26/ Mar/ 2020

မွန်ပြည်နယ်တွင် ကြက်ခြေနီမှ COVID-19 ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါကာကွယ်ရေး ဆောင်ရွက်

မွန်ပြည်နယ်၊ မတ် ၂၆


၂၀၂၀ပြည့်နှစ် မတ်လ ၂၆ရက်နေ့တွင် သထုံခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယခရိုင်တပ်ဖွဲ့မှူး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၁၅)ဦးတို့သည် ကျိုက်ထိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ တို့နှင့် ပူးပေါင်းကာ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ရှိ ဈေးများနှင့် လူစည်ကားရာနေရာများတွင် COVID-19ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကာကွယ်ရေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ ပိုစတာနှင့် စတစ်ကာများ ကပ်ခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် လက်သန့်ဆေးရည်များ ဖြန့်‌ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အလားတူ ဘီးလင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၁၅)ဦးတို့သည် မြို့နယ်ကျန်းမာရေးဌာနနှင့် ပူးပေါင်းကာ ၂၀၂၀ပြည့်နှစ် မတ်လ၂၆ရက်နေ့ နံနက်(၉)နာရီခန့်က ဘီးလင်းမြို့နယ်ရှိ ဈေးများနှင့် လူစည်ကားရာနေရာများတွင် COVID-19ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဝေခြင်း၊ ပိုစတာများကပ်ခြင်း၊ စနစ်တကျလက်ဆေးနည်း သရုပ်ပြခြင်းနှင့် အသိပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  25/ Mar/ 2020

ချင်းပြည်နယ်တွင် ကြက်ခြေနီမှ COVID-19ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး ဆောင်ရွက်

ချင်းပြည်နယ်၊ မတ်လ ၂၅

၂၀၂၀ပြည့်နှစ် မတ်လ၂၅ရက်နေ့က ဟားခါးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဟားခါးမြို့အတွင်းရှိ ဈေးများနှင့် လူစည်ကားရာနေရာများတွင် COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ထန်တလန်မြို့အဝင်ဂိတ်တွင်လည်း ချင်းပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ တပ်ဖွဲ့မှူး ဦးကျုံဟူး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၅)ဦးတို့မှ COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျှက်ရှိပါသည်။

Read More

  20/ Mar/ 2020

ပဲခူးတိုင်းတွင် ကြက်ခြေနီမှ COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး ဆက်လက် ဆောင်ရွက်

ပဲခူးတိုင်း၊ မတ်လ ၂၀

ပဲခူးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ပဲခူးခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ပဲခူးမြို့နယ်ကြက်ခြေနီအသင်းခွဲ များမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနမှ ဝန်ထမ်းများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့များ နှင့်ပူးပေါင်းကာ ပဲခူးမြို့နယ်အတွင်းရှိ ဈေးများ၊ ကားဂိတ်များ၊ စက်ရုံများ၊ လူစည်ကားရာနေရာများတွင် ဘုရားဖူးလာပြည်သူများ၊ ခရီးသွားပြည်သူများအား COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ၊ စတေကာများ၊ ပိုစတာများဖြန့်ဝေခြင်း နှင့် လက်ကိုဆပ်ပြာဖြင့် စနစ်တကျ မကြာခဏဆေးကြောရန်နှင့် လက်သန့်စင်ဆေးရည်အသုံးပြုရန် တိုက်တွန်းခြင်းများကို ၂၀၂၀ပြည့်နှစ် မတ်လ ၂၀ရက်နေ့က ဆောင်ရွက်ခဲ့ကြသည်။

Read More

  20/ Mar/ 2020

ဧရာဝတီတိုင်းတွင် ကြက်ခြေနီမှ COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး ဆက်လက်ဆောင်ရွက်

ဧရာဝတီတိုင်း၊ မတ်လ ၂၀ ဟင်္သာတမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် လူမှုကူညီရေးအသင်းအဖွဲ့များနှင့်ပူးပေါင်းကာ ဈေးများ၊ ကားဂိတ်များ၊ ဘူတာ၊ တက္ကသိုလ်နှင့် လူစည်ကားရာနေရာများတွင် COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး လက်ကမ်းစာစောင်များ ပိုစတာများ စတစ်ကာများ ဖြန့်ဝေခြင်း၊ လက်ကိုစနစ်တကျ မကြာခဏဆေးကြောသန့်စင်ရန်တိုက်တွန်းနှိုးဆော်ခြင်း၊ လက်သန့်စင်ဆေးရည်အသုံးပြုစေခြင်း၊ အသိပညာပေးဟောပြောခြင်းများကို ၂၀၂၀ပြည့်နှစ် မတ်လ ၂၀ရက်နေ့က ဆောင်ရွက်ခဲ့ကြပါသည်။ အလားတူ ဧရာဝတီတိုင်းအတွင်းရှိ ဘိုကလေး၊ အင်္ဂပူ၊ ရေကြည်၊ ဝါးခယ်မ၊ ပုသိမ်၊ လပွတ္တာ အစရှိသည့် မြို့နယ်များတွင်လည်း သက်ဆိုင်ရာ မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် COVID-19အသိပညာပေးဟောပြောခြင်းများ၊ ရောဂါကာကွယ်ရေးဆောင်ရွက်ခြင်းများကို ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်းကာ ဈေးများ၊ ကျောင်းများ၊ ကားဂိတ်များနှင့် လူစည်ကားရာနေရာများတွင် ၂၀၂၀ပြည့်နှစ် မတ်လဆန်းမှစတင်ကာ ပါဝင်ဆောင်ရွက်လျှက်ရှိပါသည်။

