှစ်၊ ဧပြီလ(၂၃)ရက်နေ့ ညနေပိုင်းတွင်တနင်္သာရီတိုင်း‌ေဒသကြီး ထားဝယ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ထားဝယ်မြို့ တလိုင်းမရပ်မှ သတိလစ်လူနာတစ်ဦးကိုလည်း‌ေကာင်း၊ ညပိုင်းတွင် ပိန္နဲတောရပ်မှ အစာအိမ်လူနာတစ်ဦးကိုလည်းကောင်း အသင်းခွဲလူနာတင်ယာဉ်ဖြင့် နေအိမ်မှဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။
ထို့အတူ ဧပြီလ(၂၄)ရက်နေ့ နံနက်ပိုင်းကလည်း ဆေးရုံဆင်း လူနာတစ်ဦးကို သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာနေအိမ်သို့ ကူညီပြီးပို့ဆောင်ခဲ့ကြတယ်။

Read More

  23/ Apr/ 2021

သွေးအန်လူနာအား ကြက်ခြေနီက နေအိမ်မှဆေးရုံသို့ ပို့ဆောင်ကူညီ

၂၀၂၁ခုနှစ်၊ ဧပြီလ၂၃ရက်နေ့ နံနက် ၅နာရီခန့်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေပြည်အေးရပ်ကွက်မှ သွေးအန်လူနာတစ်ဦးအား မွန်ပြည်နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက နေအိမ်သို့သွားရောက်ခေါ်ဆောင်ကာ ကြက်ခြေနီလူနာတင်ယာဥ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။

Read More

  23/ Apr/ 2021

လှိုင်းဘွဲ့တွင် ကြက်ခြေနီက ကိုဗစ်၁၉ရောဂါ ကာကွယ်ရေး ဆက်လက်ဆောင်ရွက်လျှက်ရှိ

ကရင်ပြည်နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကရင်ပြည်နယ်ရှိမြို့နယ်အသီးသီးတွင် ထိခိုက်ဒဏ်ရာရရှိသူများအားရှေးဦးပြုစုပေးခြင်း၊ လူမှုကရုဏာအကူအညီလိုအပ်နေသူများအား ကူညီစောင့်ရှောက်ပေးခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပါသည်။
လှိုင်းဘွဲ့မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက ကိုဗစ်၁၉ရောဂါ ကူးစက်မှုများအား ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့တွင်းလူအများသွားလာနေသောနေရာများနှင့် ကျေးရွာအဝင်ဂိတ်များတွင် ကိုဗစ်၁၉ရောဂါ အသိပညာပေးပိုစတာများကပ်ခြင်း၊ လက်သန့်ဆေးရည်များအသုံးပြုရန်နှင့် အပြင်ထွက်တိုင်းနှာခေါင်းစည်း အသုံးပြုကြရန်နှိုး​ဆော်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

Read More

  22/ Apr/ 2021

လူတိုင်းအတွက်အမြဲကူညီ နေရာတိုင်းမှာကြက်ခြေနီ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မူလုပ်ငန်းများအား ကူညီဆောင်ရွက်ပေးလျှက်ရှိရာ ၂၀၂၁ခုနှစ် ဧပြီလ ၂၂ရက်နေ့က ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၄ရပ်ကွက်မှ အဆုတ်ရေဝင်လူနာတစ်ဦးအားလည်းကောင်း၊ ၃၁ရပ်ကွက်မှ အရိုးကျိုးလူနာတစ်ဦးအားလည်းကောင်း နေအိမ်များမှ ဆေးရုံသို့ အသီးသီးပို့ဆောင်ကူညီပေးခဲ့ကြသည်။

Read More

  21/ Apr/ 2021

ကြက်ခြေနီစေတနာလုပ်အားရှင်များက ပင်စင် လာထုတ်သူ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) အဖိုး၊ အဖွားများကို ကျန်းမာရေးစောင့်ရှောက်

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၇)ဦးတို့သည် အင်းစိန်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲတွင်ပင်စင်လစာ လာရောက်ထုတ်ယူကြသောနိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)အဖိုး၊အဖွားနှင့် ပြည်သူများကို ကျန်းမာ
ရေးစောင့်ရှောက်ပေးခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်းတို့ကို ၂၀၂၁ခုနှစ်၊ ဧပြီလ(၂၁)ရက်နေ့မှ ဧပြီလ(၂၉)ရက်နေ့အထိ နေ့စဉ်ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

Read More

  21/ Apr/ 2021

ကြည့်မြင်တိုင်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ လူနာတင်ယာဉ်ဖြင့် အကူအညီပေး

၂၀၂၁ခုနှစ်၊ ဧပြီလ(၂၁)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဆီးလမ်းကြောင်းလူနာတစ်ဦး၊ လေဖြတ်လူနာတစ်ဦး၊ အူအတက်ပေါက်လူနာတစ်ဦးကို အသင်းခွဲမှလူနာတင်ယာဥ်ဖြင့် ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြသည်။

Read More

  21/ Apr/ 2021

ပင်စင် လာထုတ်သော နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) အဘိုး အဖွားများကို ကြက်ခြေနီက ကျန်းမာရေးစောင့်ရှောက်မှုပေး

၂၀၂၁ခုနှစ်၊ ဧပြီလ(၂၁)ရက်နေ့ တွင် တာ​​မွေမြို့နယ်ကြက်​ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၁၀)ဦးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်ဆရာဝန်(၁)ဦးတို့သည် တာမွေမြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပင်စင်လစာ လာရောက်ထုတ်ယူကြ​သော နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) အဘိုး အဖွားများနှင့် ပြည်သူများကို ကျန်းမာရေးစောင့်​ရှောက်မှု​ပေးခြင်း၊ နှာ‌ေခါင်းစည်းများပေး​ဝေခြင်း၊ မူး​မော်​ခေါင်းကိုက်သူများနှင့် ​သွေးတိုးရှိသူများအား ​ဆေးအကူအညီ​ပေးခြင်း တို့ကို ဆောင်ရွက်‌ပေးခဲ့ကြသည်။

Read More

  21/ Apr/ 2021

လူနာများကို ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ကူညီပို့ဆောင်

၂၀၂၁ခုနှစ်၊ ဧပြီလ(၂၁)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြိုနယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် (၄၅)ရပ်ကွက်မှ သတိမေ့လူနာတစ်ဦး၊ (၃၇)ရပ်ကွက်မှ လေဖြန်းလူနာတစ်ဦး၊ (၄၆)ရပ်ကွက်မှ လေဖြန်းလူနာတစ်ဦးကိုဆေးရုံသို့လည်းကောင်း၊ "Emergency First Aids &Community Based Clinic "တွင်လာရောက်ပြသည့်လူနာများအနက် ဆေးရုံသို့ညွှန်းပို့ရန်လိုသည့်လူနာများကို အသင်းခွဲမှ လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်‌ခြင်းကို လည်းကောင်း ကူညီဆောင်ရွက်‌ေပးခဲ့ကြသည်။

Read More

  21/ Apr/ 2021

ဆေးရုံဆင်းလူနာကို ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် နေအိမ်သို့ ပို့ဆောင်ကူညီ

၂၀၂၁ခုနှစ်၊ ဧပြီလ(၂၁)ရက်နေ့ နေ့လည်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဆေးရုံဆင်းလူနာတစ်ဦးကို ရှမ္မလည်ဆွဲရပ်ကွက်ရှိ နေအိမ်သို့ အသင်းခွဲမှ လူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြသည်။

Read More