16/ Aug/ 2021

#COVID19 #StaySafe

ကိုဗစ်-၁၉ ရောဂါပိုးဟာ ကလေးတွေကိုလည်း ကူးစက်နိုင်ပါတယ်။
ကလေးတွေကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းမခံရအောင် မိဘအုပ်ထိန်းသူများက ပိုမိုဂရုစိုက်စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။
ရောဂါပိုးနဲ့ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို ကလေးများနားလည်အောင် အသိပေးပြောပြထားရမယ်။

Read More

  15/ Aug/ 2021

#COVID19 #StaySafe

သင်ကာကွယ်ဆေးအပြည့်ထိုးပြီးသည့်တိုင် သင့်ပတ်ဝန်းကျင်ကို ရောဂါပိုးမကူးအောင်နေပါ။
နှာခေါင်းစည်းအမြဲဝတ်ဆင်ပါ။

Read More

  13/ Aug/ 2021

အသွားအလာကန့်သတ်ထားသော အိမ်ထောင်စုများအား ဆန်များ ကြက်ခြေနီက ကူညီထောက်ပံ့

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်ရှိ ကိုဗစ်-၁၉ရောဂါကြောင့် အသွားအလာကန့်သတ်ထားသော အိမ်များနှင့် စားဝတ်နေရေးအခက်အခဲရှိသောအိမ်များ စုစုပေါင်းအိမ်ခြေ (၄၀) အတွက် ဆန်များကို ကြက်ခြေနီစေတနာလုပ်အားရှင်များက သွားရောက်ကူညီထောက်ပံ့ခဲ့ကြပါသည်။
ထိုသို့ထောက်ပံ့ရာတွင် အလှူရှင်အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးလှထွန်း+(ဒေါ်တင်လှ) (ကိုလှထွန်းငြုပ်သီးမှုန့်) မိသားစုလှူဒါန်းထားသည့်ဆန်များကို အိမ်ထောင်စု (၁) စုအတွက် ဆန် (၆) ပြည်နှုန်းဖြင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက အိမ်တိုင်ရာရောက်ကူညီထောက်ပံ့ပေးခဲ့ကြပါသည်။

Read More

  13/ Aug/ 2021

တနင်္သာရီတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ လှုပ်ရှားဆောင်ရွက်မှုများ

၂၀၂၁ခုနှစ်၊ ဩဂုတ်လ(၁၃)ရက်နေ့ ညပိုင်းက လောင်းလုံးမြို့နယ် ကဘူကျေးရွာတွင် အသက်ရှူကြပ်သော လူနာအားလည်းကောင်း၊ ထားဝယ်မြို့နယ်အိုးလုပ်အနောက်ရပ်တွင် ဆေးမှားသောက်မိသော လူနာအားလည်းကောင်း ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြပါသည်။
ထို့အတူ ဩဂုတ်လ(၁၄)ရက်နေ့ကလည်း ထားဝယ်မြို့၌ သတိလစ်နေသော လူနာ(၁)ဦးကို ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြပြီး ဘုမ္မော်ရပ် နှင့် တလိုင်းမရပ်တို့တွင် ရောဂါပိုးတွေ့လူနာနေအိမ်(၂)လုံးနှင့် ပတ်ဝန်းကျင်အား ပိုးသတ်ဆေးဖြန်းပြီး ကူညီပေးခဲ့ပါသည်။
တနင်္သာရီမြို့နယ်တွင် မြို့အဝင်ရှိ ရောဂါထိန်းချုပ်စစ်ဆေးရေးဂိတ်နှင့် မြို့ပေါ်ရှိကုသရေးစင်တာ(၄)ခုတွင် လူနာများအား သွေးပေါင်ချိန်ပေးခြင်း၊ အဖျားတိုင်းပေးခြင်း၊ အောင်ဆီဂျင်အကူအညီ‌‌ပေးခြင်းနှင့် ပိုးသန့်ဆေးဖြန်းပေးခြင်း၊ အစားအစာ၊ဆေး၀ါးများပို့ဆောင်‌ပေးခြင်း၊ ပိုးတွေ့လူနာပို့ဆောင်ပေးခြင်းတို့အပြင် ရောဂါကြောင့်ကွယ်လွန်သူကိုစနစ်တကျ သယ်ယူပို့ဆောင်‌‌သဂြိုလ်ပေးခြင်းစသည်တို့ကို အကူအညီ‌ပေးနေကြပါသည်။
ထို့အတူ မြိတ်မြို့ရှိ ဖျားနာအခမဲ့ဆေးကုခန်းနှင့်သံဃာဆေးရုံကုသရေးစင်တာတို့တွင် ကြက်ခြေနီစေတနာလုပ်အားရှင်များကနေ့စဉ်ကူညီဆောင်ရွက်ပေးလျှက်ရှိရာ မြိတ်မြို့ရှိ ကျောင်းကြက်ခြေနီအသင်းဝင်များ ပူးပေါင်း ပါဝင် ကူညီပေးလျှက်ရှိပါသည်။

Read More

  12/ Aug/ 2021

မိုးကုတ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းကမ်းပါးတိုက်စားမှုကြောင့် နေအိမ်ရွေ့ပြောင်းသူများကို ကြက်ခြေနီကူညီ

မိုးကုတ်၊ ၂၀၂၁ခုနှစ်၊ ဩဂုတ်လ(၁၂)ရက်
၂၀၂၁ခုနှစ်၊ ဩဂုတ်လ(၁၂)ရက်နေ့က မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေနီချောင်း ကမ်းပါးတိုက်စားမှုကြောင့် ဆက်လက်နေထိုင်ရန်အန္တရာယ်ရှိ‌ေသာ ချောင်းအနီးရှိ နေအိမ်(၂)လုံးမှ မိသားစုများပြောင်းရွှေ့ရာတွင် မိုးကုတ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ပါဝင်ကူညီဆောင်ရွက်ခဲ့ကြပါသည်။
ထို့အပြင် မြို့မအပိုင်း(၄)တွင်လည်း မြေပြိုပြီး နေအိမ်ပြိုကျခဲ့ရာ နေအိမ်အတွင်းနေထိုင်သူများ အနက်(၆)ဦးကို ကူညီကယ်ဆယ်‌ေပးခဲ့ပြီး သေဆုံးသူ(၁)ဦး၏ ရုပ်အလောင်းကို ဆေးရုံပို့ဆောင်ရာတွင်လည်း ကူညီခဲ့ကြပါသည်။

Read More

  04/ Aug/ 2021

ကျိုက်မရောမြို့နယ်မှ ရေဘေးသင့်အိမ်ထောင်စုများအတွက် ဆန်နှင့် ရေသန့်များ ကြက်ခြေနီထောက်ပံ့

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၃) ရက်
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကွာငန်းကျေးရွာမှ ရေဘေးသင့်အိမ်ထောင်စုများအတွက် ဆန်အိတ် (၃၅)အိတ်နှင့် ရေသန့် (၃၅၀)ကဒ်တို့ကို ကျိုက်မရောမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းထောက်ပံ့ပေးခဲ့ပါသည်။

Read More