Read More

  19/ Mar/ 2020

ကြက်ခြေနီမှ COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး ဆက်လက် ဆောင်ရွက်

လွိုင်ကော်၊ မတ်လ ၁၉

ကယားပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမျိုးတင့်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် လွိုင်ကော်လေဆိပ်တွင် ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း၊ COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းတို့ကို ၂၀၂၀ပြည့်နှစ် မတ်လ ၁၉ရက်နေ့မှစတင်ကာ ဆောင်ရွက်လျှက်ရှိပါသည်။

Read More

  16/ Mar/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ COVID-19ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး လုပ်ငန်းများကို နိုင်ငံတစ်ဝန်း ဆောင်ရွက်လျက်ရှိ

ရန်ကုန်၊ မတ်လ ၁၆

ပြည်နယ်၊တိုင်း၊ခရိုင်၊မြို့နယ် အသီးသီးရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် COVID-19ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေးလုပ်ငန်းများကို နိုင်ငံတစ်ဝန်းတွင်ဆောင်ရွက်လျက်ရှိပါသည်။

၂၀၂၀ပြည့်နှစ် မတ်လ ၁၃ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကျန်းမာရေးဌာန၏ ရပ်ရွာလူထု အခြေပြုကျန်းမာရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းပိုမိုမြင့်မားရေးစီမံကိန်းရုံးတွင် COVID-19ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ကြိုတင်ညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်းနှင့် သတင်းအချက်အလက်များဝေမျှခြင်း တို့ကို ပြုလုပ်ခဲ့ကြသည်။ အဆိုပါအစည်းအဝေးသို့ မြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင်များ၊ CBHR စီမံကိန်းဝန်ထမ်းများ၊ လူထုအခြေပြုဌက်ဖျားရောဂါကာကွယ်ရေးစီမံကိန်းမှ ဝန်ထမ်းများ၊ MSI အဖွဲ့မှ ကိုယ်စားလှယ်တစ်ဦး စုစုပေါင်း (၂၀)ဦး တက်ရောက်ဆွေးနွေးခဲ့ကြသည်။

၂၀၂၀ပြည့်နှစ် မတ်လ၁၅ရက်နေ့က တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၉)ဦးတို့သည် တနင်္သာရီမြို့ပေါ်ရှိ ရပ်ကွက်၊ ကျေးရွာများနှင့်လူစည်ကားရာနေရာများတွင် COVID-19ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး လက်ကမ်းစာစောင်များဝေခြင်း၊ ပိုစတာများကပ်ခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။
၂၀၂၀ပြည့်နှစ် မတ်လ၁၅ရက်နေ့တွင် ထားဝယ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါ ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှုများကို သပြေချောင်းတပ်နယ်ဈေး၊ ဇဟာကျေးရွာ၊ မောင်မယ်ရှောင်ကျေးရွာနှင့် အာဇာနည်လမ်း တို့တွင် ဆောင်ရွက်ခဲ့ကြပါသည်။

အလားတူ ၂၀၂၀ပြည့်နှစ် မတ်လ၁၅ရက်နေ့က ညောင်လေးပင်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဦးစိုးဝင်းနှင့် ဒုတိယတပ်ဖွဲ့မှူး ဒေါ်စန်းစန်းမော်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၁၀)ဦးသည် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်းကာ ညောင်လေးပင်မြို့နယ်အတွင်းရှိ လူစည်ကားရာ ဈေးများ၊ ဈေးပတ်ဝန်းကျင်ရှိ ဈေးသွားဈေးလာများ၊ အဝေးပြေးကားဂိတ်ရှိ ခရီးသွားများအား COVID-19ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။

ထို့ပြင်၂၀၂၀ပြည့်နှစ် မတ်လ၁၆ရက်နေ့က တောင်ကုတ်မြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုတိယတပ်ဖွဲ့မှူး ဦးရန်အောင်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်(၃)ဦးတို့သည် မြို့နယ်စီမံခန့်ခွဲရေးကော်မတီနှင့်အတူပူးပေါင်းကာ တောင်ကုတ်မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် နှာခေါင်းစည်းများဝေခြင်း၊ COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  15/ Mar/ 2020

ကြက်ခြေနီမှ COVID-19ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများကို ပူးပေါင်း ဆောင်ရွက်

လပွတ္တာ၊ မတ်လ ၁၅ ၂၀၂၀ပြည့်နှစ် မတ်လ၁၅ရက်နေ့က လပွတ္တာမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်စိုး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်(၇)ဦးတို့သည် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အခြားလူမှူရေးအသင်းအဖွဲ့များနှင့်ပူးပေါင်းကာ ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်ရှိ ရေပေါ်ဈေးသင်္ဘောဆိပ်၊ မင်းခွေတံတားသင်္ဘောဆိပ်၊ ရေပေါ်ဈေး၊ အမှတ်(၁)ရပ်ကွက်ဈေး၊ ကုန်းလေးဈေး၊ ကားဂိတ်များ၊ တည်းခိုခန်းများနှင့် လူစည်ကားရာနေရာများတွင် COVID-19ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဝေခြင်း၊ ပိုစတာနှင့် စတေကာများ ကပ်ခြင်း တို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

Read More