22/ Feb/ 2020

ကြက်ခြေနီမှ COVID-19 နိုဗယ်ကိုရိုနာဗိုင်းရပ်(စ်)အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ညောင်လေးပင်၊ ဖေဖေါ်ဝါရီ ၂၂ ပဲခူးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ညောင်လေးပင်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှုး ဦးစိုးဝင်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်(၁၀)ဦး တို့သည် ၂၀၂၀ပြည့်နှစ် ဖေဖေါ်ဝါရီ ၂၂ ရက် နံနက်(၉)နာရီက ညောင်လေးပင်မြို့နယ် မုက္ခမူကျေးရွာရှိ ရွာသူရွာသားများကို COVID-19 နိုဗယ်ကိုရိုနာဗိုင်းရပ်(စ်)အဆုတ်ရောင်ရောဂါ ရောဂါလက္ခဏာ များနှင့် ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောမှုများ ပြုလုပ်ခဲ့ပြီး ညောင်လေးပင်ရွှေကျင်ကားလမ်းမပေါ်ရှိ ခရီးသွားပြည်သူများအား ရောဂါကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။

Read More

  18/ Feb/ 2020

3rd information sharing on COVID-19 (English)

Read More

  15/ Feb/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ COVID-19 ဗိုင်းရပ်စ်အကြောင်းသိကောင်းစရာဆွေးနွေးပွဲပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၅

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကျန်းမာရေးဌာနမှ ပြုလုပ်သည့် COVID-19 ဗိုင်းရပ်စ် အကြောင်း သိကောင်းစရာ ဆွေးနွေးပွဲကို ၂၀၂ဝပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်၊ စုဝေးခန်းမတွင်ပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲသို့အသင်းဒုတိယဥက္ကဌဒေါက်တာဒေါ်အမယာမော်နိုင်၊ ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသီတာကြူ၊ ဒုတိယညွှန်ကြားရေးမှူးများဖြစ်ကြသော ဒေါက်တာနေထက်လင်းနှင့် ဒေါက်တာမျိုးမြင့်အောင်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးများ၊ ကြက်ခြေနီလူငယ်ခေါင်းဆောင်များတက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင်အသင်းဒုတိယဥက္ကဌက အမှာစကားပြောကြားခဲ့ပြီး ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး နှင့် ဒုတိယညွှန်ကြားရေးမှူးများက COVID-19 ဗိုင်းရပ်စ် အကြောင်း သိကောင်းစရာများနှင့် ကာကွယ်ရန်အချက်များကို ရှင်းလင်းဆွေးနွေးကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေးစာစောင်များကိုလည်း ပေးဝေခဲ့ပါသည်။

Read More

  14/ Feb/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်တွင် COVID19 ဗိုင်းရပ်စ်အသိပညာပေးဆွေးနွေးပွဲပြုလုပ်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်းပြုလုပ်သည့် COVID-19 ဗိုင်းရပ်စ် အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ အသင်းဌာနချုပ်၊ စုဝေးခန်းမတွင်ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲကိုပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး(တာဝန်) ဒေါက်တာသန်းနိုင်စိုးက COVID19 ဗိုင်းရပ်စ်နှင့် ပတ်သက်သော သိကောင်းစရာများကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအင်ကြင်းအောင်နှင့် လက်ထောက်ဆရာဝန် ဒေါက်တာထက်လင်းတို့က စနစ်တကျ လက်ဆေးနည်းကို သရုပ်ပြသရာ တက်ရောက်လာသူများက သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်နှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာ ဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အချိန်ပိုင်းအလုပ်အမှုဆောင်များ၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး(တာဝန်) ဒေါက်တာသန်းနိုင်စိုးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအင်ကြင်းအောင်နှင့် လက်ထောက်ဆရာဝန် ဒေါက်တာထက်လင်း၊ အသင်းဌာန အသီးသီးမှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးများ၊ ကြက်ခြေနီလူငယ်ခေါင်းဆောင်များနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ ကြပါသည်။ Credit to : လူမှုကရုဏာလုပ်ငန်းဆိုင်ရပြန်ကြားဆက်သွယ်ရေးဌာန #MRCS #COVID19 #Protection #HealthCare  

Read More

  14/ Feb/ 2020

ကြက်ခြေနီမှ 2019-nCoV Acute Respiratory Disease ရောဂါကာကွယ်နှိမ်နင်းရေးသင်တန်းကို ပြည်သူ့ကျန်းမာရေးဉီးစီးဌာနနှင့် ပူးပေါင်း ပြုလုပ်

