21/ Sep/ 2021

ရခိုင်ပြည်နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ လှုပ်ရှားဆောင်ရွက်မှုများ

၂၀၂၁ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မြောက်ဦးမြို့ရှိ တိုက်ပွဲရှောင်စခန်းများ၌ သွေးတိုး၊ ဆီးချို၊ သွေးချို‌ရောဂါ ကျန်းမာရေးအသိပညာပေးခြင်းကို ပြုလုပ်ခဲ့ကြပါသည်။
ထို့အတူ စက်တင်ဘာလ (၂၀)ရက်‌နေ့ကလည်း ပေါက်တောမြို့နယ်၊ ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် သဝင်ချောင်းကျေးရွာ၌ COVID-19 ရောဂါကျန်းမာရေးအသိပညာပေးခြင်းကို ပြုလုပ်ခဲ့ပြီး နှာခေါင်းစည်းများကို ပေးဝေခဲ့ကြပါသည်။
ထို့အပြင် ကျောက်တော်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကျောက်တော်မြို့ မဟာကံကြီးရှင်ဘုရားရှေ့ နှင့် ဂစ္ဆပသီရိအဝေးပြေးကားဂိတ်တို့တွင် ခရီးသွားပြည်သူများအား COVID-19 ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း(၅၀၀)ခုကို ပေးဝေပေးခဲ့ပြီး လက်သန့်ဆေးရည်ဖြင့် လက်သန့်စင်နိုင်ရန် ကူညီဆောင်ရွက်ခဲ့ကြပါသည်။

Read More

  19/ Sep/ 2021

နေပြည်တော်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ လှုပ်ရှားဆောင်ရွက်မှုများ

၂၀၂၁ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်နေ့ကပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် နေပြည်တော်ပြည်သူ့ဆေးရုံ ကုတင်(၁၀၀၀)တွင် ဆေးကုသမှုခံယူပြီးပြန်လည်သက်သာလာသော အမျိုးသား(၁)ဦးကို ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်သို့ ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ပါသည်။
ထို့အတူ ဇေယျာသီရိမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဇေယျာသီရိမြို့နယ်ပြည်သူ့ဆေးရုံကုတင် (၅၀)မှ အမျိုးသမီး(၁)ဦးကို နေပြည်တော်စည်ပင်ဧည့်ရိပ်သာ(၂) အသွားအလာကန့်သတ်စောင့်ကြည့်စခန်းသို့ ကရုဏာရှင်လူမှုကူညီရေးအသင်းမှလူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ပါသည်။
ထို့အပြင် ပျဥ်းမနားမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးတို့သည် ပျဥ်းမနားမြို့နယ် ၊ ဘောဂသီရိကား၀န်းအနီး မြို့ရှောင်လမ်းပေါ်၌ ဆိုင်ကယ်မတော်တဆမှုဖြစ်ပွားရာမှ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား(၁)ဦးအား ရှေးဦးပြုစုပေးပြီး ပျဥ်းမနားမြို့နယ်ပြည်သူ့ဆေးရုံကုတင်(၂၀၀)သို့ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ လူနာတင်ယာဥ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြပါသည်။
ဥတ္တရခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့အုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ တပ်ကုန်း၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိနှင့် ဇေယျာသီရိမြို့နယ်ကြက်ခြေနီအသင်းခွဲများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များ ပူးပေါင်းပြုလုပ်‌သော ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုခြင်း(ဆင့်ပွား) သင်တန်း အမှတ်စဉ်(၁-၂/၂၀၂၁) ကို ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး၌ ဖွင့်လှစ်ရာ မြို့နယ်များမှ သင်တန်းသား/သူ စုစုပေါင်း(၅၀)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကို စက်တင်ဘာလ(၁၈)ရက်နေ့မှ စက်တင်ဘာလ(၁၉)ရက်နေ့အထိ (၂)ရက်ကြာ ပြုလုပ်မည်ဖြစ်ပါသည်။

Read More

  19/ Sep/ 2021

မြဝတီတွင် နေရပ်ပြန်ရွှေ့ပြောင်းလုပ်သားများအား ကြက်ခြေနီကကူညီ

၂၀၂၁ခုနှစ် စက်တင်ဘာလ ၁၈ရက်နေ့က အမှတ်(၂) မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာသော ရွှေ့ပြောင်းမြန်မာအလုပ်သမားများအား မြဝတီမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်သွင်ဦးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၁၂)ဦးတို့က စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ နေရပ်အသီးသီးသို့ ပြန်လည်ရောက်ရှိနိုင်ရန်ညွှန်းပို့ကူညီပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။

Read More

  18/ Sep/ 2021

သရက်ချောင်းမြို့နယ် ပြင်းဖြူသားကျေးရွာတွင် ကြက်ခြေနီအသင်းခွဲငယ်ဖွဲ့စည်း

၂၀၂၁ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်နေ့ကတနင်္သာရီတိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှူး ဦးညီညီညီသိန်း နှင့် သရက်ချောင်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြတ်ကိုကိုတို့သည် သရက်ချောင်းမြို့နယ် ပြင်းဖြူသားကျေးရွာတွင် ကြက်ခြေနီအသင်းခွဲငယ်ကို ဖွဲ့စည်းပေးခဲ့ပြီး ကျေးရွာပြည်သူများမှ လှူဒါန်းသော ကြက်ခြေနီလူနာတင်ယာဥ်တစ်စီးကို ပေးအပ်ခဲ့ပါသည်။

