07/ May/ 2021

ဦးခေါင်းထိခိုက်ဒဏ်ရာရသူကို ကြက်ခြေနီက ရှေးဦးပြုစုပေးပြီး ဆေးရုံသို့ကူညီပို့ဆောင်

၂၀၂၁ခုနှစ်၊ မေလ (၇)ရက်နေ့ ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် လှိုင်မြစ်လမ်း၌ ဆိုင်ကယ်တိုက်မှုဖြစ်ပွားခဲ့ပြီး ဦး‌ခေါင်းထိခိုက်ဒဏ်ရာရသူတစ်ဦးအား မြို့နယ်ကြက်ခြေနီအသင်းခွဲမှကြက်ခြေနီစေတနာလုပ်အားရှင်များက ရှေးဦးပြုစုပေးပြီး အသင်းခွဲမှကြက်ခြေနီလူနာတင်ယာဉ်ဖြင့်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါတယ်။

Read More

  07/ May/ 2021

ယာဥ်မတော်တဆမူဖြစ်ပွားရာမှ ထိခိုက်ဒဏ်ရာရသူအား ကြက်ခြေနီက ရှေးဦးပြုစု

၂၀၂၁ခုနှစ်၊ မေလ(၇)နေ့ ညပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ကရပ်ပြင်မီးပွိုင့်လမ်းဆုံ၌ ယာဥ်မတော်တဆမှုဖြစ်ပွားရာမှ ထိခိုက်ဒဏ်ရာရသူအား ထားဝယ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရှေးဦးပြုစုပေးခဲ့ပြီး
ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါတယ်။

Read More

  06/ May/ 2021

မအူပင်တွင် လေပြင်းတိုက်ခတ်ခြင်းကြောင့် ထိခိုက်ခံစားရသူများကို ကြက်ခြေနီက ပစ္စည်းများ ထောက်ပံ့ကူညီ

၂၀၂၁ခုနှစ်၊ မေလ(၆)ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်ခြင်းကြောင့် မြို့နယ်အတွင်းရှိကျေးရွာများမှ နေအိမ်(၁)လုံး ပျက်ဆီးခဲ့ရာ ထိခိုက်ခံစားရသော ပိန်းချောင်းကျေးရွာမှ အိမ်ထောင်စု(၅)စု၊ အိမ်ယာကြီးကျေးရွာမှ အိမ်ထောင်စု(၁)စု၊ ကံကုန်းကျေးရွာမှ အိမ်ထောင်စု(၁)စု၊ လေးအိမ်စုကျေးရွာမှ အိမ်ထောင်စု(၁)စု၊ နက်စဉ်ကျေးရွာမှ အိမ်ထောင်စု(၁)စု၊ တလုပ်လပ်နောက်ကျေးရွာမှ အိမ်ထောင်စု(၁)စု စုစုပေါင်းအိမ်ထောင်စု(၁၀)စုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သော တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁၀)စုံနှင့် တာပေါ်လင်(၁၀)ခုတို့ကို မအူပင်မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၁၀)ဦးတို့က မေလ(၁၁)ရက်နေ့တွင် သွား
ရောက် ထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။

Read More

  06/ May/ 2021

ဥတ္တရသီရိ၌ လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ခံစားရသူများကို ကြက်ခြေနီက ပစ္စည်းများ ထောက်ပံ့ကူညီ

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရီမြို့နယ် သရက်တော‌‌ေကျးရွာတွင် ၂၀၂၁ခုနှစ်၊ မေလ(၆)ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ခံစားရသည့် အိမ်ထောင်စု (၃၀)စု အတွက်မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့သော တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၃၀)စုံနှင့် တာပေါ်လင်စ(၄)ခုကိုနေပြည်တော် ဒုတိယတိုင်းကြက်‌ေခြနီတပ်ဖွဲ့မှူး ဦးစိုးလင်းဦးနှင့် ကြက်ခြေနီစေတနလုပ်အားရှင်များက မေလ(၁၂)ရက်နေ့မှာ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့‌ပါတယ်။

Read More

  06/ May/ 2021

လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသော‌ နေအိမ်အား ကြက်ခြေနီက ယာယီအမိုးအကာ ပြုလုပ်ပေး

၂၀၂၁ခုနှစ်၊ မေလ (၆)ရက်နေ့က မွန်ပြည်နယ်ပေါင်မြို့နယ်၊ ဖြူဘကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသော‌နေအိမ်အား မြိုနယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ယာယီအမိုးအကာ ပြုလုပ်ပေးခဲ့ကြတယ်။

Read More

  05/ May/ 2021

ယာဉ်မတော်တဆတိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးအား ရှေးဦးပြုစုပေးကာ ဆေးရုံသို့ ကူညီပို့ဆောင်

၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်ရှိ ပါဋိကွေ့မီးပွိုင့်အနီးတွင် ၁၀ဘီးကား ၁စီး မတော်တဆတိမ်းမှောက်မှုကြောင့် ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့သည့်အမျိုးသား (၁) ဦးအား ပျဉ်းမနားမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန်းနိုင်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင် (၄) ဦးတို့က ရှေးဦးပြုစုပေးကာ ပြည်သူ့ဆေးရုံ(ကုတင်-၁၀၀၀) သို့ ပို့ဆောင်ပေးခဲ့ကြပါသည်။

Read More

  05/ May/ 2021

ကမ္ဘာ့ကြက်ခြေနီနေ့

၂၀၂၁ ခုနှစ်၊ မေလ ၈ ရက်နေ့။
မရပ်မနားရှေ့ဆက်သွား၊ ကြက်ခြေနီရဲ့ စုပေါင်းအား။
Together we are Unstoppable.
“ခက်ခဲအကြမ်းတမ်းဆုံးနေ့ရက်တွေမှာတောင်
ကျွန်ုပ်တို့ အတူတကွ ရှိနေမှာဖြစ်တဲ့အတွက် ကျွန်ုပ်တို့ကို သတိရလိုက်ပါ။”

Read More

  04/ May/ 2021

ပေါင်ရိုးကျိုးသည့် အဖွားအိုအား ဆေးရုံသို့ကြက်ခြေနီလူနာတင်ယာဉ်နဲ့ ကူညီပို့ပေး

၂၀၂၁ခုနှစ်၊ မေလ(၄)ရက်နေ့ နေ့လည်ပိုင်းတွင်အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်မှ ပေါင်ရိုးကျိုး အဖွားအိုတစ်ဦးနှင့် အောင်ဆန်းရပ်ကွက်မှ ဆေးရုံရက်ချိန်းပြမည့် လေဖြန်း အမျိုးသားလူနာတစ်ဦးတို့အား အင်းစိန်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကြက်ခြေနီလူနာတင်ယာဥ်ဖြင့် ဆေးရုံသို့ ကူညီပို့‌ဆောင်ပေးခဲ့ကြပါတယ်။

Read More

  04/ May/ 2021

ကမ္ဘာ့ကြက်ခြေနီနေ့

၂၀၂၁ ခုနှစ်၊ မေလ ၈ ရက်နေ့။
မရပ်မနားရှေ့ဆက်သွား၊ ကြက်ခြေနီရဲ့ စုပေါင်းအား။
Together we are Unstoppable.
“ခက်ခဲအကြမ်းတမ်းဆုံးနေ့ရက်တွေမှာတောင်
ကျွန်ုပ်တို့ အတူတကွ ရှိနေမှာဖြစ်တဲ့အတွက် ကျွန်ုပ်တို့ကို သတိရလိုက်ပါ။”

Read More