17/ Mar/ 2021

လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ

"ကျွန်မတို့ မိုးကုတ်မြို့နယ် ကြက်ခြေနီအသင်းခွဲအနေနဲ့ စေတနာလုပ်အားရှင် (၄၅) ဦးက မိုးကုတ်မြို့ပေါ်မှာ ရှေးဦးပြုစုခြင်းစခန်း (၂) ခု၊ မိုးကုတ်အနောက်ပိုင်း ကြပ်ပြင်မှာ (၁) ခု စုစုပေါင်း ရှေးဦးပြုစုခြင်းစခန်း (၃) ခုဖွင့်ပြီး ထိခိုက် ဒဏ်ရာရသူ‌တွေကို ရှေးဦးပြုစုပေးခဲ့ပါတယ်။ ဒါ့အပြင် ကျွန်မတို့ ကြက်ခြေနီတပ်ဖွဲ့ ကားတစ်စီးနဲ့ လိုအပ်တဲ့နေရာတွေကို ရွေ့လျားရှေးဦးပြုစုခြင်းပေးခြင်းကိုလည်း လိုက်လံဆောင်ရွက်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ရီလကနေ ယနေ့အချိန်အထိ ကျွန်မတို့အနေနဲ့ ထိခိုက်ဒဏ်ရာရသူ (၄၀) ကျော်ကို ကူညီပေးခဲ့ပါတယ်။ ဒီအထဲမှာ ပွန်းပဲ့ထိခိုက်ဒဏ်ရာရတဲ့သူ၊ သတိလစ် မူးမေ့လဲသွားတဲ့သူ၊ ဆိုင်ကယ် accidents ကြောင့် ဒဏ်ရာရတဲ့သူ၊ ရာဘာကျည် ထိမှန်ဒဏ်ရာရတဲ့သူ စတဲ့ထိခိုက်ဒဏ်ရာရသူတွေကို ကျွန်မတို့ကြက်‌ခြေနီအဖွဲ့က ရှေးဦးပြုစုပေးပြီး လိုအပ်ရင် အိမ်အရောက် ကြက်ခြေနီကားနဲ့ လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။ အချို့ ဆိုင်ကယ်မှောက်လို့ ချုပ်ရတဲ့ ဒဏ်ရာလိုမျိုး ဆရာဝန်လိုအပ်တဲ့အခါမှာဆို လက်ရှိဖွင့်ထားတဲ့ Fever clinic ကို ညွှန်းပို့ပေးတာရှိသလို မြို့နယ်အသင်းခွဲ ဥက္ကဌ Dr.အောင်မြင့် ကိုယ်တိုင်ကလည်း ဆရာဝန်ဖြစ်တဲ့အတွက် အချိန်မရွေး သူ့ဆေးခန်းဆီသွားပြီး ဆေးထည့်ပေးတာတွေလည်းရှိပါတယ်။
မိုးကုတ်မြို့နယ် ကြက်ခြေနီအသင်းခွဲအနေနဲ့ လက်ရှိထိခိုက် ဒဏ်ရာရသူ‌တွေ ကို ရှေးဦးပြုစု‌ပေးခြင်းအပြင် အခြား ကူညီရန်လိုအပ်တဲ့ မူးယစ်ဆေးဖြတ်တဲ့ မက်သဒုံးစင်တာလိုမျိုး၊ Covid -19 ကာကွယ်ရေးနဲ့ Fever clinic တို့မှာ‌ေရာဂါကုသ‌နေတာ‌တွေ ရှိတဲ့အတွက် ပါဝင်ကူညီပေးရတာတွေလည်း ရှိပါတယ်။ ကြက်ခြေနီအနေနဲ့ ပြည်သူတွေအတွက် လိုအပ်ချက်ကို အခြေခံမူများနဲ့အညီ ကူညီလုပ်ဆောင်ပေးနေပါတယ်။"