Read More

  18/ Sep/ 2021

ကျောက်တံခါးမြို့နယ်ကြက်ခြေနီမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက အရေးပေါ်သွေးလိုအပ်နေသူလူနာများအား သွေးသန့်သွေးလှူဒါန်း

၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၁၈ရက်နေ့က ကျောက်တံခါးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့ဇီဝကဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိသောလူနာတစ်ဦးအရေးပေါ်လိုအပ်နေသော (A)သွေးတစ်လုံးအားလည်းကောင်း၊ မြို့ချောင်းတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိသောလူနာတစ်ဦး အရေးပေါ်လိုအပ်နေသော (O)သွေးတစ်လုံးအားလည်းကောင်း၊ စက်တင်ဘာလ (၁၉)ရက်နေ့က မြို့ချောင်းတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသော သွေးအားနည်းလူနာတစ်ဦးအတွက် အရေးပေါ်လိုအပ်နေသော (B)သွေးတစ်လုံးအားလည်းကောင်း အသီးသီးလှူဒါန်းပေးခဲ့ကြပါသည်။

Read More

  18/ Sep/ 2021

တနင်္သာရီတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ ကူညီဆောင်ရွက်မှုများ

၂၀၂၁ခုနှစ်၊ စက်တင်ဘာလ(၁၇)ရက်နေ့က ကော့သောင်းမြို့ မြို့မဆိပ်ခံတံတား၌ ကော့သောင်းခရိုင် ကြက်ခြေနီတပ်ဖွဲ့မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ထိုင်းနိုင်ငံ၌ ပြစ်ဒဏ်ကျခံပြီး ပြန်လည်ဝင်ရောက်လာသူ (၁၇၆)ဦးတို့အား စာရင်းပြုစုခြင်း၊ ပစ္စည်းများ ပိုးသတ်‌ဆေးဖျန်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကြိုဆိုလက်ခံခြင်း တို့ကို ဌာနဆိုင်ရာများနှင့်အတူ ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။
စက်တင်ဘာလ(၁၈)ရက်နေ့တွင် ထားဝယ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၃)ဦး တို့သည် ထားဝယ်မြို့ပြည်သူ့ဆေးရုံတွင် အရေးပေါ်သွေးလိုအပ်နေသည့်လူနာများအတွက် (A)သွေး(၁)လုံး၊ (B)သွေး(၁)လုံး၊ (O)သွေး(၁)လုံးတို့ကို လှူဒါန်းခဲ့ပါသည်။
ထို့အတူ ထားဝယ်မြို့နှင့် သရက်ချောင်းမြို့တို့မှဆေးရုံတက်/ဆင်း လူနာ(၉)ဦးတို့အား ဆေးရုံ/နေအိမ်များသို့ ထားဝယ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက မြို့နယ်ကြက်ခြေနီအသင်းခွဲမှ လူနာတင်ယာဥ်ဖြင့် စက်တင်ဘာလ(၁၈)ရက်နေ့နှင့် စက်တင်ဘာလ(၁၉)ရက်နေ့တို့တွင် ကူညီပို့ဆောင်ပေးခဲ့ကြပါသည်။
ထို့အပြင် မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ COVID-19 ကာကွယ်ဆေးထိုးရန်အတွက်
ရငဲတိုက်နယ်ကျန်းမာရေးဌာနသို့ သွားရောက်နိုင်ရန် သရက်ချောင်းမြို့နယ် ရငဲကျေးရွာ ကြက်ခြေနီအသင်းခွဲငယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက အကူအညီ ပေးခဲ့ကြပါသည်။
မြိတ်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ကြက်ခြေနီ‌စေတနာလုပ်အားရှင်များသည်လည်း ဇီဝိတစက္ခုဒါနသံဃာ့ဆေးရုံ COVID-19 ကုသရေးစင်တာ၌ (၁)လတာ ကူညီဆောင်ရွက်ခဲ့ပြီး စက်တင်ဘာလ(၁၆)ရက်နေ့မှ စတင်ကာ.ဆက်လက် ကူညီဆောင်ရွက်လျက်ရှိသည့်အပြင် မြန်မာနိုင်ငံဆရာဝန်အသင်း(မြိတ်)၊ ပရဟိတအသင်းများ၊ ကျန်းမာရေးဌာနတို့နှင့် ပူးပေါင်းပြီး အလယ်ကုန်းနှင့် မယင်းကျေးရွာများ၌ COVID-19 ရောဂါစစ်ဆေးခြင်း၊ အလယ်ကုန်းကျေးရွာရှိ isolated center၌ စစ်ဆေးကုသမှုပေးခြင်းတို့ကို ကူညီပေးခဲ့ပါသည်။ ပိုးတွေ့လူနာများအား စင်တာများသို့ လွှဲပို့ပေးကာ ဆပ်ပြာ
ရည်၊ နှာခေါင်းစည်း၊ မျက်နှာကာ၊ တစ်ခါသုံးလက်အိတ်တို့ကို isolated center သို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။

Read More