မန္တလေး၊ ဖေဖော်ဝါရီ ၁၄

မြန်မာနိုင်ငံကြက်ခြေနီအသင်း မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ကြီးမှူးပြုလုပ်သော 2019-nCoV Acute Respiratory Disease ရောဂါကာကွယ်နှမ်နင်းရေးသင်တန်း (Infection control) ကို မန္တလေးတိုင်းကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ ၁၄ရက်နေ့ မနက်၁၀နာရီကကျင်းပခဲ့သည်။
အဆိုပါသင်တန်းကို မန္တလေးတိုင်းကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာသန်းသန်းမြင့်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မန္တလေးတိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဦးစီးမှူးဉီးသန်းထွန်း၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များတက်ရောက်ခဲ့ကြပြီး မန္တလေးတိုင်းကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာသန်းသန်းမြင့်မှ
အဖွင့်အမှာစကားပြောကြား၍ တိုင်းရောဂါနှိမ်နင်းရေးအဖွဲ့မှ ကူးစက်ရောဂါအကြောင်းသင်တန်းပို့ချပေးခဲ့ပါသည်။

Read More

  12/ Feb/ 2020

ကျောက်တံခါးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ COVID 19 ဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ရာတွင်ပါဝင်

ကျောက်တံခါး၊ ဖေဖော်ဝါရီလ ၁၂ မြန်မာနိုင်ငံကြက်ခြေနီအသင်း ပဲခူးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ကျောက်တံခါးမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌဦးကျော်ဝင်းအောင် နှင့်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးစန်းလွင် ဦးဆောင်သော ကြက်ခြေနီကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်၂၅ဦးတို့သည် ပြည်သူ့ကျန်းမာရေးဌာနနှင့်ပူးပေါင်း၍ ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျောက်တံခါး‌ဈေးနှင့် ကားဂိတ်များတွင် ဈေးသား/သူများ၊ဈေးဝယ်နေကြသောပြည်သူများနှင့် ခရီသွားပြည်သူများအား COVID 19 ဗိုင်းရပ်စ်ကူးစက်မှုကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း စသော ရောဂါကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

Read More

  11/ Feb/ 2020

ကြက်ခြေနီစကားဝိုင်းတွင် 2019-nCoV ကိုရိုနာအဆုတ်ရောင်ရောဂါပိုးကာကွယ်ရေးအသိပညာပေးပြုလုပ်

မုဒုံ၊ ဖေဖော်ဝါရီလ ၁၁

မြန်မာနိုင်ငံကြက်ခြေနီအသင်း မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကြက်ခြေနီစကားဝိုင်းပြုလုပ်ခဲ့ပါသည်။

အဆိုပါစကားဝိုင်းတွင် ကြက်ခြေနီအကြောင်းသိကောင်းစရာများ၊ ကြက်ခြေနီလှုပ်ရှားမှုများ၊ ကြက်ခြေနီအမှတ်အသားနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လူမှုကရုဏာလုပ်ငန်းများအကြောင်းကိုဆွေးနွေးခဲ့ပြီး လက်တလေဖြစ်ပေါ်နေသည့် 2019-nCoV ကိုရိုနာ အဆုတ်ရောင်ရောဂါပိုးကူးစက်မှုကိုလျော့ချနိုင်ရန်အတွက် စနစ်တကျလက်ဆေးခြင်းနှင့် သိမှတ်ဖွယ်ရာများကိုလည်း အသိပညာပေးဟောပြောခဲ့ပါသည်။

စကားဝိုင်းသို့ မြို့နယ်အသင်းခွဲအမှုဆောင်များ၊ မြို့နယ်ကြက်ခြေတပ်ဖွဲ့မှူးနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်(၁၁)ဦး၊ ရပ်ရွာ/လူထု (၅၂)ဦး တို့တက်ရောက်ခဲ့ကြပါသည်။

Read More

  09/ Feb/ 2020

ကန်ပိုက်တီ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးတွင် ကြက်ခြေနီ ပါဝင်ဆောင်ရွက်

ကန်ပိုက်တီ၊ ဖေဖော်ဝါရီလ ၉

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တီမြို့တွင် ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူးပြုလုပ်နေသည့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးတွင် ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု​ကော်မတီမှ ကြက်​ခြေနီ​စေတနာလုပ်အားရှင်များလည်း ပါဝင်ကူညီဆောင်ရွက်လျှက်ရှိပါသည်။

Read More

  07/ Feb/ 2020

ကြက်ခြေနီမှ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးလုပ်ငန်းများကို သာပေါင်းမြို့နယ်ရှိကျန်းမာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်

သာပေါင်း၊ ဖေဖော်ဝါရီလ ၇ မြန်မာနိုင်ငံကြက်ခြေနီ အသင်း၊ ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ သာပေါင်းမြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးကိုနိုင် ဉီးဆောင်သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် ၆ ဦးသည် သာပေါင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် သာပေါင်းမြို့ပေါ် လူစည်ကားရာ လမ်း၊ ကားဂိတ်၊ ဈေး တို့တွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်း စသော ရောဂါကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

Read More