02/ Oct/ 2021

သွေးလိုအပ်သူလူနာအား ကြက်ခြေနီက သွေးသန့်သွေးလှူဒါန်း

စစ်တွေ၊ အောက်တိုဘာ ၁ရက်
၂၀၂၁ခုနှစ်၊စက်တင်ဘာလ ၃၀ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ထူးအထူးကုဆေးခန်းတွင် ဆေးကုသမှုခံယူနေသူလူနာတစ်ဦး အရေးပေါ်သွေးလိုအပ်သဖြင့် စစ်တွေမြို့နယ်ကြက်ခြေနီဒုတိယတပ်ဖွဲ့မှူး ဒေါ်စံကျော့ခိုင်မှ “O” သွေးတစ်လုံး သွားရောက်လှူဒါန်းပေးခဲ့ပါသည်။
အဆိုပါ သွေးလှူဒါန်းမှုသည် ဒေါ်စံကျော့ခိုင်၏ (၈)ကြိမ်မြောက် လှူဒါန်းမှုဖြစ်ကြောင်း သိရှိရပါသည်။

Read More

  02/ Oct/ 2021

နေပြည်တော်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ ကူညီဆောင်ရွက်မှုများ

၂၀၂၁ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ကြက်ခြေနီအသင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဇေယျာသီရိမြို့နယ်၌ ဆိုင်ကယ်မတော်တဆမှုကြောင့် ဦးခေါင်းဒဏ်ရာရလူနာ (၁)ဦးကို ရှေးဦးပြုစုပေးပြီး နေပြည်တော်ပြည်သူ့ဆေးရုံကြီးကုတင် (၁၀၀၀) သို့ ကရုဏာရှင် လူမှုကူညီရေးပရဟိတအသင်းလူနာတင်ယာဥ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ပါသည်။
ထို့အတူ ပုဗ္ဗသီရိမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည်လည်း ပုဗ္ဗသီရိမြို့နယ်၌ COVID-19ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ လိုအပ်သည်များကို နေ့စဥ်ကူညီပေးလျှက်ရှိပါသည်။
စက်တင်ဘာလ (၃၀) ရက်နေ့ကလည်း လယ်ဝေးမြို့နယ်ကုတင်(၁၀၀)ပြည်သူ့ဆေးရုံတွင် အစာအိမ်သွေးကြောပေါက်လူနာအတွက် အရေးပေါ်သွေးလိုအပ်နေကြောင်း အကူအညီတောင်းခံသဖြင့် နေပြည်တော်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက သွေးလှူရှင်ရှာ‌ဖွေပြီး နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ သွားရောက်ကာ အရေးပေါ်လိုအပ်နေသည့် (B)သွေး(၁)လုံးကို လှူဒါန်းနိုင်ရန် ကူညီခဲ့ပါသည်။

Read More

  02/ Oct/ 2021

မွန်ပြည်နယ်တွင် ကြက်ခြေနီစေတနာလုပ်အားရှင်များက လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

မွန်ပြည်နယ်၊ အောက်တိုဘာလ ၂ရက်
၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၃၀ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ဇာနည်ဘွားဆေးရုံတွင် ဆေးကုသမှုခံယူနေသော လူနာတစ်ဦး “B”သွေးတစ်လုံးအရေးပေါ်လိုအပ်သဖြင့် မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်တစ်ဦးကလည်းကောင်း၊ စက်တင်ဘာလ ၂၇ရက်နေ့က မော်လမြိုင်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော လူနာများအတွက် “AB”သွေးတစ်လုံး၊ “O”သွေး(၄)လုံး လိုအပ်သဖြင့် မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက သွားရောက်လှူဒါန်းပေးခဲ့ကြပါသည်။
ထို့ပြင် စက်တင်ဘာလ(၃၀)ရက်နေ့နံနက် ၆နာရီခန့်က အသက်(၇၁)နှစ်အရွယ် အမျိုးသမီးတစ်ဦး ရန်ကုန်တွင် ဆေးကုသရန်အတွက် မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက လူနာတင်ယာဉ်ဖြင့် ရန်ကုန်သို့ ပို့ဆောင်ပေးခဲ့ကြပါသည်။
အလားတူ စက်တင်ဘာလ (၃၀)ရက်နေ့က သံဖြူဇရပ်မြို့နယ်၊ ကျိုက်ခမီဆေးရုံတွင် ဆေးကုသမှုခံယူနေသော လူနာတစ်ဦးအား သံဖြူဇရပ်ဆေးရုံသို့ လွှဲပြောင်းပေးရန်လိုအပ်သဖြင့် ကျိုက်ခမီမြို့မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြပြီး စက်တင်ဘာလ (၂၉)ရက်နေ့က ဘီးလင်းမြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက နေပြည်တော်တွင် ဆေးကုသမှုခံယူခဲ့သောလူနာတစ်ဦးအား သွားရောက်ခေါ်ဆောင်ပြီး ဘီးလင်းမြို့သို့ ပို့ဆောင်ကူညီပေးခဲ့ကြပါသည်။

