12/ Mar/ 2020

ကြက်ခြေနီမှ အိမ်မဲမြို့တွင် COVID-19 ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်

အိမ်မဲ၊ မတ်လ ၁၂ရက် အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အိမ်မဲမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် လူမှုရေးအသင်းများနှင့်အတူ မြို့နယ်အတွင်း လူစည်ကားရာနေရာများတွင် COVID-19 ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ၂၀၂၀ ပြည့်နှစ် မတ်လ ၁၂ ရက်နေ့က လုပ်ဆောင်ခဲ့ကြသည်။

Read More

  12/ Mar/ 2020

ကရင်ပြည်နယ်တွင် ကြက်ခြေနီမှ COVID-19ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး ဆက်လက် ဆောင်ရွက်

ကရင်ပြည်နယ်၊ မတ်လ ၁၅

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၂ ရက်နေ့နှင့် ၁၄ ရက်နေ့များတွင် မို့နယ်ကြက်ခြေနီတပ်ခွဲမှူး ဦးကျော်သူရဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များမှ COVID-19 ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါကာကွယ်ရေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်းနှင့် အသိပညာပေးခြင်းတို့ကို အခြားမိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ မြို့မဈေး၊ နာရီစင်နှင့် နယ်စပ်ဂိတ်တို့တွင် ဆောင်ရွက်ခဲ့ကြသည်။ အလားတူ မတ်လ၁၅ရက်နေ့က ဘုရားသုံးဆူမြို့နယ်ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့မှူး ဦးမြင့်နိုင်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၄ဦးတို့မှ အဆိုပါမြို့ရှိ မြန်မာ-ထိုင်းနယ်စပ်ဂိတ်များတွင် ခရီးသွားများကို ကိုယ်အပူချိန်တိုင်းခြင်းနှင့် COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းကို ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

၂၀၂၀ပြည့်နှစ် မတ်လ ၁၅ရက်နေ့တွင် ကရင်ပြည်နယ်ရှိ လှိုင်းဘွဲ့မြို့နယ်ယာယီကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါက်တာမြင့်သိန်းထွန်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်(၂၂)ဦးတို့သည် COVID-19ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်း၊ လမ်းဆုံလမ်းဂွများတွင် အသိပညာပေးခြင်းတို့ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

Read More

  01/ Mar/ 2020

တောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ဟိုပုံး၊ မတ်လ ၁ရက်
တောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒေါ်နန်းလှိုင်လှိုင်ထွေးဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၂ဦးသည်
COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ၂၀၂၀ပြည့်နှစ် မတ်လ၁ရက်နေ့က ဟိုပုံးမြို့နယ်ထမ်းစန်းရွှေတိဂုံစေတီဝန်းကျင်နှင့် ထမ်းစန်းဂူတို့တွင် ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  01/ Mar/ 2020

ဖားကန့်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ဖားကန့်၊ မတ်လ ၁ ဖားကန့်မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးသန်းဇော်ကွန်းဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ မြို့မဈေးနှင့် လူစည်ကားရာနေရာများတွင် COVID-19 ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဝေခြင်းနှင့် ပိုစတာများကပ်ခြင်း အစရှိသည့် လုပ်ငန်းများကို ၂၀၂၀ပြည့်နှစ် မတ်လ ၁ ရက်နေ့က ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  27/ Feb/ 2020

မြင်းခြံမြို့နယ်တွင် ကြက်ခြေနီမှ COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

မြင်းခြံ၊ ဖေဖော်ဝါရီ ၂၇ မြင်းခြံခရိုင်ယာယီကြက်ခြေနီကြီးကြပ်ရေးအဖွဲ့ဥက္ကဌဦးတင့်လွင်နှင့် တပ်ဖွဲ့မှူးဉီးဇော်ဝင်းဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများနှင့် ပူးပေါင်းကာ မြင်းခြံဈေးနှင့် လူစည်ကားရာနေရာများတွင် ရောဂါ ကာကွယ်ရေးပိုစတာများကပ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း အစရှိသည့် ရောဂါကာကွယ်ရေးလုပ်ငန်းများကို ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ ၂၇ရက်နေ့က ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  25/ Feb/ 2020

4th information sharing on COVID-19 (English)

Read More