Read More

  17/ Mar/ 2021

တိမ်ညိုနေရပ်စွန့်ခွါစခန်းမီးဘေးသင့် အိမ်ထောင်စုများကို ကြက်ခြေနီက ကူညီထောက်ပံ့

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့ ည ၈း၂၀ ခန့် က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာ၊ တိမ်ညိုနေရပ်စွန့်ခွါစခန်းတွင် မီးလောင်မှုဖြစ်ပွါးခဲ့သောကြောင့် ထိခိုက် ခံစားရသည့် အိမ်ထောင်စု (၆၆၃) စု အား လိုအပ်သည့် ထောက်ပံ့ပစ္စည်းများကို မတ်လ (၂၀) ရက်နေ့က သွားရောက် ပေးအပ်ခဲ့ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရခိုင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးထွန်းရွှေ၊ ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ထွေးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ရခိုင်ပြည်နယ်စီမံချက်များစီမံခန့်ခွဲမှုယူနစ် မန်နေဂျာ ဦးစည်သူတိုးညွန့်နှင့် စီမံချက်ဝန်ထမ်းများ၊ ကျောက်တော်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဘိုအောင်သိန်းနှင့် ကြက်ခြေနီ စေတနာလုပ်အားရှင်များ၊ မြောက်ဦးမြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးရွှေသန်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်အေးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ပစ္စည်းအမျိုးအစား (၁၄) မျိုးပါဝင်သော မိသားစုအသုံးအဆောင်ပစ္စည်း (၆၆၃) ပုံး၊ အမျိုးအစား (၁၁) မျိုးပါဝင်သော အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်း (၆၆၃) အိတ်၊ ဆေးစိမ်ခြင်ထောင် (၆၆၃) လုံး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၆၆၃) ပုံး၊ စုစုပေါင်း ကာလတန်ဖိုး (၇၇,၈၇၄,၀၀၀) ကျပ်ခန့်ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

Read More

  14/ Mar/ 2021

မီးဘေးသင့် အိမ်ထောင်စုများအားမြန်မာနိုင်ငံကြက်ခြေနီအသင်းက အသုံးအဆောင် ပစ္စည်းများ ထောက်ပံ့

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်ရှိ မီးဘေးသင့် အိမ်ထောင်စု (၇)စုအတွက် လိုအပ်မည့် အသုံးအဆောင်ပစ္စည်းများဖြစ်သည့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ အမျိုးသမီး တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများနှင့် ရေပုံးများကို မြန်မာနိုင်ငံကြက်ခြေနီအသင်း ရခိုင်ပြည်နယ်ကြက်‌ခြေနီသူနာပြုတပ်ဖွဲ့ မှူး ဦးမြင့်ထွေး၊ စစ်တွေမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မှူး ဦးကျော်နိုင်ဦးတို့ ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များက မတ်လ (၁၄) ရက်က သွားရောက် ပေးအပ်ခဲ့ကြသည်။

Read More

  08/ Mar/ 2021

ကြက်ခြေနီက မြို့နယ်အသီးသီးတွင် ရွေ့လျားရှေးဦးပြုစုခြင်းစခန်းငယ်များ ဖွင့်လှစ်ကူညီ

ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ထိခိုက်ဒဏ်ရာရသူများကို ကူညီရန်အတွက် မြို့နယ်အသီးသီးတွင် ရွေ့လျားရှေးဦးပြုစုခြင်းစခန်းငယ်များ ဖွင့်လှစ်ကာ ထိခိုက်ဒဏ်ရာရရှိသည့် ပြည်သူများအား ကြက်ခြေနီ အခြေခံမူ(၇)ချက်နှင့်အညီ လူမှုကရုဏာအကူအညီများ ဆောင်ရွက်ပေးလျက်ရှိနေပါသည်။

Read More

  07/ Mar/ 2021

ကြက်ခြေနီက လူမှုကရုဏာအကူအညီများကို မည်သည့် အခြေအနေတွင်မဆို ကြက်ခြေနီအခြေခံမူ (၇) ချက်နှင့်အညီ ဆောင်ရွက်လျှက်ရှိ

ကြက်ခြေနီ စေတနာလုပ်အားရှင်များသည် နိုင်ငံတစ်ဝန်း အကူအညီလိုအပ်သူများအတွက် အကူအညီများ ပေးလျှက်ရှိပါသည်။
လှိုင်မြို့နယ်တွင် ၂၀၂၁ ခုနှစ် မတ်လ (၇) ရက်နေ့ (၀၀:၁၀) နာရီခန့်က အမျိုးသမီးတစ်ဦး ဝမ်းဗိုက်နာကျင်၍ ဆေးရုံသို့ ဆေးကုသမှုခံယူလိုကြောင်း လှိုင်မြို့နယ် ကြက်ခြေနီအသင်းခွဲသို့ ဖုန်းဆက်အကူအညီတောင်းခံလာသည့်အတွက်
လှိုင်မြို့နယ် ကြက်ခြေနီစေတနာလုပ်အားရှင်များက လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံတက်ရန် မလိုအပ်သဖြင့် (၀၁:၀၀) နာရီခန့် အချိန်တွင် ၎င်း၏နေအိမ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ပါသည်။
အလားတူ မြောက်ဥက္ကလာပမြို့နယ်တွင်လည်း ၂၀၂၁ ခုနှစ် မတ်လ (၇) ရက်နေ့ (၀၂:၀၀) နာရီခန့် အချိန်တွင် မြောက်ဥက္ကလာပမြို့နယ် လျှပ်စစ်ရုံးဝင်း (အဝိုင်းကြီး) ဝန်ထမ်းလိုင်းခန်းများ မီးလောင်မှုဖြစ်ပွါးကြောင်းသတင်းရရှိသဖြင့် မြောက်ဥက္ကလာပမြို့နယ်အသင်းခွဲမှ လိုအပ်သည့် ဆေးအကူအညီများ သွားရောက်ကူညီခဲ့ကြ‌ပါသည်။
ဒါ့အပြင် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် လက်တလော ထိခိုက်ဒဏ်ရာ ရသူများ၊ အရေးပေါ် အကူအညီလိုအပ်နေသူများအား ရှေးဦးပြစုခြင်းနှင့် ဆေးရုံဆေးခန်းသို့ ပို့ဆောင်ပေးခြင်းများကို အခြေခံမူ(၇)နှင့်အညီ ဆောင်ရွက်ပေးလျှက် ရှိနေပါသည်။