Read More

  01/ Oct/ 2021

မြန်မာနိုင်ငံကြက်ခြေနီအသင်း(MRCS)နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်‌ဒရေးရှင်း(IFRC)တို့ Partnership Review Talk ပြုလုပ်

ရန်ကုန်၊ စက်တင်ဘာလ (၃၀) ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်‌ဒရေးရှင်းတို့ ပူးပေါင်း၍ Partnership Review Talk ဆွေးနွေးပွဲကို ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ(၂၈)ရက်နေ့မှ (၃၀) ရက်
နေ့ထိ အွန်လိုင်းမှ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ပူးပေါင်း ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများ၊ ၂၀၂၁ ခုနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်
ငန်းများနှင့် နှစ်ဦးနှစ်ဖက် လိုက်နာ စောင့်ထိန်းရမည့် အခြေခံစံ သတ်မှတ်ချက်များအကြောင်းကို ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။
(၃) ရက်တာပြုလုပ်သည့် အဆိုပါဆွေးနွေးပွဲသို့ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်နှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာ ဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အချိန်ပိုင်းအလုပ်အမှုဆောင်များ၊ အထွေထွေအတွင်းရေးမှူး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး များနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ Asia Pacific Deputy Regional Director Ms. Gwen Pang နှင့် အတူ Myanmar Country Head Of Delegation Mr. Joy Singhal၊ ဝန်ထမ်းများ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

Read More

  01/ Oct/ 2021

အရေးပေါ်သွေးလိုအပ်သည့် လူနာအတွက် ဒဂုံမြို့သစ် (မြောက်ပိုင်း)မှ ကြက်ခြေနီစေတနာလုပ်အားရှင်က သွေးလှူဒါန်း

၂၀၂၁ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် မောင်အောင်မြင့်မြတ်သည် ပင်လုံဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေသည့် လူနာအတွက် အရေးပေါ် လိုအပ်လျက်ရှိသည့် (O)အမျိုးအစား သွေး (၁)လုံးကို လှူဒါန်းပေးခဲ့ပါသည်။

Read More

  29/ Sep/ 2021

စစ်တွေဘိုးဘွားရိပ်သာရှိ သက်ကြီးရွယ်အိုများအား ကူညီထောက်ပံ့ပေးခြင်းလုပ်ငန်းများကို ကြက်ခြေနီစေတနာလုပ်အားရှင်များက လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်

စစ်တွေ၊ စက်တင်ဘာ ၃၀
၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၂၉ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်တွေဘိုးဘွားရိပ်သာတွင် သက်ကြီးရွယ်အိုများအား အဝတ်အထည်၊ အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာအားပေးကူညီပေးခြင်းတို့ကို ဒေသတွင်းလူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြပါသည်။

Read More

  28/ Sep/ 2021

အရေးပေါ်မီးဖွားမည့် ကိုယ်ဝန်ဆောင်အား ကြက်ခြေနီက ဆေးရုံသို့ ကူညီပို့ဆောင်

၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၂၈ရက်နေ့ ည (၁၀)နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်မှ ကိုယ်ဝန်​ဆောင်အမျိုးသမီးတစ်ဦး အရေးပေါ် မီးဖွားရန်လိုအပ်သဖြင့် သုံးခွမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးက အသင်းခွဲပိုင်လူနာတင်ယာဥ်ဖြင့် သန်လျင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ကြပါသည်။

Read More

  22/ Sep/ 2021

မွန်ပြည်နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ ကူညီဆောင်ရွက်မှုများ

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့နှင့် စက်တင်ဘာလ (၁၈) ရက်နေ့တို့တွင် ရေးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးသည် ရေးမြို့နယ်ပြည်သူ့‌ဆေးရုံတွင် အရေးပေါ်သွေးလိုအပ်‌နေသည့် လူနာများအတွက် (O)သွေး(၁)လုံးနှင့် (B)သွေး(၁)လုံးတို့ကို လှူဒါန်းခဲ့ကြပါသည်။
ထို့အတူ စက်တင်ဘာလ(၁၇)ရက်နေ့နှင့် စက်တင်ဘာလ(၂၁)ရက်နေ့တို့တွင် ချောင်းဆုံမြို့နယ်၊ မုဒွန်းနှင့် ကမာမိုကျေးရွာများ၌ အခမဲ့ဆေးကုသရာတွင်လည်း ဆေးကုသရေးအဖွဲ့ နှင့်အတူ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီခဲ့ကြပါသည်။
ကျိုက်ခမီမြို့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော အမျိုးသား(၁)ဦးကို သံဖြူဇရပ်မြို့နယ်ဆေးရုံကြီးသို့ လည်းကောင်း၊ သံဖြူဇရပ်မြို့နယ်ရှိ ကျေးရွာများမှ COVID-19 အတည်ပြုလူနာများကို မြို့နယ်ရှိကုသရေးစင်တာများသို့လည်းကောင်း ကြက်ခြေနီစေတနာလုပ်အားရှင်များက ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် စက်တင်ဘာလ (၂၀) ရက်နေ့တွင် ကူညီပို့ဆောင်ပေးခဲ့ပါသည်။
ထို့အပြင် စက်တင်ဘာလ (၂၀)နှင့် (၂၁)ရက်နေ့တို့တွင် ဘီးလင်းမြို့နယ်ရှိ ကျေးရွာများ၌ COVID-19 ရောဂါစစ်ဆေးရာတွင်လည်း ကြက်ခြေနီစေတနာလုပ်အားရှင်များက ပါဝင်ကူညီဆောင်ရွက်ခဲ့ကြပါသည်။
ထို့အတူ ပေါင်မြို့နယ်ရှိ COVID-19ရောဂါအထူးကြပ်မတ်ကုသဆောင်တွင် လူနာများလိုအပ်ကို အကူအညီ‌ပေးခြင်းနှင့် ကုသဆောင်သန့်ရှင်း‌ရေးလုပ်ပေးခြင်းတို့ကို ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်ပေးလျှက်ရှိပါသည်။

Read More

  21/ Sep/ 2021

ရခိုင်ပြည်နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ လှုပ်ရှားဆောင်ရွက်မှုများ

၂၀၂၁ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မြောက်ဦးမြို့ရှိ တိုက်ပွဲရှောင်စခန်းများ၌ သွေးတိုး၊ ဆီးချို၊ သွေးချို‌ရောဂါ ကျန်းမာရေးအသိပညာပေးခြင်းကို ပြုလုပ်ခဲ့ကြပါသည်။
ထို့အတူ စက်တင်ဘာလ (၂၀)ရက်‌နေ့ကလည်း ပေါက်တောမြို့နယ်၊ ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် သဝင်ချောင်းကျေးရွာ၌ COVID-19 ရောဂါကျန်းမာရေးအသိပညာပေးခြင်းကို ပြုလုပ်ခဲ့ပြီး နှာခေါင်းစည်းများကို ပေးဝေခဲ့ကြပါသည်။
ထို့အပြင် ကျောက်တော်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကျောက်တော်မြို့ မဟာကံကြီးရှင်ဘုရားရှေ့ နှင့် ဂစ္ဆပသီရိအဝေးပြေးကားဂိတ်တို့တွင် ခရီးသွားပြည်သူများအား COVID-19 ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း(၅၀၀)ခုကို ပေးဝေပေးခဲ့ပြီး လက်သန့်ဆေးရည်ဖြင့် လက်သန့်စင်နိုင်ရန် ကူညီဆောင်ရွက်ခဲ့ကြပါသည်။

Read More