Read More

  05/ Mar/ 2021

လူတိုင်းအတွက်အမြဲကူညီ နေရာတိုင်းမှာကြက်ခြေနီ

မြန်မာနိုင်ငံကြက်‌ခြေနီအသင်းနှင့်အတူ လူသားချင်းစာနာထောက်ထားသည့် လုပ်ငန်းများကို အတူတကွ ပူးပေါင်း လုပ်ဆောင်နေသည့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၏ ထုတ်ပြန်ကြေငြာချက်ကို ထပ်ဆင့် မျှဝေအပ်ပါသည်။

Read More

  03/ Mar/ 2021

လူတိုင်းအတွက်အမြဲကူညီ နေရာတိုင်းမှာကြက်ခြေနီ

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် အခြေခံမူ(၇)ချက်နှင့်အညီ နိုင်ငံတစ်ဝှမ်း အကူအညီလိုအပ်သူများထံ လူမှုကရုဏာအကူအညီများပေးအပ် လျက်ရှိပါသည်။
မတ်လ (၃) ရက်နေ့ကလည်း နိုင်ငံတစ်ဝန်းရှိ မြို့နယ်များတွင် ကြက်ခြေနီ ရှေးဦးပြုစုခြင်းစခန်းများ ဖွင့်လှစ်ထားရှိပြီး ထိခိုက်ဒဏ်ရာရသူ မည်သူ့ကိုမဆို ရှေးဦးပြုစုပေးခြင်းနှင့် နီးစပ်ရာ ဆေးရုံ/ဆေးခန်းများသို့ ပို့ဆောင်ပေးခြင်းများကို အချိန်နှင့်တပြေးညီ ကူညီလုပ်ဆောင်ပေးခဲ့ပါသည်။
[supsystic-gallery id=9]

Read More

  06/ Jan/ 2021

ဖျားနာဆေးကုသခန်းတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များ ကူညီဆောင်ရွက်

ကျိုက်မရော၊ ဇန်နဝါရီလ ၆ ဇန်နဝါရီလ ၆ ရက်နေ့က ကျိုက်မရောမြို့နယ်မှ ဒုတိယတပ်ဖွဲ့မှူး ဦးမျိုးမင်းဦးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ဖျားနာဆေးကုသခန်းသို့ ဆေးကုသမှုခံယူရန်ရောက်ရှိလာသူများအား နေရာချထားပေးခြင်း၊ အမည်စာရင်းများမှတ်သားပေးခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ကူညီဆောင်ရွက်လျက်ရှိကြပါသည်။

Read More

  04/ Jan/ 2021

လှိုင်မြို့နယ် ကိုဗစ်-၁၉ရောဂါကုသရေးစင်တာတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကြက်ခြေနီစေတနာလုပ်အားရှင်များပြန်လည်ထွက်ခွာ

ရန်ကုန်၊ ဇန်နဝါရီ ၄ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ ကိုဗစ်-၁၉ရောဂါကုသရေးစင်တာတွင် ရောဂါကာကွယ်တုန့်ပြန်ရေးလုပ်ငန်းများအား ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြို့နယ်အသီးသီးမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၃၁) ဦးသည် ၂၀၂၁ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့တွင် နေရပ်သို့ပြန်လည်ထွက်ခွာခဲ့ကြပါသည်။ ကိုဗစ်-၁၉ရောဂါကာကွယ်တုန့်ပြန်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသော ကြက်ခြေနီစေတနာလုပ်အားရှင်များအား လှိုင်တက္ကသိုလ်ကုတင်(၅၀၀) ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာ တာဝန်ခံဒေါက်တာမိုးမိုးအေး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာဦးတင်ထွန်းအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်နှင့် အဖွဲ့အစည်းဆိုင်ရာဖွံဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာလင်းလင်းသက်တို့က ဂုဏ်ပြုနှုတ်ဆက်စကားများ ပြောကြားခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပါတယ်။ အဆိုပါအဖွဲ့သည် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့ကြခြင်းဖြစ်ပါသည်။

Read More